
ဖာသာရ် Aloysius Nay Myo Swe (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ (၁၄)ကြိမ်မြောက် အင်္ဂါနေ့ဩဝါဒ ၈၊ ၇၊ ၂၀၂၅



ဇူလိုင်လ ၂၆ ရက်နေ့မိဘများပွဲနေ့ အမှတ်တရအနေဖြင့် ဒီနှစ်မှာတော့ “အဝေးရောက်သားသမီးများ၏ ရင်တွင်းစကားသံများ” အစီအစဉ်ကို တင်ဆက်ပေးဖို့ရညရွယ်ထားပါတယ်။ ထိုကြောင့်ဤအစီအစဉ်၌ လက်ရှိမှာ မိဘနဲ့အတူမရှိပဲ အဝေးမှာ ပညာသင်နေ၊ အလုပ်လုပ်ကိုင်နေသော သားသမီး များအားလုံးအားလုံးအတွက် ရည်ရွယ်ပြီး တင်ဆက်ရခြင်းဖြစ်ပါသည်။ ပါဝင်လိုသူများ အနေဖြင့်တစ်မိနစ်စာ ဗွီဒီယိုဖိုင်ဖြင့် မိမိ၏ မိဘများထံ ဆုတောင်းပေးတာဖြစ်ဖြစ်၊ ရင်တွင်းစကားဖြစ်ဖြစ် ပြောပြီးပို့ပေးရ မှာ ဖြစ်ပါသည်။ ဗွီဒီယိုကြာချိန်ကို အများဆုံး တစ်မိနစ်သတ်မှတ်ထားပါတယ်။ ဖုန်းဖြင့်ရိုက်ပါက အလျားလိုက်ထားပြီး ရိုက်ပို့ပေးရမည်။ အသံသေချာကြားနိုင် တဲ့နေရာမှာ အဆင်ပြေသလိုရိုက်နိုင်ပါသည်။ ပါဝင်မည်ဆိုပါက ပေးပို့သူနာမည်၊…
အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် နေ့ခင်းမေတ္တာ (အန်ဂျေလူး) ရွတ်ဆိုခြင်းတွင် ရဟန်း မင်းကြီးလီယို ၁၄ က ကြွရောက်လာသည့်ဘုရားဖူးသူတော်စင်များအား ကျွန်တော်တို့အားလုံးသည် သာသနာပြုခြင်းလုပ်ငန်းမှာခေါ်ဆောင်ခံရသူများဖြစ်သည် ဆိုသည့်အချက်ကိုအခြေခံပြီး သာမန်ယုံ ကြည်သူများအဆင့်မှ မိမိတို့၏နေ့စဉ်အသက်တာမှာဆက်ကပ်သက် သေခံသူများဖြစ်နိုင်ကြရန် တိုက် တွန်းခဲ့ပါသည်။ ဇူလိုင်လ၆ရက်နေ့ တနင်္ဂနွေနေ့လူထုတွေ့ဆုံခြင်းမှာ ရှင်လုကာ၏ဧဝံ ဂေလိကျမ်းကို အခြေခံပြီး သာသနာတော်သည်သာသနာပြုခြင်းအသက်တာဖြစ်ကြောင်း ထောက်ရှု ဝေမျှခဲ့ပါသည်။ တမန်တော်ဝတ္ထုကျမ်းမှာပါရှိသည့် တမန်တော်ကြီး၇၂ပါးကို ခရစ်တော်စေလွှတ်ခဲ့သည့် အချက်ကို အခြေခံပြီး ဧဝံဂေလိတရားတော်၏မျှော်လင့်ချက်သည် လူမျိုးအားလုံးအတွက် ရည်ရွယ်ခြင်း ဖြစ် ကြောင်း၊ ရိတ်သိမ်းစရာများစွာရှိ၏၊ လုပ်ဆောင်သောသူတို့မူကနည်းကြ၏ ဟူသောကြမ်းချက်…

