rvamyanmar

rvamyanmar

သတင်း မီဒီရာ များအနေဖြင့် လက်နက်ဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းရေးကို အားပေးသင့်ဟု ရဟန်းမင်း ကြီး မိန့်ကြား။

သတင်း မီဒီရာ များအနေဖြင့် လက်နက်ဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းရေးကို အားပေးသင့်ဟု ရဟန်းမင်း ကြီး မိန့်ကြား။ မေလ၁၂ရက်နေ့ ရောမမြို့တွင် မီဒီယာသမားများနှင့်တွေ့ဆုံခြင်း၌ ပုပ်ရဟန်းမင်းကြီးလီယို ၁၄ က လူထု ဆက်သွယ်ဆက်ဆံရေးက အဖွဲ့အစည်းရဲ့ယဉ်ကျေးမှုကိုတည်ဆောက်ရာမှာကူညီပေးကြောင်း နှင့် အမှန် တရားကိုအစေခံခြင်းနှင့်ငြိမ်းချမ်းရေးကိုမြှင့်တင်ကြဖို့ တွန်းအားပေးခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ရဟန်းမင်းကြီးအဖြစ်ရွေးချယ်ခံရပြီးလေးရက်မြောက်နေ့တွင် ပုပ် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ပျံလွန်တာ်မှုခြင်း၊ ရဟန်းမင်းကြီးအသစ်ရွေးချယ်ခြင်း နှင့် ပုပ် ရဟန်းမင်းကြီး လီယို ၁၄ တာဝန် စတင်ထမ်း‌ဆောင်သည့် နေ့ရက်များတွင်…

အစေခံခြင်းအသက်တာရှင်သန်နိုင်ဖို့ ခေါ်တော်မူခြင်းအတွက်ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီးလီယို ၁၄ တိုက်တွန်း။

အ‌စေခံခြင်းအသက်တာမှာ ရှင်သန်နိုင်ဖို့ခေါ်တော်မူခြင်းအတွက် ဆုတောင်းကြပါစို့ ဟု ကောင်းသော သိုးထိမ်း တနင်္ဂနွေနေ့ အန်ဂျေလူး မေတ္တာဆိုချိန်တွင် ရဟန်းမင်းကြီး လီယို ၁၄ မှ မြွက်ကြားခဲ့ပါသည်။ အန်ဂျေလူး မေတ္တာ မဆိုမီ တစ်ဦးကိုတစ်ဦးအ‌စေခံခြင်းဘဝမှာနေထိုင်ခြင်းအားဖြင့် ချစ်ခြင်းမေတ္တာနှင့် အမှန်တရားအသက်တာမှာ အတူတကွလျှောက်လှမ်းနိုင်ဖို့၊ ရဟန်းဘဝအသက်တာ၊ သူတော်စင်ဘဝ အသက်တာတို့ ၌ ခေါ်တော်မူခြင်းတိုးပွားစေဖို့ ဆုတောင်းကြရန်ပုပ်ရဟန်းမင်းကြီးမှဖိတ်ခေါ်ခဲ့ပါသည်။ အန်ဂျေလူးမေတ္တာမဆိုမီ ဗာတီကန်ရင်ပြင်၌ စုရုံးရောက်ရှိနေကြသော ဘုရားဖူးသူတော်စင်များ၊ အလည်အပတ်ရောက်လာသူ လူပေါင်းတစ်သိန်းခန့်ကို ပုပ်ရဟန်းမင်းကြီးမှ နွေးထွေးပျူငှာ စွာနှုတ်ခွန်း ဆက်သခဲ့ပါသည်။။ ရဟန်းမင်းကြီးဘဝသက်တာ၊ ရောမမြို့၏ဆရာတော်ကြီးအဖြစ် သူ၏…

ဖာသာရ် Basil Zay Yar Win မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပါစကားကာလစတုတ္ထသီတင်းပတ် အင်္ဂါနေ့ဩဝါဒ ၁၃၊ ၅၊ ၂၀၂၅

ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့ 1917 Portugal နိုင်ငံ Fatima မြို့မှာ မယ်တော် ထင်ရှားပြခဲ့တာဟာ ယခုနှစ်ဆိုရင် 108 နှစ်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ မယ်တော်သခင်မ ဟာ သိုးကျောင်းသားလေး ၃ ဦးဖြစ်တဲ့  Lucia, Franceso, နဲ့ Jacinta တို့ကို ထင်ရှားပြခဲ့ပါတယ် ။ May လ ၁၃ ရက်က နေ October ၁၃ ရက်နေ့တိုင် ၅ ကြိမ်တိုင်တိုင် မယ်တော်သခင်ဟာ…

ဖာသာရ် Rev.Fr. Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) ပါစကားကာလစတုတ္ထသီတင်းပတ် တနင်္လာနေ့ဩဝါဒ ၁၂၊ ၅၊ ၂၀၂၅

ဓမ္မမိတ်ဆွေတို့၏ ဒီကနေ့ကြားနာရတဲ့ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၀:၁-၁၀ မှာသခင်ခရစ်တော်က ငါသည် တံခါးဝ ဖြစ်သည်၊ ငါသည် ကောင်းသောသိုးထိန်းဖြစ်သည် ဟုဆိုသောကျမ်းချက်ကိုကျွန်တော်တို့ကြားနာခဲ့ရပါသည်။ သခင်ခရစ်တော်က သူနောက်လိုက်တွေ သူဟောပြောသွန်သင်သမျှကို လိုက်လံ နားထာင်နာယူသူ၊ သင်ယူသူတွကို သူဟာဘယ်လိုမျိုး ပုဂ္ဂိုလ်ဖြစ်တယ် ၊ သူဘာရည်ရွယ်ချက်နဲ့ ဘာလုပ်ဖို့ဒီလောကကို ကြွလာတယ်ဆိုတာကို နားလည်စခြင်လို့ ပတ်ဝန်ကျင်မှာရှိတဲ့အရာတွေနဲ့ ဥပမာ ပေ ဟောပြောခြင်းဖြစ်တယ်။ ငါဟာဂိတ်တံခါးဝဖြစ်တယ် ဒီအချက်ကဘာကိုဆိုလိုတာလည်း၊ နောင်ဘဝထာဝရအသက်ကိုရဖို့၊ ကောင်းကင်နိုင်ငံတော်မှာဘုရားရှင်နဲ့ အတူထာဝရနေနိုင်ဖို့ရန်၊ သခင်ခရစ်‌တော်ဟာဂိတ်တံခါးဝဖြစ်တယ်။ သူ့ဂိတ်ကဝင်မှသာလျှင်ထာဝရအသစ်ကိုရလိမ့်မယ်။ ဒီဂိတ်ကိုဝင်ဖို့ယုံကြည်သူတွေသာဝင်လို့ရတယ်။ သခင်ခရစ်တော်ကိုမယုံကြည်သူတွေအနေနဲ့သခင်ခရစ်တော်ဆိုတဲ့တံခါးဝကနေဝင်လို့မရပါဘူး။ သူတို့ရဲ့မယုံကြည်ခြင်းကြောင့်သာဖြစ်တယ်။ စစ်မှန်တဲ့အမှန်တရားကိုရဖို့ စစ်မှန်တဲ့ဂိတ်တံခါးဝကနေဝင်ရမယ်။…