အမိမယ်တော်၏အမည်နာမနောက်ကွယ်မှအံ့ဩဖွယ်အဓိပ္ပါယ်

အမိမယ်တော်၏အမည်နာမနောက်ကွယ်မှအံ့ဩဖွယ်အဓိပ္ပါယ် အမိမယ်တော်၏အမည်မှာ အင်္ဂလိပ်လို ‘မေရီ’ ဖြစ်ပြီး လာတင်းလို ‘မာရိယာ’ ဖြစ်ကြောင်း သံလုကာ၏ဧ၀ံဂေလိကျမ်းစာ၌ဖော်ပြထားသည်။ ဤအမည်သည် ရှေးကျလှသောအမည်ဖြစ်သည်။ စက်တင်ဘာလ (၈) ရက် မယ်တော်အားမွေးဖွားသန့်စင်ပြီးနောက် မယ်တော်၏မိဘနှစ်ပါးက ‘မေရိ (သို့) မာရိယာ’ ဟုအမည်မှည့်ရန်ဆုံးဖြတ်ခဲ့ကြသည်။ မယ်တော်အားအမည်မှည့်သည့်ပွဲကို စက်တင်ဘာ လ (၁၂) ရက်နေ့တွင်ကျင်းပပါသည်။ မယ်တော်၏မိဘနှစ်ပါးသည် ဘုရားသခင်သူတို့အားဗျာဒိတ်ပေး သည့်အတိုင်းပင်မှည့်ခေါ်ခြင်းဖြစ်သည်။ ဘုရားပေးသောအမည်ကား ကာလအဆက်ဆက်ခေါ်တရသောအမည်ဖြစ်သည်။ သမ္မာကျမ်းလာအမည်များကဲ့သို့ပင် အမိမယ်တော်၏အမည်သည်လည်း အနက်အဓိပ္ပါယ်ရှိပါ သည်။ ၀ိညာဉ်ရေးအသက်တာနှင့်လည်းအဆက်အစပ်ရှိသည်။ ဟေဘရူးဘာသာစကားအားဖြင့် ‘မေရိ (သို့) မာရိယာ’ ကို…