rvamyanmar

rvamyanmar

ဓမ္မဆရာ၊ဆရာမများ မိမိတို့၏သာသနာပြုချင်သောစိတ်ဆန္ဒကို ပြန်လည်ဆန်းသစ်ကျဖို့ ရဟန်းမင်းကြီး လီယို ၁၄ အားပး

လက်တင်အမေရိကန် ဓမ္မဆရာဆရာမများ၏ ၁၃ကြိမ်မြောက် အတူတကွတွေ့ဆုံကြခြင်းနှင့်၊ ၁၀ရက်တာ မွန်းမံသင်တန်းတွင် ရဟန်းမင်းကြီးလီယို က ပါဝင်သူများနှင့် ပွဲစီစဉ်သူများအား နွေးထွေးပြူငှါစွာ နှုတ်ဆက်ခဲ့ပြီး၊ ဘာသာတရားသင်ကြားခြင်း၏ အဓိကနှင့်ပန်းတိုင်ဖြစ်သော နာဇရက်မြို့သားယေဇူး၏ ဘဝကိုအဓိကအချက်အဖြစ် ထောက်ရှုလေ့လာကြဖို့မျှော်လင့်ကြောင်း။ သင်တို့သိထားကြသော နှစ်လိုဖွယ်ရာကောင်းသည့်သခင်ခရစ်တော်၏အကြောင်းများကို မိမိတို့၏ ဘဝ များတွင်ပြန်လည်ဆန်းသစ်ခြင်းအားဖြင့် သခင်ခရစ်တော်အကြောင်းကိုဟောပြောလိုခြင်း၊ သာသနာပြု စိတ်များတိုးပွားလာစေခြင်း၊ တစ်ပါးသူများအား ဘုရားရှင်နှစ်လိုဖွယ်ရာတည်ရှိခြင်း၊ ယုံကြည်ခြင်းကို အစေခံနိုင်ရန်ဦးဆောင်ပေးခြင်း၊ အမှုတော်များကိုဆောင်ရွက်ကြရန်အားပေးခဲ့ကြောင်းကို ဖော်ပြထား ပါသည်။။ လက်တင် အမေရိက နေရာအသီးသီးမှ ဓမ္မဆရာ ဆရာမများအပေါ် ကြည့်ရှုစောင့်ရှောက်ရန် နှင့် ဓမ္မဆရာ…

အချိန်တန်ရင်

အချိန်တန်တော့လည်း ပြီးသွားတာပါပဲ ။ခံစားချက်တွေလည်း အနယ်ထိုင်သွားတယ် ၊ ဒဏ်ရာတွေလည် အနာကျက်သွားရပါတယ် ။ ဘယ်အရာဖြစ်ဖြစ် သူ့သက်တမ်းရှိသလောက်ပါပဲ ။ ကောင်းတဲ့အမှတ်တရတွေရော … ဆိုးရွားတဲ့အတွေ့ကြုံတွေရော အားလုံးဟာ အချိန်တစ်ခုရောက်ရင်တော့လည်း မှေးမှိန်ကွယ်ပျောက်သွားတယ် ။ဒါကြောင့် နေစဉ်နဲ့အမျှ ကောင်းတာတွေနဲ့ကြုံတဲ့အခါ စိတ်ဖြောင့်ဖြောင့်နဲ့သာ ပျော်ရွှင်ခံစားပြီး ၊ ဆိုးရွားတဲ့အရာတွေနဲ့တွေ့ရရင်လည်း ကိုယ့်ကိုကိုယ်ပျောက်ဆုံးမခံပါပဲ သန်မာဖို့ ၊ အာတင်းရင်ဆိုင်ဖို့အတွက် သတိပေးရမယ် ။အချိန်တွေဟာ ခပ်မြန်မြန်ကုန်ဆုံးတယ် ။ ဆယ်တန်အောင်တဲ့နေ့က ပျော်ခဲ့တဲ့အပျော်တွေကို မှတ်မိသေးတယ် ၊ ကျွန်တော့်ရဲ့ ပထမဆုံး စာမူလေးကို မဂ္ဂဇင်းတစ်ခုမှာ…

