rvamyanmar

rvamyanmar

ရဟန်းမင်းကြီးဖရန်စစ်သည် ဂျော်ဒန်ဘုရင်နှင့်ဗာတီကန်၌တွေ့ဆုံ

ရဟန်းမင်းကြီးဖရန်စစ်သည် ဂျော်ဒန်ဘုရင်နှင့်ဗာတီကန်၌တွေ့ဆုံ ပုပ် ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်သည် ပြီးခဲ့သော တပတ် ကြာသပတေးနေ့ မေလ ၂ ရက်နေ့ က ဂျော်ဒန်ဘုရင် Abdullah II နှင့်ဗာတီကန်၌တွေ့ဆုံခဲ့သည်။ သက်တော် (၈၇) နှစ်ရှိပြီဖြစ်သော ရဟန်းမင်းကြီးက ဂျော်ဒန်ဘုရင်အားလက်ဆောင်တစ်ခုကိုပေးခဲ့သည်။ ထိုလက်ဆောင်ပေါ်၌ ‘Papal Blessing in St.’s Peter Square’ (စိန့်ပီတာရင်ပြင်၌ပေးထားသောရဟန်းမင်းကြီး ၏ကောင်းချီး) ဟုရေးထိုးထားသည်။ ဤလက်ဆောင်ကို ဗာတီကန်၏ ကျောက်ပန်းချီအလုပ်ရုံမှထုတ်လုပ်ခြင်းဖြစ်သည်။ ဂျော်ဒန်ဘုရင်မှလည်း အာရာဗီစာရေးထိုးထားသောပန်းပုရုပ်တုတစ်ခုကိုလက်ဆောင်ပြန်ပေးအပ်ခဲ့သည်။ ထိုပန်းပုရုပ်တုပေါ်၌မည်သည့်စာရေးထိုးထား သည်ကိုမူဖော်ပြမထားပေ။ ရဟန်းမင်းကြီးနှင့်ဂျော်ဒန်ဘုရင်တို့ သည်…

အင်္ဂလန်အသင်းတော်၏ဘုန်းကြီးတစ်ပါးဖြစ်ခဲ့သူအားကက်သလစ်ဆရာတော်တစ်ပါးအဖြစ်တင်မြောက်

အင်္ဂလန်အသင်းတော်၏ဘုန်းကြီးတစ်ပါးဖြစ်ခဲ့သူအားကက်သလစ်ဆရာတော်တစ်ပါးအဖြစ်တင်မြောက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် အင်္ဂလီကန်ဘုန်းတော်ကြီးအဖြစ်မှကက်သလစ်ဘုန်းကြီးအဖြစ်ကူးပြောင်းလာသော ဖာသာရ် David Arthur Waller အား Walsingham မယ်တော် သာသနာ၏သာသနာ ပိုင်ဆရာတော်အဖြစ် ရွေးချယ်တင်မြောက်ခဲ့သည်။ ယခုကဲ့သို့ အင်္ဂလီကန်ဘုန်းကြီးဘ၀မှကက်သလစ်ဘုန်း ကြီးအဖြစ်ပြောင်းလဲခံယူခဲ့သော ဘုန်းကြီးအား ကက်သလစ်ဆရာတော်တစ်ပါးအဖြစ်ရွေးချယ်တင်မြောက်ခြင်းသည် ကက်သလစ်သာသနာ၏သမိုင်း၌ ပထမဦးဆုံးအကြိမ်ဖြစ်သည်။ ယခုရွေးချယ်ခံထားရသောဆရာတော်လောင်းသည် သိက္ခာထပ်ပြီးနောက် ဆရာတော် Keith Newton ၏ အရိုက်အရာကိုဆက်ခံရမည်ဖြစ်သည်ဟုဆိုသည်။ အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

မေတ္တာရှင်မလေး ဆန်းဒရာဆာဘာတီးနီသည် ဆေးကျောင်းသူ သူတော်မြတ်လူငယ်လေးတဉီးဖြစ်

မေတ္တာရှင်မလေး ဆန်းဒရာဆာဘာတီးနီသည် ဆေးကျောင်းသူ သူတော်မြတ်လူငယ်လေးတဉီးဖြစ် ဆန်းဒရာဆာဘာတီးနီသည် အီတလီလူငယ်အမျိုးသမီးဖြစ်သည်။ သူသည်အသက်အရွယ်ငယ်ရွယ်သလောက် တစ်ပါးသူအားကူညီယှိုင်းပင်းလိုစိတ်လွန်စွာထက်သန်ခဲ့သူဖြစ်သည်။ ကူလည်းကူညီခဲ့ သည်။ သူ၏စာနာစိတ်၊ ကြင်နာစိတ်ဖြင့် အကူအညီလိုအပ်သူများ၊ ချို့တဲ့နွမ်းပါးသူများ အထူးသဖြင့်လစ်လျူရူစွန့်ပစ်ဖယ်ကြင်ခံရသောသူများကို အရွယ်နှင့်မလိုက်အောင်ကူညီဖေးမတတ်၍ လူချစ်လူခင်ပေါသည်။ အားကိုးသူပေါသည်။ သူသည် ဘုရားတရားလွန်စွာကိုင်းရှိုင်းသူ၊ သူ့ပတ်၀န်းကျင်ကိုအထူးဂရုစိုက်တတ်သူဖြစ်သည်။ သို့သော်သူသည် ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့်ဆုံးပါးသွားခဲ့ရသည်။ သူ၏ကောင်းမွေများသည် သူ့ကိုသိသောအသိုင်းအဝိုင်းအတွင်း၌ ဆက်လက်ရှင်သန်လျှက်ရှိပါသည်။ သူ့အား (ဩဂုတ်လ ၁၉၊ ၁၉၆၁) တွင်မွေးဖွားခဲ့ပြီး (မေလ ၂၊ ၁၉၈၄) အသက် (၂၂) နှစ်၌ အီတလီနိုင်ငံ၊ ဘိုလိုးညာတွင်ကွယ်လွန်ခဲ့သည်။…