ဒီကနေ့ထောက်ရှုရမယ်ကျမ်းချက်အနေနဲ့ရှင်မာတေးဦး ၉း၁၈-၂၆ထိဖြစ်ပါတယ်။ ကြားနာခဲ့ကြရတဲ့ကျမ်းချက်ထဲမှာလူပုဂ္ဂိုလ်နှစ်ယောက်ရဲ့ယုံကြည်ခြင်ကကြောင်ကိုတော့ရှုရမှာဖြစ်ပါတယ်။ ပထမတစ်ယောက်အနေနဲ့အရာရှိရဲ့အကြောင်း အရာရှိကသူ့ရဲ့သမီးကတော့ကွယ်လွန်သွားပြီဖြစ်တယ်။ ဒါပေမယ့်လို့ပြောတယ်ကျမ်းချက်ကလေးကကျနော့်၏သမီးတွေယခုပင်သေဆုံးသွားပြီ။ သို့သော်ကြွလာတော်မူ၍သူမ၏အပေါ်သို့ကိုယ်တော်၏လက်တော်ကိုတင်တော်မူလျှင်တူမ၏အသက်ပြန်ရှင်းလာပါလိမ့်မည်။ သူပြောတဲ့အထဲမှာသေသွားပြီလို့ပြောပြီးစားမယ်။ ဒါပေမယ့်လို့ကိုယ်တော်သာလျှင်လက်တော်ကိုလာပြီတော်တင်မယ်ဆိုရင်တော့သူ့ရဲ့သမီးတွေအသက်ပြန်ရှင်ပဲလို့အဲဒီအရာရှိရဲ့ယုံကြည်ခြင်းသည်သူ့ဆီမှာရှိတယ်ဆိုတဲ့အကြောင်းတွေကိုကြားနာရမှာဖြစ်ပါတယ်။ အရာရှိအနောက်ကိုသခင်ယေဇူးဟာလိုက်သွားတဲ့အချိန်မှာလမ်းမှာ၁၂နှစ်ပတ်လုံးသွေးသွန်နာ့စွဲနေတဲ့အမျိုးသမီးတစ်ယောက်ကကိုယ်တော်အနားကိုချဉ်းကပ်ပြီးမှသခင်ယေဇူးရဲ့ဝတ်ရုံတော်နားစလေးကိုတို့ထိရုံမျှဖြင့်ငါ့ရဲ့ရောဂါဝေဒနာပျောက်မယ်ဆိုတဲ့သွေးသွန်နာ့စွဲနေတဲ့အမျိုးသမီးရဲ့ယုံကြည်ခြင်းကိုလည်းကျနုပ်တို့ဒီကနေ့ကြားသိကြရမှာဖြစ်ပါတယ်။ ရောဂါပျောက်ပါစေလို့ဆုတောင်းဆရာတောင်မလိုပါဘူး။ သူမကတော့အဲဒီဝတ်ရုံတော်ကိုထိရုံဖြင့်သူမရောဂါပျေက်ကင်းမည်ဟုယုံကြည်ခြင်းရှိတာကိုတွေ့ရပါတယ်။ ဒီကနေ့ အက်ဒီနှစ်ယောက်ရဲ့ယုံကြည်ခြင်းနဲ့ကျမ်းချက်ကလေးကိုကြားနာရပါတယ်။ ဒါကြောင်းယုံကြည်ခြင်းဆိုတာဘာလဲ။ ကျမ်းစာထဲမှာအနက်အဓိပ္ပါယ်ဖွင့်ထားတာကိုပြန်ကြည့်မယ်ဆိုရင်တော့ဟေဗြေသြဝါဒစားး၁၁:၁မှာယုံကြည်ခြင်းသည်မျှော်လင့်သောအရာများကိုစိတ်ချစွာစောင့်မျှော်ခြင်းသည် မမြင်ရသော်လည်းအမှန်တည်ရှိသောအရာတို့၏ထင်ရှားသောသတ်သေဖြစ်၏။ ဒါကဟေဗြေသြဝါဒစာမှာသူသုံးထားတာတွေ့ရပါတယ်။

ဒီကနေ့ဖတ်ရတဲ့ ရှင်လုကား ၁၀◌း၁-၉မှာယေဇူးခရစ်တော်သည်အခြားသောတပြည့်တ်ေ၇၀တို့ရွေးကောက်ပြီလျှင် ကိုယ်တော်တိုင်ကြွရောက်မည်မြို့ရွာအသီသီသို့ ၂ပါးစီကြိုတင်စေလွတ်တော်မူ၏တဲ့ ရှင်လုကားအခန်းကြီ၉ မှာလည်းတပြည့်တော်ကြီးတစ်ဆယ်နှစ်ပါးကို တရားဟောဖို့စေလွတ်တော်မူတဲ့အကြောင်းသိရပါတယ်။ ဒါကြောင့်သသာနပြုဖို့၊တရားဟောဖို့ဆိုတာကတပြည့်တော်ကြီတစ်ဆယ်နှစ်အပြင်တခြားသောအပါး၇၀ လည်းတာဝန်ရှိကြသလို ယနေ့အသင်းတော်ထဲ့မှာလည်း သသာနပြုဖို့၊ တရားဟောဖို့ဆိုတာကရဟန်း၊ သီလှရှင်၊ ဓမ္မဆရာတွေအပြင်ဘာသာတူတွေမှာလည်းတာဝန်ရှိကြပါတယ်။ ဘာကြောင့်ဝမ်းမြောက်စရာသိတင်းကောင်းကိုဟောပြောရမှာလည်း။ ဘာကြောင့်ဟောပြောရမှာလည်းဆိုတော့ဝမ်းမြောက်ဖယ်ရသိတင်းဖြစ်နေ့လိုပါပဲ့။ ဝမ်းမြောက်ဖယ်ရာသိတင်းဖြစ်တယ်ဆိုရင်တော့ မပြောပြပဲဖုံးဖီထားလို့မရပါဘူး။ ကြည့်ပါလာ အနူရောဂါသည်တစ်ယောက်သခင်ယေဇူးကသူကိုရောဂါပြောက်ကင်စေလိုက်ပြီး ငါမင်းကိုကူသပေးတယ်ဆိုတာဘယ်သူကိုမှမပြောနဲ့လိုမှာလိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီလူကအနူရောဂါပြောက်ကင်သွားတာကို ဝမ်းသာလွန်းလို့ သူရောဂါပြောက်ကင်းသွားကြောင်း ဘယ်သူကတန်ခိုးတော်နဲ့ပြောက်ကင်စေကြောင်း လည့်လယ်ပြောတော့တာပဲမပြောပဲမနေနိုင်ဘူး။ ရှင်ပေါလ်လူနဲ့ တမန်တော်တွေလို့ပေါ ဒါပေမဲ့ဘုရားနဲ့အက်ဒီလို မထိတွေ့ကြနဲ့သူတွေကတော့ဝမ်းလည်းဝမ်းမသာနိုင်ဘူး ပြောချင်စိတ်လည်းမရှိကြပါဘူး။

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့… “လွယ်လွယ်လေး”ဆိုတဲ့အကြောင်းအရာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားအများစုဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာမှာ စိတ်ဝင်စားကြပါတယ်။ သို့သော် ထိုအများစုကပဲ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရတာ ခက်ခဲတယ်လို့ ထင်မြင်ကြပါတယ်။ လူအချို့ကြတော့လည်း ကိုယ်တိုင်လက်တွေ့မလုပ်နိုင်တဲ့အရာ၊ အာရုံစိုက်အချိန်ပေးလုပ်ရတဲ့အရာပဲဖြစ်တယ်လို့ ထင်မြင်ကြပါတယ်။ တကယ်ကော… ကျွန်ုပ်တို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရတာ ထင်သလောက်ခက်ခဲရဲ့လား၊ လွယ်ကူရဲ့လားဆိုတာ ဒီဗီဒီယိုလေးထဲမှာ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ တင်ဆက် – ဇော်နိုင်ဦးတည်းဖြတ် – စတီဗင်

