
(၂၀၂၅) ဂျူဘီလီနှစ်ကိုပြန်လည်ထောက်ရှုခြင်း။
(၂၀၂၅) ခုနှစ်သည်မေ့မရဖွယ်နှစ်တစ်နှစ်ဖြစ်သည်။ ရဟန်းမင်းကြီးပျံလွန်သွားခဲ့သည်။ ရဟန်းမင်း ကြီး အသစ်ရွေးချယ်တင်မြောက်ခဲ့ရ၍ရဟန်းမင်းကြီးလီယို (၁၄) ရရှိလာသည်။ ထို့အတူ (၂၀၂၅) သည်ယေ ဇူးသခင်နှိမ့်ကျစွာလူ့အဖြစ်ကိုခံယူခဲ့သည့် (၂၀၂၅) နှစ်ပြည့်သည့်ဂျူဗလီနှစ်လည်းဖြစ်သည်။ (၂၀၂၅) ခုနှစ်၏ဂျူဘီလီနှစ်၏ဦးတည်ချက်မှာ ‘မျှော်လင့်ခြင်း’ ဖြစ်သည်။ အဆိုပါဂျူဗလီနှစ်ကိုရဟန်းမင်း ကြီး ဖရန်စစ်မှဖွင့်လှစ်ခဲ့ပြီးတစ်နှစ်ပတ်လုံးဖွင့်လှစ်ထားခဲ့ရမှလာမည့်ဇန္န၀ါရီလ (၆) ရက်နေ့တွင်အခြားရ ဟန်းမင်းကြီးတစ်ပါးကပြန်ပိတ်မည်ဖြစ်ပါသည်။ ဤအဖြစ်အပျက်မျိုးသည် ဖြစ်ခဲသည်။ ထိုဂျူဘီလီ တံခါးကို နောက်ထပ် (၂၅) နှစ်၊ (၂၀၅၀) မှသာ နောက်တစ်ကြိမ်ပြန် လည်ဖွင့်လှစ်မည်ဖြစ်သည်။
ထို့အတူ (၂၀၂၅) သည်နိုင်ငံတကာပထ၀ီနိုင်ငံရေးပိုမိုဆိုး၀ါးစေသောတင်းမာမှုများစွာရှိခဲ့၊ သာသနာကို နောက်ဆုံးဦးဆောင်ခဲ့သောရဟန်းမင်းကြီးနှစ်ပါးမှမိန့်ကြားခဲ့သည့်အတိုင်းတတိယကမ္ဘာစစ်ကြီးကိုဦးတည်နေသောအကွဲအပြဲများစွာဖြစ်ပျက်ခဲ့သည့်နှစ်လည်းဖြစ်သည်။
ကမ္ဘာကြီးသည်ရောမသို့လာကြသည်။
(၂၀၂၅) ဂျူဗလီနှစ်အတွင်းကမ္ဘာတစ်၀ှမ်းမှဘုရားဖူးသန်း (၃၀) ရောမသို့ရောက်ရှိလာခဲ့ သည်။ အမိသာ သနာတော်ကြီးအတွင်းရှိအဖွဲ့အစည်း၊ အစုအဖွဲ့ကြီးငယ်များအတွက်ဂျူဗလီအမျိုးအစား ပေါင်း (၃၀) ကျော်ကိုလည်းအမှတ်ရကျင်းပဆုတောင်းပေးနိုင်ခဲ့သည်။ ဂျူဗလီနှစ်၏မျှော်လင့်ချက်၌ပျော်ရွှင် နေကြ စဉ် ရုတ်တရက်ဖေဖော်၀ါရီ (၁၄) ရက်နေ့၌ ရဟန်းမင်းကြီးဖရန်စစ်သည် ရောမမြို့ရှိရဟန်းမင်းကြီး၏ ဆေးရုံဟုတင်စားထားသော ‘အမွှာ’ ဆေးရုံသို့တင်လိုက်ရသည့်သတင်းကိုလည်းကောင်း၊ ထိုမှစ၍ ရဟန်း မင်းကြီး၏အခြေအနေသည်တစ်နေ့ရွှေ၊ တစ်နေ့ငွေဖြစ်လိုက်နှင့်ဆရာ၀န်တို့၏ အနီးကပ်ကြပ် မတ်မှုကိုခံယူ နေခဲ့ရာမှ ဧပြီ (၂၁) ရက်နေ့နံနက်ပိုင်း၌ပျံလွန်သွားပြီ ဖြစ်ကြောင်း၀မ်းနည်းဖွယ်သတင်း ကြားခဲ့ရသည်။