ရဟန္တာ ဘက်နဒက်

ဒီကနေ့မှာတော့ ဇူလိုင်လ ၁၁ ရက်နေ့ရဲ့မွေးနေ့ရှင်ဖြစ်တဲ့ ရဟန္တာဘက်နဒက်ရဲ့အကြောင်းကိုတင်ဆက်ပေးထားပါတယ်။အနောက်တိုင်းသားရသေ့တွေရဲ့ဂိုဏ်းချူပ်ဖြစ်တဲ့ ရှင်ဘက်နဒက်ကို၈၄၀ ခုနှစ်မှာအီတလီနိုင်ငံနာချီယာမြို့မှာမွေးဖွားခဲ့ပါတယ်။ရှင်ဘက်နဒက်ဟာအကျင့်သိက္ခါပျက်ဆီးနေတဲ့သူရဲ့အပေါင်းအဖော်တွေရဲ့ဘဝကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားခဲ့တာကြောင့် အသက်၂၀ အရွယ်မှာပဲ ဆူဗြာတူတောင်မှာသွားရောက်နေထိုင်ခဲ့ပါတယ်။တစ်နေ့မှာတော့ နတ်ဆိုးဟာ အရင်ကသူနဲ့သိကျွမ်းခဲ့တဲ့ချောမောလှပတဲ့အမျိုးသမီးတစ်ဦးကို သူ့ရဲ့စိတ်ကူးအိမ်မက်ထဲမှာဖြစ်ပေါ်စေပြီး သူ့ရဲ့နှလုံးသားကို ရမ္မက်မီးပြင်းထန်စွာတောက်လောင်စေခဲ့ပါတယ်။သို့ပေမယ့်လို့လဲ ချက်ချင်းဆိုသလိုပဲ ရှင်ဘက်နဒက်ဟာသူ့ရဲ့ကိုယ်ပေါ်မှာဆင်မြန်းထားတဲ့ ဝတ်ရုံတန်ဆာတွေကို ဖယ်ခွါပြီး သူ့ရဲ့အသားအရေတွေပေါက်ပြဲသွားတဲ့အထိ ဆူးချုံတွေပေါ်မှာလူးလှိမ့်နေခဲ့ပါတယ်။ဒီနည်းအားဖြင့်သူ့ဝိညာဉ်ရဲ့အနာတွေကို ခန္ဓာကိုယ်ရဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ကုသပျောက်ကင်းစေခဲ့ပါတယ်။နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ဒီကိုဘာရိုရသေ့ကျောင်းရဲ့အကြီးအကဲအဖြစ် ကမ်းလှမ်းခံခဲ့ရတာကြောင့် လက်သင့်ခံခဲ့ပါတယ်။အဲ့ဒီနေရာမှာရှိတဲ့ရသေ့တွေဟာ သူ့ရဲ့တင်းကျပ်တဲ့စည်းကမ်းတွေကို မနှစ်မြို့တာကြောင့် ရှင်ဘက်နဒက်ကို အဆိပ်ခပ်သတ်ဖို့ရန်အတွက် ကြံစည်ကြိုးစာခဲ့ကြပါတယ်။သို့ပေမယ့်လို့လဲရှင်ဘက်နဒက်ဟာဘုရားတရားရှိတဲ့သူဖြစ်တာကြောင့် ခရစ္စတူးအမှတ်အသားပြုနေတဲ့အချိန်မှာပဲ အဆိပ်ခတ်ထားတဲ့ စပျစ်ရည်ခွက်ဟာအစိပ်စိပ်အမြွှာမြွှာကွဲသွားခဲ့ပါတယ်။အဲ့တာကြောင့်သူ့အပေါင်းအဖော်တွေရဲ့အကြံအစည်တွေလဲ ပေါ်သွားခဲ့ပါတယ်။ရှင်ဘက်နဒက်နဲ့အိမ်နီးချင်းနေထိုင်ခဲ့တဲ့ ဖလော်ရင့်ပီဦးဆိုတဲ့ ရဟန်းတပါးဟာလဲ ရှင်ဘက်နဒက်ကို မနာလိုစိတ်ပွားခဲ့တာကြောင့် ဖျက်ဆီးဖို့ရန်အတွက်ကြံစည်ခဲ့ပါတယ်။ရှင်ဘက်နဒက်ကိုအဆိပ်ထည့်ထားတဲ့ပေါင်မုန့်နဲ့လုပ်ကြံဖို့ကြိုးစားခဲ့ပေမယ့်…