ရဟန်းမင်းကြီးလီယို (၁၄)သည် (မေလ ၈၊ ၂၀၂၅) ၌ဘုရားသခင်ပြန်လည်သိမ်းပိုက်သွားသော ရဟန်းမင်းကြီးဖရန်စစ်၏အရိုက်အရာကိုဆက်ခံသော (၂၆၇) ပါးမြောက်ရဟန်းမင်းကြီးဖြစ်လာခဲ့သည်မှာ ဇူလိုင် (၈) ရက်နေ့ဆိုလျှင် (၂) လတင်းတင်းပြည့်ပြီဖြစ်ပါသည်။ ရဟန်းမင်းကြီးလီယို (၁၄) သည် ရဟန်းမင်းကြီးအမှုတော်ကိုစတင်ထမ်းဆောင်သည့် (၂) လပြည့်ခါနီး၌ သူ၏ဩဂုတ်လနှင့်စက်တင်ဘာလ၏ရှေးလုပ်ငန်းစဉ်ကို ရဟန်းမင်းကြီး၏၀တ်ပြုခြင်းဆိုင်ရာ တာ၀န်ခံရုံးတော်မှ တရား၀င်ချပြလာပါသည်။ ဇူလိုင်လ ဇူလိုင် (၆) ရက်နေ့ – ရဟန်းမင်းကြီးလီယို (၁၄) သည် ရဟန်းမင်းကြီးတို့၏နွေရာသီစံအိမ်ဟုလူ သိများသော Castel Gandolfo သို့သွားရောက်၍ အနားယူ မည်ဖြစ်ပါသည်။ ဩဂုတ်လ…
ကာဒီနယ် Luis Pascual Dri သည် ပျံလွန်ချိန်၌ သက်တော် (၉၈) နှစ်ရှိပြီဖြစ်သည်။ သူသည် ကာပူချင်း ဖရန်စ္စစကင်အသင်း၀င်သူတော်စင်တစ်ပါးဖြစ်သည်။ သူသည် ဇွန်လ (၃၀) ရက်နေ့ ကပျံလွန်သွားခဲ့ သည်။ သူ့အား များမကြာမီကပျံလွန်သွားသောရဟန်းမင်းကြီးဖရန်စစ်မှ (၂၀၂၃) တွင်ကာ ဒီနယ်အဖြစ် တင်မြောက်ခဲ့သည်။ ဇူလိုင် (၂) ရက်နေ့၊ ဗုဒ္ဓဟူးနေ့၌ ရဟန်းမင်းကြီးလေအို (၁၄) သည် ကာဒီနယ်၏ပျံလွန်သွား ခြင်းသတင်း ကြောင့်စိတ်ညှိုးငယ်ရကြောင်း၊ဘုရားသခင်သည်သူ့အား ထာ၀ရမကွယ်ပျောက် နိုင်သောသ ရဖူကို ဆောင်းပေးပါစေကြောင်း၊ သူအတွက်စိတ်ညှိုးငယ်နေကြသော သူ၏မိသားစု၀င်များ၊…
ရဟန်းမင်းကြီးလီယို (၁၄) သည် ယမန်နေ့ (ဗုဒ္ဓဟူး) နံနက်ပိုင်း၌ အီတလီ၀န်းကြီးချုပ် Giorgia Meloni အားရဟန်းမင်းကြီး၏ ရုံးတော်တွင်လက္ခံတွေ့ဆုံခဲ့သည်။ ယခုတွေ့ဆုံခြင်းသည် အီတလီ ၀န်ကြီးချုပ်အဖြစ် တရား၀င်တွေ့ဆုံခြင်းဖြစ်သည်။ ၀န်ကြီးချုပ်သည် ဇွန်လ (၂၄-၂၅) ရက်နေ့အထိ The Hague မြို့၌ကျင်းပခဲ့သော နေတိုးအစည်းအဝေးမှပြန်ရောက်နေခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေး၌ စစ်ရေးအသုံးစရိတ်များကိစ္စအ ကြောင်းဇောင်းပေးဆွေးနွေးခဲ့ကြသည်။ ဗုဒ္ဓဟူးနေ့သည်လည်း ရဟန်းမင်းကြီးအတွက်အလွန်အစီအစဉ်များသော နေ့တစ်နေ့ဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းမင်းကြီးသည် ဗုဒ္ဓဟူးနေ့တိုင်းဘုရားဖူးများနှင့်စိန့်ပီတာရင်ပြင်၌ တွေ့ဆုံဆုတောင်း၊ ဩ၀ါဒချီးမြှင့်လေ့ရှိသည်။ ထိုနေ့၌ ရဟန်းမင်းကြီးသည် ကာဒီနယ်များ၏အရေး ဆောင်ရွက်ရသောကော်မရှင်တာ၀န်ခံ ကာဒီနယ်…