rvamyanmar

rvamyanmar

ပန်းကမ်းသောလက်ဟာမွှေးရနံ့ကျန်တတ်ပါတယ်

ပန်းသည်မလေးတစ်ဦးဟာ ပန်းအများစုကို ရောင်းချပြီးနောက် မိုးချုပ်လာတာကို သတိပြုမိပါတယ်။ ဒီတစ်နေ့တော့ … စောစောပြန်မယ်လို့ ဆုံးဖြတ် လိုက်ပါတယ်။ ရောင်းလို့ကျန်နေတဲ့ နှင်းဆီပန်းတစ်ပွင့်ကို လမ်းဘေးမှာရှိတဲ့ တောင်းစားနေတဲ့ သူတောင်းစားတစ်ယောက်ကို ပေးလိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်သွားပါတော့တယ်။ သူတောင်းစားလေးဟာ ဒီလောက်ကောင်းမွန်တဲ့ အဖြစ်အပျက် မိမိအပေါ်မှာ ကျရောက်လာခဲ့လိမ့်မယ်ဆိုတာ ဘယ်တော့မှ မျှော်လင့်မထားခဲ့ပါဘူး။ အဲဒီနေ့ တောင်းစားဖို့ စိတ်ဆန္ဒမရှိတော့ပါဘူး။ သူအိမ်ပြန်ဖို့ ဆုံးဖြတ်ပြီး အိမ်ပြန်သွားပါတယ်။ အိမ်လို့သာခေါ်တာပါ… ရှုပ်ပွနေပါတယ်။ တဲစုပ်သာသာရှိတဲ့ အဆောက်အဦးငယ်တစ်ခုမှာပါ။ မြို့ပြင်မှာတည်ရှိပါတယ်.. အိမ်ရောက်တာနဲ့ သူတောင်းစားလေးဟာ ဖန်ပုလင်းတစ်ခုကို ရှာဖွေလိုက်တယ်။…

ပိုလန်နိုင်ငံမှကက်သလစ်ဆရာတော်များသည် အစိုးရအသစ်နှင့်တွေ့ဆုံစကားပြောရန်ကတိပြု

ပိုလန်နိုင်ငံမှကက်သလစ်ဆရာတော်များသည် အစိုးရအသစ်နှင့်တွေ့ဆုံစကားပြောရန်ကတိပြု ပိုလန်နိုင်ငံမှကက်သလစ်ဆရာတော်များသည် ပိုလန်နိုင်ငံ၏အစိုးရသစ်ကိုဦးဆောင်နေသော Donald Tusk နှင့်တွေ့ဆုံစကားပြောမည်ဟုပြည်သူတို့အားကတိပေးခဲ့သည်။ ဤအစိုးရသစ်သည် လီဘရယ်နိုင်ငံရေးပါတီမှဖြစ်သည်။ အဆိုပါပါတီ၏ဦးဆောင်မှုသည် ဘာသာရေးစံတန်ဖိုးများကိုလျော့နည်းသွား စေလိမ့်မည်ဟု ပိုလန်ကက်သလစ်ဘာသာတူများကစိုးရိမ်နေကြသည်။ နိုင်ငံပိုင်ကျောင်းများ၌ ဘာသာရေး သင်ကြားခြင်းများကိုလည်းလျော့ရန် ဖိအားပေးလာလိမ့်မည်။ သာသနာအားပြည်နယ်မှထောက်ပံ့ပေးသော အစဥ်အလာကိုလည်းဖျက်သိမ်းမည်ဖြစ်၍ပဋိပက္ခာဖြစ်ပေါ်လာနိုင်သည်ဟုစိုးရိမ်နေကြသည်။ ၀ါဆောသာသနာပိုင်ဖာသာရ် Henryk Zielinski က သာသနာ၏ရံပုံေငွကိုနိုင်ငံေရးပုဂ္ဂိုလ်များမှမဟုတ်ဘဲ လူ့အသိုင်းအ၀ိုင်းကသတ်မှတ်ဆုံးဖြတ်ပေးသင့်သည်။ များများလှူ၍နည်းနည်းသာယူခြင်းသည် နိုင်ငံရေးအပေါ်မှီခိုကင်းသောအခြေအနေသို့ရောက်ရှိစေနိုင်သည့် နည်းလမ်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ဒီဇင်ဘာ (၁၃) ရက်နေ့က သမ္မတသစ် Tusk သည် Third Way နှင့်လက်၀ဲယိမ်း Lewica နိုင်ငံရေးပါတီတို့နှင့်ညွှန့်ပေါင်းဖွဲ့၍အာဏာကိုစတင်ထမ်းဆောင်ခဲ့သည်။ သူသည်…