ကိုရီးယား ဓမ္မအာဇာနည်များအား သူတော်စဥ်အဖြစ်တင်မြောက်ခြင်း နှစ်၁၀၀ပြည့်အခမ်းအနားကျင်းပ။

ကိုရီးယားနိုင်ငံ Gihae (၁၈၃၉) နှင့် Byeong-O (၁၈၄၆) နှစ်များ အတွင် တရားတာ်အတွက် ညှဉ်းပန်းနှိပ် စက်သတ်ဖြတ်ခံခဲ့ရသည့် ဓမ္မအာဇာနည် ၇၉ ဦးအား သူတော်စင်အဖြစ်တင်မြှောက်ခြင်း နှစ် ၁ဝဝ ပြည့် အခမ်းအနားကို ဇူလိုင်လ ၅ ရက် နေ့က ကိုရီးယားနိုင်ငံ Seoul ဂိုဏ်းချုပ်သာသနာတွင် နှစ်တစ်ရာ ဂျူဘီလီ မစ္ဆား တရား ဟေားကြားခြင်း၊ သမိုင်းအဖြစ်အပျက်များဖော် ထုတ်ပြသခြင်း များကို ပြု လုပ်ခဲ့ပါသည်။ ကိုရီးယားနိုင်ငံ Gihae (၁၈၃၉) နှင့်…

ဖာသာရ် Paschal Thi Ko Shin (SDB)(၁၄)ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့ဩဝါဒ ၁၀၊ ၇၊ ၂၀၂၅

ဒီနေ့ကျမ်းစာထဲ့မှာခရစ်တော်ဘုရားရှင်ကတပည့်တော်ကြီ၁၂ပါးကိုရွေးကောက်ပြီးတော့စေလွတ်တယ်ဆိုတဲ့အကြောင်းကိုကြာနာရပါတယ်။ သခင်ခရစ်တော်ကစေလွတ်တဲ့အခါမှာ ရည်ရွယ်ချက်တစ်ခုနဲ့ အခွင့်အာဏာတွေလည်းထည့်ပေးတယ်။ ဒါပေမဲ့ ပါဝါတော့ပါပေမဲ့ အသပြာတော့မပါရှာဘူး။ ဆင်ဆင်ရဲရဲပဲသွားရတယ်ဘုရားသခင်ရဲ့သီတင်းကောင်းကိုဟောပြောတဲ့အခါ စကားလုံပဲသုံးလို့မရတော့ပါဘူး။ နှလုံးသာပါဖိုလိုလာပါတယ်။ လွတ်လတ်တဲ့နှလုံးသား ကိုယ်ကြိုးမကြည့်တဲ့နှလုံးသား ‌မေတ္တာပြည့်နဲ့နှလုံးသားနဲ့ ဟောပြောဖို့ရန်လိုအပ်လာပါတယ်။ ကောင်းင်နိုင်ငံတော်အကြောင်းဟောပြောတဲ့အခါမှာ အေးအေးဆေးဆေးနဲ့အချိန်ဆွဲ့နေလို့မဖြစ်ဘူး။ အရေးတကြီးလိုအပ်နေတဲ့အရာဖြစ်တယ်။ ဘုရားသခင်ရဲ့နိုင်ငံတော်နည်းလာကြောင်းကိုကြေငြာခိုင်ပါတယ်။ အရေမရအဖတ်မရတွေနဲ့ ထိုင်ငြင်းနေဖို့မဟုတ်ဘူး။ စကားလုံးတွေဘဝပုံစံအားဖြင့်ပါဘုရားသခင်ရဲ့မေတ္တာဂရုဏာ ကောင်းမြတ်ခြင်းနိုင်ငံတော်အကြောင်းကိုဟောပြောဖို့ကပိုပြီတော်အရေးကြီလာပါတယ်။ လူတွေရဲ့အနာနာမှာဘုရားသခင်ရှိနေတယ်။ ဒါကိုသတိမူပြီး မိမိဘဝကိုဘုရားနဲ့လျှောက်လမ်းဖို့ပြောပြပေးလိုက်တာကလည်းနိုင်ငံတော်အကြောင်းကိုဟောပြောတာနဲ့အတူတူပဲဖြစ်ပါတယ်။ ဘုရားရဲ့အကြောင်းကိုတရားပဲဟောနေလို့မရဘူး။ လုပ်ရပ်တွေလည်းပါလာဖို့လိုတယ်။ လူနာတွေကိုပျောက်ကင်းစေကြ လူနာတွေကိုသန့်ရှင်စေပြီး နတ်ဆိုးတွေကိုနှင်ထုတ်ကြလိုမှာကြာတော်မူပါတယ်။ သီတင်းကောင်းကကြာသိရုံသက်သက်ဘဲ့မလုံလောက်ပါဘူး။ လက်တွေ့လုပ်ရပ်တွေလည်းပါမှပိုပြီထိရောက်မြန်ဆန်လာပါတယ်။ ဖာသာရ်တို့အားလုံးကိုလည်း ဘုရားသခင်ကခေါ်နေတာကသူရဲ့နောက်ကိုလိုက်ပြီးချုပ်နှောက်ခံရသူတွေကိုလွတ်မြောက်စေဖို့ ကူသပျောက်ကင်းစေဖိုရန်ပဲဖြစ်ပါတယ်။ သေတဲ့သူတွေတောင်ထမြောက်အောင်ခုအချိန်မလုပ်နိုင်ရင်တောင်စိတ်ဓါတ်တွေကျပြီးဝိညာဉ်ရေးရာမှာသေနေတဲ့သူတွေ နာကျင်ခံစာနေရတဲ့သူတွေကိုပြန်လည်ကူစားပြီးလက်တွဲခေါ်ဆောင်လို့တော့ရမှာပါ။ ဘုရားသခင်ရဲ့နိုင်ငံတော်ဟောပြောခြင်မှာ ဖာသာရ်တို့အားလုံးပါဝင်ရပါမယ်ပါဝင်ဖို့လည်းဝတ္တရားရှိပါတယ်။ ဘုရားကကိုယ့်ကိုမေတ္တာသက်သက်နဲ့…

