rvamyanmar

rvamyanmar

မရိုးသားတဲ့ ကုလားအုပ်ပိုင်ရှင်

တစ်ခါတုန်းက ကုန်သည်တစ်ဦးမှာ သန်မာလှပတဲ့ မြင်းတစ်ကောင်ရှိတယ်။ အဲဒီမြင်းဟာ တစ်နေ့အတွင်း မိုင်ပေါင်းများစွာ ခရီးတွင်အောင်သွားလာနိုင်တာမို့ ပိုင်ရှင်ကုန်သည်က အလွန်မြတ်နိုးတယ်လို့ ဆိုတယ်။အဲဒီအဖိုးတန်မြင်းကို ကုလားအုတ်တစ်ကောင် ပိုင်ဆိုင်ထားတဲ့ ကုန်သည်တစ်ဦးက အလွန်သဘောကျနေတယ်။ တစ်နေ့မှာ ကုလားအုတ်ပိုင်ရှင်က မြင်းပိုင်ရှင်ကို ကုလားအုတ်နဲ့ မြင်း လဲလှယ်ရအောင်ဆိုပြီး စကားကမ်းလှမ်းပါတယ်။မြင်းပိုင်ရှင်က ငြင်းဆန်တယ်။ ကုလားအုတ်ပိုင်ရှင်က သူ့မှာရှိသမျှ စည်းစိမ်နဲ့လဲမယ်လို့ တောင်းဆိုပြန်တယ်။ မြင်းပိုင်ရှင်က ဒီမြင်းဟာ ကျွန်တော့်ဘဝအတွက် အကောင်းဆုံးအဖော်မွန်၊ ကျွန်တော် အသက်ရှင်နေသရွေ့ ဒီမြင်းကို ဘယ်လိုအရာမျိုးတွေနဲ့မှ မလဲနိုင်ဘူးလို့ ငြင်းဆိုလိုက်တယ်။ကုလားအုတ်ပိုင်ရှင်က မြင်းကို အလွန်နှစ်သက်နေတာကြောင့် မြင်းကို…

ကျေးဇူးတော်၊ ယုံကြည်ခြင်း နှင့် တရားမျှတခြင်း၊ အကြောင်း ပုပ်ရဟန်မင်းကြီး လီယို ၁၄ မြွက်ကြား။

ကျေးဇူးတော်၊ ယုံကြည်ခြင်း နှင့် တရားမျှတခြင်း၊ အကြောင်း ပုပ်ရဟန်မင်းကြီး လီယို ၁၄ မြွက်ကြား။ အင်္ဂါနဲ့နေ့လယ်ပိုင်းက ပုပ်ရဟန်းမင်းကြီးလီယို ၁၄ သည် ရောမမြို့အပြင်ဘက်ရှိ သူတော်စင်များ၏ ရုပ်ကလပ်များထိန်းသိမ်းထားရာ စိန့်ပေါလ် ဘာစီးလီကာ ကျောင်းတော်ကြီးသို့သွားရောက်ခဲ့ပါသည်။ တစ်ကိုယ်တည်း ဆုတောင်းအပြီးတွင်၊ ရောက်ရှိနေသောသူများ နှင့် ဆုတောင်းခြင်း အမှုကိုဦးဆောင်ခဲ့ ပါသည်။ သူ၏ရဟန်းမင်းကြီးဘဝခေါ်တော်မူခြင်းအတွက် အလင်းပေးသောအချက်သုံးချက် ဖြစ်သည့်တရားမျှ တခြင်း၊ ယုံကြည်ခြင်းနှင့် ကျေးဇူးတော်တို့အကြောင်း ရေးသားထားသော စိန့်ပေါလ်၏ ရောမမြို့သား တို့ထံပေးသောစာကို ဖတ်ရှုဟောကြားခဲ့ပါသည်။ ကျေးဇူးတော်သို့မဟုတ်ဘုရားရှင်၏အကူအညီ။ စိန့်ပေါလ်၏ ရောမမြို့သားတို့ထံပေးသောစာထဲမှာ…

