rvamyanmar

rvamyanmar

အပြုသဘော ဆောင်တဲ့ စိတ်ခံစားနဲ့ အပြုသဘောမဆောင်တဲ့ စိတ်ခံစားချက်ကို မိဘအနေနဲ့ ဘယ်လိုရှင်းပြရမလဲ

Dangerous            ဒီနေ့မှာ မိဘတွေက အမြဲတမ်း အပြုသဘောဆောင်တဲ့ အတွေးတွေကို သွန်သင်ပေးခြင်း ခံရတဲ့ ကလေးဟာ တဖြည်းဖြည်း သူကြီးပျင်းလာပြီး သူလျှောက်လှမ်းရမဲ့ဘဝမှာ ဘေးအန္တရာယ် မကင်းဖြစ်စေပါလိမ့်မယ်ဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။           ကလေးငယ်လေးတွေကို မိဘတွေက အပြုသဘောမဆောင်တဲ့ စိတ်ခံစားချက်တွေကို မခံစားရဘူး၊ မပြုလုပ်ရဘူးလို့ သွန်သင်ပေးခဲ့ရင် သူ့တို့ ကြုံတွေ့ရင်ဆိုင်ရတဲ့ ဘဝမှာ ဘယ်လို အဆင့်ဆင့် တိုးတက်အောင်လုပ်ရမယ်ဆိုတာ မသိတော့ပဲ ဘယ်အရာက ကောင်းတယ်၊ ဘယ်အရာ က မကောင်းဘူးဆိုတာ ဝေဝါးလာပြီး ဘယ်လိုပြုမူရမယ်ဆိုတာ မသိဘူးဖြစ်သွားတတ်ပါတယ်။          …

ဆွဲဆောင်မှုရှိခြင်း နှင့် အောင်မြင်ခြင်း

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်လေးမှာတော့ “ဆွဲဆောင်မှုရှိခြင်းနှင့်အောင်မြင်ခြင်း” ဆိုတဲ့ ခေါင်းစဉ် လေးနဲ့ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ အောင်မြင်တဲ့သူဖြစ်ချင်ရင် တခြားသူတွေကို ဆွဲဆောင်နိုင်မှုရှိစေဖို့၊ တစ်ဦးနဲ့တစ်ဦး ဆွဲဆောင်မှုရှိခြင်း (Interpersonal Attraction) ဆိုတဲ့အချက်က အရေးပါလှပါတယ်။ “ဆွဲဆောင်မှုရှိခြင်း ဆိုတာ ကတော့ တခြားသူတွေက လူတစ်ဦးအပေါ်မှာ ဘာကြောင့် နှစ်သက်ရတာ ဒါမှမဟုတ် မနှစ်သက်ရတာ ဖြစ်ရသလဲဆိုတာကို လေ့လာတာပဲဖြစ်ပါတယ်”။ တခြားသူတွေအပေါ်မှာ ဆွဲဆောင်မှုရှိစေတဲ့အချက်တွေကို စိတ်ပညာရှင်တွေက လေ့လာကြတဲ့အခါ အချက်လေးချက်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီအချက် လေးချက်ကို အောက်မှာဖော်ပြ…

ရဟန်းမင်းကြီးဖရန်စစ် ဗင်းနစ်မြို့ရှိစိန့်မာခ်ရင်ပြင်၌မစ္ဆားပူဇော်မည်။

ရဟန်းမင်းကြီးဖရန်စစ် ဗင်းနစ်မြို့ရှိစိန့်မာခ်ရင်ပြင်၌မစ္ဆားပူဇော်မည်။ ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လာမည့် (ဧပြီ ၂၈) ၌အီတလီနိုင်ငံ၊ ဗင်းနစ်မြို့သို့ကြွပြီး စိန့်မတ်ခ်ရင်ပြင် လူထုနှင့်အတူမစ္ဆားပူဇော်မည်ဖြစ်သည်။ ဗင်းနစ်မြို့ကို ‘ floating city’(ရေပေါမြို့) ဟုလည်းတင်စား၍ခေါ်သည်။ ဗင်းနစ်မြို့၏ရူခင်းကို မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့်အာရုံခံကြည့်မည်ဆိုပါက ‘အင်းလေး’ ဒေသနှင့်အလားသဣာန်တူပါသည်။ လှေများဖြင့်သွားလာရသော ရေပေါ်ကျွန်းမြို့ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်၏ခရီးစဉ်ကို ယမန်နေ့တနလ်ာနေ့ကဗာတီကန်၏သတင်းပြန်ကြားရေးရုံးကတရား၀င်ထုတ်ပြန်အသိပေးခဲ့သည်။ (ဧပြီ ၂၈) သည်တနဂ်နွေနေ့ဖြစ်၍ ရဟန်းမင်းကြီးဦးဆောင်သောမစ္ဆားတရားကိုထိုနေ့နံနက် (၁၁) နာရီ၌ပူဇော်မည်ဖြစ်သည်။ ထိုနေ့၌ပင် ဗာတီကန်၏ကြီးကြပ်မှုအောက်ရှိအဆောက်အဦးသို့လည်းကြွ ရောက်ကြည့်ရူမည်ဖြစ်သည်။ ဗာတီကန်မှဗင်းနစ်သို့ ရဟပ်ယာဉ်ဖြင့်ကြွမည်ဖြစ်ပြီး ကြာမြင့်ချိန် (၂) နာရီခန့်ဖြစ်ပါသည်။ ရဟပ်ယာဉ်အား ဗင်းနစ်အမျိုးသမီးအကျဉ်းထောင်ရှိရာ Giudecca…