ရ ဟန်းမင်းကြီးပျံလွန်သောနေ့သည် (၂၀၂၅) ပါစကားပွဲနေ့တနဂ်နွေပြီးနောက် တစ်နေ့တနလ်ာနေ့၌ ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ကျန်းမာရေးကြောင့်ပါစကားပွဲနေ့မစ္ဆားတရား ကြီးကိုဦး ဆောင် မပူဇော်နိုင်သော် လည်းအဆိုပါပစကားမစ္ဆားတရားပူဇော်ပြီးချိန်၌ ဘီးတပ်လှည်းဖြင့်ထွက်ကြွလာ၍ စိန့်ပီတာရင်တစ်ခုလုံးပြည့်လျှံနေသောလူအုပ်ကြီးကိုအနီးကပ်ရင်းနှီးစွာနှုတ်ဆက်၊ ကောင်းကြီး ပေးခဲ့ သည်။ ထိုနေ့ကရဟန်းမင်း ကြီးဖရန်စစ်အားအသက်ရှင်လျှက် ဖူးတွေ့ရသည်မှာနောက် ဆုံးတစ်ကြိမ် ဖြစ်မည်ဟုအဘယ်သူမျှမသိခဲ့ကြပေ။
ရဟန်းမင်းကြီးပျံလွန်ပြီး (၅) ရက်ကြာစိန့်ပီတာဘာစီးလီကာထဲ၌ထားကာဘုရားဖူးများအားဖူးတွေ့ဂါ ရပြုစေခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်၏စျာပနမစ္ဆား၌ပါ၀င်သူ (၂၅၀၀၀၀) ဦးရှိခဲ့သည်။ ရဟန်း မင်းကြီး၏ ရုပ်ကလပ်ကိုစိန့်ပီတာဘာစီးလီကာ၌ ထားစဉ်လာရောက်ဂါရပြုကြသူများထက် စျာပန မစ္ဆား၌နှစ်ဆပိုများခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်ဆေးရုံတင်ထားရချိန်၌ ရဟန်းမင်းကြီး အမြန်ဆုံး ပြန်လည်သက်သာကျန်းမာ လာစေရန်ရည်ရွယ်၍စိန့်ပီတာရင်ပြင်၌ညနေ တိုင်းစိတ်ပုတီးစိပ်၍ ပူဇော် ပေးခြင်း၊ ကမ္ဘာတစ်၀ှမ်း၌လည်းရ ဟန်းမင်းကြီးအတွက်ဆုတောင်းခြင်းပေးခဲ့ကြသည်။ အချို့သည် ရဟန်းမင်းကြီးဆေးရုံတက်ရောက်ကုသမှု ခံယူနေသောဆေးရုံရှေ့၌သွားရောက် ဆုတောင်းခြင်းကို လည်းပြုပေးခဲ့ကြသည်။
ရဟန်းမင်းကြီးဖရန်စစ်၏ဆေးရုံတက်နေစဉ်ကာလ
(၂၀၂၅) ခုနှစ်အစပျိုးလိုက်သည်နှင့်ရဟန်းမင်းကြီးဖရန်စစ်သည်လူမဆန်သောစစ်ကိုဆင်နွှဲ ခြင်းကိုဆန့် ကျင်ကြောင်းနှင့်ရပ်တန့်ရန်တစ်နှစ်တာ၏ပထမဦးဆုံးအကြိမ်ဘုရားဖူးများနှင့်တွေ့ဆုံစဉ်တောင်းဆိုခဲ့သည်။ အကြမ်းဖက်မှု၌အသက်ဆုံးရှုံးခဲ့သောကလေးများကြောင့်၀မ်းနည်းပူဆွေနေကြသောမိခင်များ အတွက် ၀မ်းနည်းကြောင်းထုတ်ဖော်မိန့်ကြားခဲ့သည်။
ဖေဖော်၀ါရီလလယ်ပိုင်းအရောက်၌ ရဟန်းမင်းကြီးဖရန်စစ်သည်ဆေးရုံတက်ရောက်၍ဆေး ကုခံခဲ့ ရသည်။ အစပိုင်း၌ရဟန်းမင်းကြီးခံစားနေရသည်မှာလေပြွန်နှင့်ဆိုင်သာဆိုင်ခဲ့သည်။ သို့သော်နောက် ပိုင်း၌အဆုတ်ပိုး၀င်သည်အထိဖြစ်လာခဲ့ပြီးအခြေအနေလွန်စွာရှုပ်ထွေးသွားစေခဲ့သည်။ အခြေအနေပြန် လည်ကောင်းမွန်လာမှုသည်လည်းလွန်စွာနှေးကွေးနေခဲ့သည်။