ခက်ခဲမှူတွေကို ကျော်လွှာနိုင်တဲ့စိတ်ဓာတ်

“အခက်အခဲတွေကို ဖြတ်ကျော်ရန် အကောင်းဆုံးနည်းလမ်းမှာ သူတို့ကို ဖျက်ဆီးပစ်ဖို့ မဟုတ်ပါဘူး၊ သူတို့ထက် ပိုမိုတောက်ပသော အလင်းဖြင့် တုံ့ပြန်ရန်ဖြစ်ပါတယ်”(Nikola Tesla)၁၈၈၄ ခုနှစ် ဇွန်လတွင် နီကိုလာ တက်စလာဟာ အာမေးရီးကားမှာ ခြေချဖို့အတွက် နယူးယောက်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ပါတယ်။ သူ့အိတ်ကပ်ထဲမှာ ငွေလေးမပြောပလောက်အောင်ပဲရှိ​ပေမယ့်၊ သူ့ရဲ့ဉာဏ်ပညာနှင့် တီထွင်ဖန်တီးနိုင်စွမ်းကိုသာ အားကိုးခဲ့ပြီး လာခဲ့တာပါ။တက်စလာဟာ အဲ့တုန်းက နာမည်ကြီး တီထွင်သူ သောမတ်စ် အက်ဒီဆင်၏ “Edison Machine Works” တွင် အင်ဂျင်နီယာအဖြစ် အလုပ်ရခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ AC (Alternating…

ယခုအချိန်သည် ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပေါင်းကူးတံတားများတည်ဆောက်ရမယ့်အချိန်ဖြစ်တယ်လို့ပုပ်ရဟန်းမင်းကြီးလီယိုမိန့်ကြား။

ယခုအချိန်သည် ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပေါင်းကူးတံတားများတည်ဆောက်ရမယ့်အချိန်ဖြစ်တယ်လို့ပုပ်ရဟန်းမင်းကြီးလီယိုမိန့်ကြား။ အာဗီအေမြန်မာ၊၂၁၊၅၊၂၀၂၅။ ပြီးခဲ့သောတနင်္လာနေ့ မေလ ၁၉ ရက်နေ့က ခရစ်ယာန်များစည်းလုံးညီညွတ်ရေးနှင့် ဘာသာရေး နှီးနှောဖလှယ်မှုတို့၏ ကိုယ်စား လှယ်များကို ရဟန်းမင်းကြီးလီယို ၁၄ က အထူးဧည့်သည်အဖြစ် လက်ခံတွေ့ ဆုံခဲ့ပါသည်။ ယုံကြည်ခြင်း၌စည်းလုံးခြင်းသည်သာ၊ စစ်မှန်သောစည်းလုံးခြင်း။ ရဟန်းမင်းကြီးလီယိုသည် ပထမဦးစွာ ခရစ်ယာန်အသင်းတော်များ၊ ခရစ်ယာန်အဖွဲ့အစည်းများ နှင့် တွေ့ဆုံခဲ့ပြီး၊ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင့်ခုနစ်ရာလောက်က ပြုလုပ်ခဲ့သော နီစီယာမြို့ကောင်စီ (Council of Nicea) ကို အခြေခံပြီး ခရစ်ယာန်များကြားစည်းလုံးညီညွတ်မှုသည် ယုံကြည်ခြင်း၌သာ စည်းလုံးခြင်းရှိနိုင်သည်ဟုအလေးပေးပြောကြားခဲ့ပါသည်။ လူသားအချင်းချင်းစည်းလုံးညီညွတ်မှု၏ဘုံလမ်းစဉ် ခရစ်ယာန်မဟုတ်သောအခြားဘာသာရေး…

ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) ပါစကားကာလပဥ္စမသီတင်းပတ် ဗုဒ္ဓဟူးနေ့ဩဝါဒ ၂၁၊ ၅၊ ၂၀၂၅