စိန်ထရေဇားသီလရှင် ဂိုဏ်း၏ အကြီးအကဲ Sr. Assumpta Wong (SJA) ၏ သီလှရှင်၀ါတော် (၆၅) နှစ်ပြည့်ပွဲ Divine Mercy Centre ၌ ကျင်းပ

စိန်ထရေဇားသီလရှင် ဂိုဏ်း၏ အကြီးအကဲ Sr. Assumpta Wong (SJA) ၏ သီလှရှင်၀ါတော် (၆၅) နှစ်ပြည့်ပွဲ Divine Mercy Centre ၌ ကျင်းပ (May 7, 2024) စိန်ထရေဇားသီလရှင် အသင်းဂိုဏ်း၏ အကြီးအကဲ Sr. Assumpta Wong (SJA) ၏ သီလှရှင်၀ါတော် (၆၅) နှစ်ပြည့်ပွဲ မစ္ဆားတရားတော်မြတ်ကို ကလေးသာသာနာပိုင်ဆရာတော်ကြီး Bishop Felix Lian Khen Thang အမှုးပြုကာ ရဟန်း(၂)ပါး၊ သီလရှင်…

ချက်မှ ကက်သလစ်ဘုန်းကြီးတစ်ပါး၊ လက်နက်ဖြင့်ဗာတီကန်ထဲ ၀င်၍ ထိန်းသိမ်းခံထားရ

ချက်မှ ကက်သလစ်ဘုန်းကြီးတစ်ပါး၊ လက်နက်ဖြင့်ဗာတီကန်ထဲ ၀င်၍ ထိန်းသိမ်းခံထားရ အဆိုပါကက်သလစ် ဘုန်းကြီးအမည်မှာ Milan Palkovic ဖြစ်ပြီး သက်တော်မှာ (၅၈) ဟုသိရသည်။ သူသည်ချက်သမ္မတနိုင်ငံမှဖြစ်ကာ အခင်းဖြစ်ချိန်၌ ချက်သမ္မတနိုင်ငံမှကက်သလစ်ဘာသာတူဘုရားဖူးများနှင့်အတူရောမသို့ရောက်ရှိနေခြင်းဖြစ်သည်။ အဆိုပါဘုန်းကြီးနှင့်အတူလိုက်ပါလာသောအဖော်ဆိုသူမှာ မည်သူ မည်၀ါဖြစ်သည်ကိုမသိရ။ ထို့ကြောင့် ဗာတီကန်ရဲများကအဆိုပါဘုန်းကြီးအားဖမ်းချုပ်ထားလိုက်သည်။ အခင်းဖြစ်ပွားသောနေ့မှာ မေလ (၅) ရက်နေ့၊တနင်္ဂနွေနေ့နံနက်ပိုင်း ဒေသစံတော်ချိန် (၉) နာရီ ၌ဖြစ်ပွားခဲ့သည်။ သူ၏လက်ထဲ၌ လည်းလက်နက်နှင့်အတူခရီးသွားအိတ်ပါသည်။ သူ၏ခန္ဓာကိုယ်နှင့်အိတ်များအားစစ်ဆေးကြည့်ရာ ဘီဘီသေနတ်တစ်လက်၊ ဓားတစ်ချောင်နှင့်၀က်အူလက်တို့ကိုတွေ့ရှိခဲ့သည်။ ယခုကဲ့ သို့ဆောင်ထားရခြင်းမှာ မိမိကိုယ်ကိုကာကွယ်ရန်ဖြစ်ကြောင်းနှင့်လက်နက်များအားလုံးသည် သူ့ပစ္စည်းများ ဖြစ်ကြောင်းဖြေကြားခဲ့သည်။ ဗာတီကန်ရဲများက…

မစနောက်ပါနဲ့

ကျမ တို့မြန်မာလူမျိုးတွေဟာ စ နောက်ရတာကို နှစ်သက်ကြပါတယ်။ အဲလို စ နောက်တာ/နောက်ပြောင်ကျီ စယ်တာက တစ်ယောက်နဲ့တစ်ယောက်ကြားက ခင်မင်ရင်းနှီးမှုကို ခိုင်မြဲစေတယ်လို့ ထင်နေကြတာဟာ လုံးဝ မှားယွင်းတဲ့ ခံယူချက်ပါပဲ။ စနောက်ခြင်းရဲ့ အဆုံးသတ်က ဒေါသနဲ့ ရန်ပွဲ/ခင်မင်မှု ပျက်ပြားရခြင်းပဲ ဖြစ်လာပါတယ်။ ဒါကြောင့် လူကြီးပဲဖြစ်ဖြစ် /ကလေးကိုပဲဖြစ်ဖြစ် လုံးဝ မစ နောက်သင့်ပါဘူး။ လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို စ တဲ့အခါ နစ်နာစေလိုတဲ့ ရည်ရွယ်ဆိုးကြီး ရှိမနေတာတော့ အမှန်ပါပဲ။ ကိုယ်စလိုက်တာကို ကလေးက တစ်ကယ်ထင် သွားတဲ့ အမူအရာ…