ဘုရားသခင်၏ဖန်ဆင်းခြင်းသည် စစ်တလင်းပြင်မဟုတ်။ ရှင်သန်ရန်အရင်းအမြစ်ဖြစ်သည်။

လာမည့်စက်တင်ဘာလ (၁) ရက်နေ့၌ အမိကက်သလစ်သာသနာတော်ကြီးသည် ‘(၁၀) ကြိမ်မြောက် ဖန်ဆင်းခြင်းအားကာကွယ်စောင့်လျှောက်ရေး ဆုတောင်းပေးသောနေ့’ ကိုကျင်းပရန် ပြင်ဆင်နေပါ သည်။ ထိုနေ့အတွက် ရဟန်းမင်းကြီးလီယို(၁၄) ကခရစ်ယာန်များနှင့်ဖန်ဆင်းခံကိုချစ်သောစိတ် ကောင်း နှလုံးကောင်းရှိသူတို့အားအောက်ပါအတိုင်း တိုက်တွန်းမိန့်ကြားထားပါသည်။ လူ့အသိုင်းအ၀ိုင်းသည် ပတ်၀န်းကျင်နှင့်လူမှု့တရားမျှတမှုကို အရေးတကြီးလိုအပ်ချက်ကိုသိရှိရန်လိုအပ်သည်။ လူ့အသိုင်း အ၀ိုင်းသည် ရာသီဥတုပြောင်းလဲခြင်း၊ သဘာ၀ဘေးဒဏ်များဖြစ်ပေါ်စေခြင်းနှင့်တန်းတူညီမျှမှုမရှိခြင်း စသော ကြောက်စရာဖြစ်ရပ်များသည်တိုးပွါးဖြစ်ပေါ်လျှက်ရှိကြောင်း။    ဇူလိုင် (၂) ရက်နေ့ကဖြန့်ဖြူးခဲ့သည့် ရဟန်းမင်းကြီးမိန့်ကြားသော ဩ၀ါဒ၏ခေါင်းစဉ်ကို ‘ငြိမ်းချမ်းခြင်း နှင့်မျှော်လင့်ခြင်း၏မျိုးစေ့’ ဟုအမည်ပေးထားပြီး၊  ဤဩ၀ါဒသည်လည်း ဂျူဘီလီနှစ်၏သတင်း စကားကိုဆက်လက်ကြားသိစေရန်၊ ဘာသာတူများအား ၄င်းတို့သည်…