rvamyanmar

rvamyanmar

ကျွမ်းကျင်မှုနယ်ပယ်

ဒီတိုင်းပြည်ကို ဘယ်လိုစီမံကွပ်ကဲရမယ်ဆိုတာ သိတဲ့ လူအားလုံးက တက္ကစီမောင်း၊ ဆံပင်ညှပ်နဲ့ အလုပ်ရှုပ်နေကြတာ တော်တော် ဆိုးသဗျာ့။အမေရိကန်လူရွှင်တော်ကြီး ဂျော့ဂျ် ဘန်းစ် (၁၈၉၆ – ၁၉၉၆) ပြောခဲ့တဲ့ သရော်စကားတစ်ခွန်းပါ။ဘန်းစ်က စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။အသက် ၁၀၀ အရွယ်ရောက်မှ လူ့လောကကို စွန့်ခွာသွားခဲ့တဲ့ ဘန်းစ်ဟာသူ ကျင်လည်ခဲ့ရတဲ့ အနုပညာလောက (စာပေ၊ ရုပ်ရှင်၊ ဂီတ) ထဲ ထိတွေ့ပတ်သက်ခဲ့တဲ့ ‘ ပါလေရာလေအိုး ‘ တွေကို မြင်ပြင်းကတ်စိတ်နဲ့ သရော်ခဲ့ပုံရတယ်။ဒီဘက်ခေတ် ဆိုရှယ်မီဒီယာလောကကို မမီလိုက်လို့…

ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သခင်ယေဇူးမိုးကောင်းကင်သို့ တက်ကြွတော်မူသောပွဲတော်နေ့ကြီး တနင်္ဂနွေနေ့ ဩဝါဒ ၁၂၊ ၅၊ ၂၀၂၄

အစားအသောက်လေလွင့်မှု နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု

အစားအသောက်လေလွင့်မှု နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု———————————————– ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme) ​၏ ကြေညာချက်အရ ကမ္ဘာတစ်ဝန်း၌ လူပေါင်း ၃၄၅ သန်းကျော်သည် အစားအစာလုံလောက်မှု မရှိကြောင်း ခန့်မှန်းသိရှိရသည်။ ထိုပမာဏသည် ၂၀၂၀ ခုနှစ်အတွင်း အစားအစာမလုံလောက်မှုပမာဏထက် နှစ်ဆကျော် မြင့်တက်ခဲ့သည်။ နှစ်စဉ် ကလေးငယ် ၃.၁ သန်း အပါအဝင် လူ ၉ သန်းခန့်သည် ငတ်မွတ်မှုကြောင့် သေဆုံးနေရကြောင်း သိရှိရသည်။ သို့သော် တစ်ချိန်တည်းမှာပင် ကမ္ဘာပေါ်ရှိ အစားအစာထုတ်လုပ်မှု​၏ သုံးပုံတစ်ပုံခန့်သည် အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးမှု…

ဆီဒ်နီဂိုဏ်းချုပ်သာသနာမှ မေလ စိပ်ပုတီးလအတွက် အစီအစဉ္ကောင်းများပြင်ဆင်ထားး

ဆီဒ်နီဂိုဏ်းချုပ်သာသနာမှ မေလ စိပ်ပုတီးလအတွက် အစီအစဉ္ကောင်းများပြင်ဆင်ထားး ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် စိတ်ပုတီစိပ်၍ဆုတောင်းကြရန်အမိမယ်တော်ဖာတီမာမြို့၌ ကိုယ်ထင်ရှားပြစဉ် သိုးကျောင်းနေသောကလေးသုံးဦးအားသတင်းစကားပါးခဲ့သည်မှာတစ်ရာစု (နှစ်တရာကျော်) လာပြီဖြစ်သည်။ အမိမယ်တော်၏တောင်းဆိုချက်ကိုဖြည့်ဆည်းသည့်အနေဖြင့် ဆီဒ်နီမြို့မှထောင်နှင့်ချီသောဘာသာတူများသည် စိန့်မေရီကယ်သီဒရယ်မှအစပြု၍ စိတ်ပုတီးသခင်မအားစိတ်ပုတီးစိပ်ကာစီ တန်းလမ်းလျှောက် ကြည်ညိုခြင်းကိုပြုကြမည်ဖြစ်သည်။ ယခုကဲ့သို့စီတန်းလမ်းလျှောက် ၍ ကြည်ညိုခြင်းကိုပြုခြင်းသည် ကြည်ညိုခြင်းသက်သက်သာမဟုတ်။ အမိမယ်တော်အားကြည်ညိုခြင်ကိုပြုရန်သတင်းစကားပါးခြင်းဖြစ်သကဲ့သို့ကက်သလစ်ခရစ်ယာန်များ၏စည်းလုံးခြင်းကိုလည်းပြသခြင်းဖြစ်သည်။ ဆီဒ်နီဂိုဏ်းချုပ်သာသနာအနေဖြင့် ကက်သလစ်ဘာသာတူများအား ယခုအစီအစဉ်၌ပါ၀င်၍ မေလ (၁၁) ရက်နေ့၌ပွဲနေ့ကျရောက်မည့် ဖာတီမာမယ်တော်အားကြည်ညိုခြင်းကိုပြသကြရန်ကိုလည်းလှိုက်လှဲနွေးထွေးစွာဖိတ်ခေါ်လျှက်ရှိသည်။ မေလသည် အမိမယ်တော်အား ထူး ခြားသောကြည်ညိုခြင်းကိုပြသသော လတစ်လဖြစ်သောကြောင့် သူမတူ သောကောင်းချီးတော်ချယ်မှုန်းထားသောလလည်းဖြစ်သည်။ ထို့ကြောင့် လှပစွာသီကုံး ထားသောဓမ္မသီချင်းများ၊ ဆုတောင်းမေတ္တာများကိုသီဆို၊ ရွတ်ဖတ်ပူဇော်ရင်းကျွန်ုပ်တို့၏…