ဓမ္မမိတ်ဆွေတို့ကိုဒီကနေ့ကြားနာခဲ့ရတဲ့ဟာ ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၁၅:၁-၈ မှာငါဟာစစ်မှန်သောစပျစ်နွယ်ပင်ဖြစ်တယ်။ ငါ၌အသီးမသိသောအကိုင်းအခက်တို့ကိုဖယ်ရှားဖြတ်တောက်ပစ်မယ်။ ဒီနေ့ခေတ်ကြီးထဲမှာ၊ ရုပ်ဝတ္ထုဝါဒလွှမ်းမိုးမှုကြောင့်၊ လူတွေဟာအချိန်နှင့်အမျှ ငွေနောက်ကိုလိုက်နေကြရတယ်။ တစ်ချို့သောတိုးတက် ချမ်းသာတဲ့နိုင်ငံတွေမှာ၊ လစာပေးခြင်း၊ စနေ တနင်္ဂနွေအားလပ်ရက်ပေးခြင်း၊ ဆိုတာတွေထက် အလုပ်ကိုအချိန်နာရီနဲ့လုပ်စေတယ်။ တစ်နာရီအလုပ်လုပ်လျှင် အခါကျေးငွေတွေ ဘယ်လောက် ဆိုတာပေးပြီးခိုင်းကြတယ်။ ရက်သတ္တပတ်ကို အချိန်နာရီ၄၀ သို့ နာရီ၅၀၊ အလုပ်လုပ်ကြရတယ်။ အချိန်နာရီ၄၀/ ၅၀ပြည့်ဖို့ရန် ဘယ်နေ့ဘယ်ရက်မှာပဲအလုပ်လုပ်ရေး၊ တစ်ပတ်ကိုအချိန်မှာနာရီ၅၀ပြည့်ဖို့သာ အရေးကြီးတယ်။ စီးပွားရေးသမားတွေက အချိန်ကိုငွေဖြစ်စေတယ်၊ ဒါကြောင့်အချိန်က ငွေ၊ ငွေက ဘုရားနေရာကို ဝင်ရောက်လာတယ်။ ဒါကြောင့်ခရစ်ယာန်တော်တော်များများဟာ အမည်ခံ…

သာသနာတာ်သည် မုန့်ကိုကြီးထွားစေသော တဆေးကဲ့သို့ စည်းလုံးခြင်းနှင့် ချစ်ခြင်းမေတ္တာကို တိုးပွား စေသော တဆေးလေးများဖြစ်ကြရမည်။

သာသနာတာ်သည် မုန့်ကိုကြီးထွားစေသော တဆေးကဲ့သို့ စည်းလုံးခြင်းနှင့် ချစ်ခြင်းမေတ္တာကို တိုးပွား စေသော တဆေးလေးများဖြစ်ကြရမည်။ အာဗီအေမြန်မာ၊၁၉၊၅၊၂၀၂၅။ မေလ ၁၈ ရက်နေ့ ရဟန်းမင်းကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်း တနင်္ဂနွေနေ့ မစ္ဆားတရားအပြီးတွင် “ကျွန်ုပ်၏ကောင်းမှုကုသိုလ်တို့အတွက် ရွေးချယ်ခံခဲ့ရခြင်းမဟုတ်၊ဘုရားရှင်သည် ကျွန်ုပ်တို့အားလုံးကို မိသားစုတစ်စုကဲ့သို့စည်းလုံးစေချင်တဲ့အတွက်ကြောင့် ဘုရားရှင်၏ ချစ်ခြင်းမေတ္တာလမ်းမှာ သင်တို့နဲ့ အတူလျှောက်လှမ်းရန်၊ သင်တို့၏ယုံကြည်ခြင်းကိုအစေခံရန်ဆန္ဒရှိသော ညီအစ်ကိုတစ်ယောက်အဖြစ် သင်တို့ထံသို့ ကြောက်ရွံ့တုန်လှုပ်မှုများနှင့် ကျွန်ုပ်လာမည်။” သူ၏သြဝါဒတွင် ရိုးရှင်းလေးနက်သော စကားလုံးများဖြင့် သာသနာတော်ကြီးကိုလမ်းညွှန်နေပြီး၊ စစ်ပွဲများ၊ အကြမ်းဖက်မှုများ၊မုန်းတီးမှုများနှင့် ကွဲပြားမှုများသည် ၊ (သူတစ်ပါးဒုက္ခ၊ကိုယ်နှင့် မဆိုင်သူများ) ကဲ့သို့ဖြစ်နေကြောင်းထောက်ပြခဲ့ပြီး၊…