ထိုအခြေအနေမျိုး၌ရှိနေစေကာမူရဟန်းမင်း ကြီးသည်သူ၏အမှုတော်ဖြစ်သော ဘုရားဖူးများ နှင့်တွေ့ ဆုံခြင်း၊ ဂျူဗလီအစီအစဉ်များကိုဦးဆောင်ခြင်း၊ သူ နှင့်တွေ့ဆုံရန်စီစဉ်ထားသောနိုင်ငံရေး၊ လူမှုရေး ခေါင်းဆောင်များအားမနက်၊ မွန်းတည့်လက္ခံတွေ့ဆုံသည့် အပြင် ညပိုင်း၌ လည်းဖုန်းဖြင့် စစ်မီးသင့် နေသောဂါဇာမှတစ်ခုတည်းသောကက်သလစ်သာသနာအုပ်စု၏ အခြေအနေကိုလည်း မပြတ်နားစွင့် ထောင်ခဲ့သည်။
သူသည်အလွန်အရေးကြီးသောပြုပြင်ပြောင်းလဲမှုကြီးကိုလည်းလုပ်ဆောင်ခဲ့သည်။ ထိုပြု ပြင်ပြောင်း လဲမှုကြီးကားရှေးယခင်ကရဟန်းမင်းကြီး၏လက်အောက်ရှိရုံးတော်များအားလုံးကိုကြီးမှူးသောသူများမှာကာဒီနယ် (သို့) ဂိုဏ်းချုပ်ဆရာတော်များသာဖြစ်နေခဲ့ရာမှသုံးပါးသစ္စာရှင်အမျိုးသား၊ အမျိုးသမီး သူတော်စင်များအဖွဲ့အစည်း၏တာ၀န်ခံကိုသီလရှင်တစ်ပါးအား ဇန္န၀ါရီလ (၆) ရက်နေ့၌တာ၀န်ထမ်း ဆောင်စေခဲ့သည်။ ထိုသီလရှင်ကား Simona Brambilla ဖြစ်သည်။ နောက်ပြုပြင် ပြောင်းလဲမှု တစ်ခုမှာ ဗာ တီကန်အားကြီးမှူးအုပ်ချုပ်သောအမှုတော်ကိုသီလရှင် Raffaella Petrini အားဖေဖော်၀ါရီလ (၁၅) ရက်နေ့ ကအသီးသီးခန့်အပ်ခဲ့သည်။ ပထမဦးဆုံးအကြိမ်သာသနာ၏သမိုင်း၌ သုံးပါးသစ္စာရှင်သီလရှင် အမျိုးသမီးနှစ် ပါးအားသာသနာ၏အရေးကြီးသောအမှုတော်ကိုခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ဆေးရုံတက်ရောက်ရသောဤကာလ၌ အခြေအနေနှစ်ခုမှမေ့မရစရဖြစ်ရပါသည်။ ၄င်းတို့ ကားရဟန်း မင်းကြီးဖရန်စစ်၏စပိန်ဘာသာစကားဖြင့်သွင်းယူထားသောအသံဖိုင်လ်ဖြစ်သည်။ ထိုအသံ ဖိုင်လ်၌ ရဟန်းမင်းကြီးအသံသည်အားပျော့နေသောကြောင့်အသံမှာလည်းတိုးညှင်းနေရှာသည်။ အသံဖိုင်လ် ၌ရဟန်းမင်းကြီးကသူနေထိုင်မကောင်းဖြစ်နေစဉ်၀ိုင်း၀န်းဆုတောင်းပေးခဲ့ကြသောဆုတောင်းမေတ္တာ၊ ပေးပို့ သောဓာတ်ပုံများအတွက်ကျေးဇူးတင်ကြောင်းမိန့်ကြားထားခြင်းဖြစ်သည်။ ဆေးရုံတက်နေ သော ကာလရှည် ကြီး၌ထိုနေ့တစ်နေ့တည်း၌သာရဟန်းမင်းကြီးကဆေးရုံ၏ အ၀တ်အစားကို၀တ်၍ ခရမ်း ရောင်လည်ဆွဲကိုလွယ်ကာဆေးရုံ၏ (၁၀) လွှာမြောက်၌ရိုက်ကူးအသံဖမ်းခဲ့ကြသည်။
