အာရှကက်သလစ်ဘာသာ၀င်များမင်းပညာရှိသို့နှယ်ဘုရားဖူးများဖြစ်ကြပါဟုကာဒီနယ်တာကလေတိုက် တွန်း

ကာဒီနယ်တားကလေသည် အာရှကက်သလစ်ဘာသာ၀င်များအား အမှန်တကယ်ဘုရားဖူး များဖြစ် ကြရန်၊ နှိမ့်ချခြင်း၏ကြေးမုံပြင်များဖြစ်ကြရန်၊ သမ္မာကျမ်းစာလာမင်းပညာရှိတို့ကဲ့သို့သဘောထား ကြီး ပွင့်လင်းရန် ဤသော့ချက်သတင်းစကားကို မလေးရှားနိုင်ငံ၊ ပီနန်မြို့၌ကျင်းပနေသော ‘FABC’ ဟုအတို ကောက်သုံးနှုန်းလေ့ရှိသော ‘အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့’ ၏အစည်းအ‌ေ၀းဖွင့်ပွဲ၌တိုက် တွန်းခဲ့သည်။ အစည်းအ‌ေ၀း၌တက်ရောက်လာကြသူများအား ရှင်သန်နေသောမျှော်လင့် ခြင်း၏ သမိုင်းများ ဖြစ်ကြရန်၊ ယေဇူးသခင်၏သတင်းစကားကို၄င်းတို့၏စကားအပြောအဆိုများ၊ လုပ်ဆောင် မှုများ၊ ဆက်ဆံ ရေး၌ထည့်သွင်းရန်တိုက်တွန်းခဲ့သည်။

 ကာဒီနယ်တားကလေသည် ရဟန်းမင်းကြီး၏လက်အောက်ရှိဧ၀ံဂေလိသတင်းကောင်းပြန့် ပွှားရေး ဌာန၏တာ၀န်ခံဖြစ်သည်။ ကက်သလစ်ဘာသာတူများအား မိမိတို့ကိုယ်ကျိုးအတွက်သာတွက်သည့် စိတ်ထားမမွေးရန်၊ ထိုစိတ်ကားမင်းယုတ်ဟေရုဒ်၏စိတ်ထားဖြစ်ကြောင်းပြောကြားခဲ့သည်။

 အဆိုပါအာရှာဆရာတော်ကြီးများအဖွဲ့ချုပ်၏အစည်းအ‌ဝေးသို့နိုင်ငံ (၃၀) မှကိုယ်စားလှယ် (၈၀၀) ကျော်တက်ရောက်နေသည်။ ယုံကြည်ခြင်းခရီးသည်မင်းသုံးပါးနှင့်မင်းယုတ်ဟေရုဒ်တို့၏ကျင့်စဉ်ကဲ့ သို့ဆန့်ကျင်ဘက်ဖြစ်ရမည်ဖြစ်သည်။ မင်းသုံးပါး၏လမ်းစဉ်ကိုလည်းကောင်း၊ မျှော်လင့်ခြင်း၊ ဇွဲလုံး လရှိခြင်း၊ သေချာစွာဆန်းစစ်၍လျှောက်လှမ်းရန်၊ ဆုံးဖြတ်ချက်အပေါ်စိတ်ရှည်စွာယေဇူးသခင်နှင့် လျှောက်လှမ်းရန် ကာဒီနယ်ကတိုက်တွန်းခဲ့သည်။ 

Shalom World news

rvamyanmar
rvamyanmar
Articles: 3977

Leave a Reply

Your email address will not be published. Required fields are marked *