
မည်သည့်နာကြင်မှုဝေဒမျှဘုရားသခင်၏ကောင်းမြတ်ခြင်းကိုဖယ်ရှားမေ့ပျောက်၍မရ။
ရဟန်းမင်းကြီးလီယို (၁၄) သည် တနလ်ာနေ့ (နို၀င်ဘာ ၁၇) က ‘ဂုဏ်သိက္ခာကို ကာကွယ်စောင့် ရှောက်သည့်လူ့အဖွဲ့အစည်းကိုတည်ဆောက်ကြပါစို့’ ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲသို့တက်ရောက် လာကြ သောလူကြီး မင်းများအားဩ၀ါဒပေးပို့ခဲ့သည်။ ထိုအစည်းအေ၀းကို ရဟန်းမင်း ကြီး၏ ရုံး တော်လက် အောက်ရှိအရွယ်မရောက်သေးသောကလေးသူငယ်များအားကာကွယ် စောင့်ရှောက် ရေး တိုးမြှင့်လုပ်ဆောင်ပေးရေးဌာနမှစီစဉ်ပေးသည်။ အစည်းအဝေးတက်ရောက်လာကြသူများအနက် သူတော်စင်အမျိုးသား၊ အမျိုးသမီးများလည်းပါ၀င် ကြသည်။ ထိုဩ၀ါဒ၌ရဟန်းမင်းကြီးက အစည်းအဝေး၏ခေါင်းစဉ်နှင့်အညီလူသားတိုင်း၏အထူးသ ဖြင့် အကာအကွယ်မဲ့နေသောသူတို့၏ဂုဏ်သိက္ခာကိုကာကွယ်စောင့်ရှောက်မည့်လူ့အဖွဲ့အစည်းများကိုတည် ဆောက်ကြရန်၊ ဘုရားသခင်သည်လူတိုင်းအားဂုဏ်သိက္ခာကိုပေးထားကြောင်း၊ လူ့ဂုဏ် သိက္ခာ သည် ဘုရား သခင်၏ကောင်းမြတ်ခြင်းမှပေးသနားသောကောင်းချီးသက်သက်ဖြစ်ကြောင်း၊ မည်သူ…