နောက်ဆုံးနှုတ်ဆက်ခြင်း၊
မတ်လ (၂၂) ရက်နေ့၌ တာ၀န်ခံဆရာ၀န်ကရဟန်းမင်းကြီးဖရန်စစ်အားဆေးရုံမှဆင်းခွင့်ပြု လိုက်ပြီဖြစ် ကြောင်းတရား၀င်အသိပေးလာပါသည်။ ထို့နေ၌ပင်ရဟန်းမင်းကြီးသည်ဆေးရုံ၏စက်ြန်မှနေ၍ သူ့အ တွက်ဆုတောင်းပေးနေသော၊ သူ၏သတင်းကိုစောင့်စားနေသောသူများအားထွက်ကြွလူလုံးပြခဲ့သည်။ ထို့နောက်ဗာတီကန်သို့ပြန်ကြွလာရာလမ်းခုလပ်၌စိန့်မေရီမေဂျာဘာစီးလီကာသို့ခရီးတစ်ထောက်၀င်မယ်တော်အားကျေးဇူးတင်ဆုတောင်းခဲ့သည်။ စိန့်မေရီမေဂျာသည်ဘာစီးလီကာ အတွင်း၌ရှိသောမယ် တော်ပုံ တော်တစ်ခုသည် ရောမမြို့သူမြို့သားများအားမှိုင်းမပေးသောကျန်းမာခြင်းမယ်တော်ဖြစ်သည်။
ထိုအချိန်၌ Franciscus ဟုရေးထိုးထားသောရဟန်းမင်းကြီး၏အုတ်ဂူသည်များမကြာမီထို ဘာစီးလီ ကာ၏မြေအောက်သချိုင်း၌တွေ့ရပေလိမ့်မည်ဟုအဘယ်သူမျှမတွေးမိခဲ့ကြ။ အဘယ်ကြောင့်ဆို သော် ရဟန်းမင်းကြီးသည်သည်စိန့်ပီတာရင်ပြင်၌ကျင်းပသောမကျန်းမမာသူတို့၏ဂျူဗလီမစ္ဆား၊ ရဟန်းမင်း ကြီးပီအုစ့် (၁၀) ၏အုတ်ဂူနှင့်ရဟန်းမင်းကြီးဘေနေဒစ် (၁၅) ၏ဆင်းတုတော် အားကြွ ရောက်ဂါ ရ၀ပြုစဉ် ဤသုံးကြိမ်လူထုရှေ့ထွက်ကြွလာခဲ့သည်။ ပါစကားတနဂ်နွေနေ့ကရောမမြို့ သူမြို့သား များနှင့်ကမ္ဘာသူက မ္ဘာသားတို့အားမိန့်ကြားသော ‘Urbi et Orbi’ ဟုခေါ်သော ဩ၀ါဒကို လည်းမိန့် ကြားခဲ့သည်။ ထိုဩ၀ါဒနှင့် အထက်ကဖော်ပြခဲ့သောလူထုကြားထွက်ကြွသောအချိန်သုံးချိန်သည် သူဆေးရုံမတက်ရောက်မီပြုလုပ်ခဲ့ သောနောက်ဆုံးအမှုတော်ဖြစ်ခဲ့သည်။ သူနောက်ဆုံးမိန့် ကြားခဲ့ သောစကားသည် ကြားမိသူတိုင်း၊ ဖတ်မိသူ တိုင်း၊ သတိရမိသူတိုင်း၏အသိ၌အစဉ်သတိရနေမည်။ ထိုစကားကား ‘Thank you for bringing me back to the Square’ (ကျွန်ုပ်ကိုစိန့်ပီတာရင် ပြင်သို့ပြန်ရောက်အောင်ပို့ဆောင်ပေးသည့်အတွက်ကျေးဇူးတင်ပါ တယ်) ဟုဖြစ်သည်။
ရဟန်းမင်းကြီးအဖအိမ်တော်ပြန်ကြွသွားခဲ့ပြီ။
(၂၀၂၅၊ ဧပြီ ၂၁) ပါစကားပွဲနေ့တနဂ်နွေလွန်ပြီးတနလာ်နေ့နံနက်ဒေသစံတော်ချိန် (၉း၅၀) အချိန်၌ ကာဒီ နယ် ‘Camerlengo Kevin Joseph Farrell’ မှအသိပေးကြေညာလိုက်သောသတင်းကြောင့် ကမ္ဘာကြီး သည်လှန့်နှိုးသွားခဲ့ကြသည်။ ကြေညာချက်ကား ‘ယနေ့နံနက်၊ ဧပြီ ၂၁၊ ၂၀၂၅ ၌ရဟန်းမင်းကြီးဖ ရန်စစ်သည် အဖခညမ်းတော်၏အိမ်တော်သို့ပြန်သွားပြီ’ ဟုဖြစ်ပါသည်။ နောက်ဆုံး၌ရ ဟန်းမင်းကြီး ပျံလွန် ရသည့်အကြောင်းအရင်းမှာသူခံစားနေရသော ရောဂါကြောင့်မဟုတ်ဘဲဦးနှောက် လေဖြတ်ခြင်း နှင့်သွေးကြောများအလုပ်အလုပ်တော့သည့်ရောဂါကြောင့်ဖြစ်သည်။
ရဟန်းမင်းကြီးဖရန်စစ်၏ပျံလွန်ခြင်းနှင့်အတူ (၂၀၂၅) ကက်သလစ်သာသနာတော်ကြီး၏ ဦးဆောင်မှု အခန်းအသစ်ကိုပြန်လည်ဖွင့်လှစ်ရန်ဖြစ်လာခဲ့သည်။ ရဟန်းမင်းကြီးတို့၏ပျံလွန်ခြင်းသည်ကြား ရသူ တိုင်းကို၀မ်းနည်းစေသည်မှာရာစုပေါင်းများစွာကပင်သမိုင်းရှိခဲ့သည်။ ရဟန်းမင်းကြီး၏ရုပ်ကလပ်ကိုရ ဟန်းမင်းကြီးသီတင်းသုံးခဲ့သော Casa Santa Marta ကျောင်းတိုက်၌တစ်ရက်တာခင်းကျင်း ၍ဂါရပြု ခွင့်ပေး ခဲ့ပြီးနောက် ထုံးတမ်းအစဉ်အလာရှိသည့်အတိုင်းသူကျောင်း ထိုင်သောစိန့်ပီတာဘာ စီးလီကာ သို့ပို့ဆောင်ကာ ဂါရ၀ပြုဖူးတွေ့နိုင်ရန်စီစဉ်ပေးခဲ့သည်။ ထို့နောက်ရဟန်းမင်းကြီးရုံးတော်ဖြစ်သော ‘the Apostolic Palace’ အားချိပ်ပိတ်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် လက်တလော၌လစ်လပ်နေ သောကြောင့်ဖြစ်သည်။
ရဟန်းမင်းကြီးအသစ်ရွေးချယ်တင်မြောက်နိုင်ချိန်မှတရား၀င်ပြန်လည်ဖွင့်လှစ်အပ်နင်းမည်ဖြစ်သည်။ ထို အတောအတွင်းခေါင်းတလားကိုပိတ်ခြင်း၊ စျာပနမစ္ဆားပူဇော်ခြင်း၊ မြှုပ်နှံရာသို့ အခမ်းအနားဖြင့် ပင့်ဆောင် ခြင်း၊ စိန့်မေရီဘာစီလီကာ၌ပြင်ဆင်ထားသောစကျင်ကျောက်ဖြူ အုတ်ဂူတို့ကိုပြင်ဆင်း များကိုလုပ်ဆောင် ကြရသည်။ ရဟန်းမင်းကြီးဖရန်စစ်အားမြေချခဲ့သည့်နေ့မှစ ၍ယနေ့ထိတိုင် ဘုရားသူများ၊ လာရောက်လည် ပတ်သူများနှင့်မပြတ်ရှိနေသကဲ့သို့လည်း လတ်ဆတ်သောပန်းများကို လည်းယနေ့ထိဆက်လက်ကပ်ပေး လျှက်ရှိသည်။
Fr. Clement Ate