အင်္ဂလန်အသင်းတော်၏ဘုန်းကြီးတစ်ပါးဖြစ်ခဲ့သူအားကက်သလစ်ဆရာတော်တစ်ပါးအဖြစ်တင်မြောက်

အင်္ဂလန်အသင်းတော်၏ဘုန်းကြီးတစ်ပါးဖြစ်ခဲ့သူအားကက်သလစ်ဆရာတော်တစ်ပါးအဖြစ်တင်မြောက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် အင်္ဂလီကန်ဘုန်းတော်ကြီးအဖြစ်မှကက်သလစ်ဘုန်းကြီးအဖြစ်ကူးပြောင်းလာသော ဖာသာရ် David Arthur Waller အား Walsingham မယ်တော် သာသနာ၏သာသနာ ပိုင်ဆရာတော်အဖြစ် ရွေးချယ်တင်မြောက်ခဲ့သည်။ ယခုကဲ့သို့ အင်္ဂလီကန်ဘုန်းကြီးဘ၀မှကက်သလစ်ဘုန်း ကြီးအဖြစ်ပြောင်းလဲခံယူခဲ့သော ဘုန်းကြီးအား ကက်သလစ်ဆရာတော်တစ်ပါးအဖြစ်ရွေးချယ်တင်မြောက်ခြင်းသည် ကက်သလစ်သာသနာ၏သမိုင်း၌ ပထမဦးဆုံးအကြိမ်ဖြစ်သည်။ ယခုရွေးချယ်ခံထားရသောဆရာတော်လောင်းသည် သိက္ခာထပ်ပြီးနောက် ဆရာတော် Keith Newton ၏ အရိုက်အရာကိုဆက်ခံရမည်ဖြစ်သည်ဟုဆိုသည်။ အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

စိန်ထရေဇားသီလရှင် ဂိုဏ်း၏ အကြီးအကဲ Sr. Assumpta Wong (SJA) ၏ သီလှရှင်၀ါတော် (၆၅) နှစ်ပြည့်ပွဲ Divine Mercy Centre ၌ ကျင်းပ

စိန်ထရေဇားသီလရှင် ဂိုဏ်း၏ အကြီးအကဲ Sr. Assumpta Wong (SJA) ၏ သီလှရှင်၀ါတော် (၆၅) နှစ်ပြည့်ပွဲ Divine Mercy Centre ၌ ကျင်းပ (May 7, 2024) စိန်ထရေဇားသီလရှင် အသင်းဂိုဏ်း၏ အကြီးအကဲ Sr. Assumpta Wong (SJA) ၏ သီလှရှင်၀ါတော် (၆၅) နှစ်ပြည့်ပွဲ မစ္ဆားတရားတော်မြတ်ကို ကလေးသာသာနာပိုင်ဆရာတော်ကြီး Bishop Felix Lian Khen Thang အမှုးပြုကာ ရဟန်း(၂)ပါး၊ သီလရှင်…

မေတ္တာရှင်မလေး ဆန်းဒရာဆာဘာတီးနီသည် ဆေးကျောင်းသူ သူတော်မြတ်လူငယ်လေးတဉီးဖြစ်

မေတ္တာရှင်မလေး ဆန်းဒရာဆာဘာတီးနီသည် ဆေးကျောင်းသူ သူတော်မြတ်လူငယ်လေးတဉီးဖြစ် ဆန်းဒရာဆာဘာတီးနီသည် အီတလီလူငယ်အမျိုးသမီးဖြစ်သည်။ သူသည်အသက်အရွယ်ငယ်ရွယ်သလောက် တစ်ပါးသူအားကူညီယှိုင်းပင်းလိုစိတ်လွန်စွာထက်သန်ခဲ့သူဖြစ်သည်။ ကူလည်းကူညီခဲ့ သည်။ သူ၏စာနာစိတ်၊ ကြင်နာစိတ်ဖြင့် အကူအညီလိုအပ်သူများ၊ ချို့တဲ့နွမ်းပါးသူများ အထူးသဖြင့်လစ်လျူရူစွန့်ပစ်ဖယ်ကြင်ခံရသောသူများကို အရွယ်နှင့်မလိုက်အောင်ကူညီဖေးမတတ်၍ လူချစ်လူခင်ပေါသည်။ အားကိုးသူပေါသည်။ သူသည် ဘုရားတရားလွန်စွာကိုင်းရှိုင်းသူ၊ သူ့ပတ်၀န်းကျင်ကိုအထူးဂရုစိုက်တတ်သူဖြစ်သည်။ သို့သော်သူသည် ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့်ဆုံးပါးသွားခဲ့ရသည်။ သူ၏ကောင်းမွေများသည် သူ့ကိုသိသောအသိုင်းအဝိုင်းအတွင်း၌ ဆက်လက်ရှင်သန်လျှက်ရှိပါသည်။ သူ့အား (ဩဂုတ်လ ၁၉၊ ၁၉၆၁) တွင်မွေးဖွားခဲ့ပြီး (မေလ ၂၊ ၁၉၈၄) အသက် (၂၂) နှစ်၌ အီတလီနိုင်ငံ၊ ဘိုလိုးညာတွင်ကွယ်လွန်ခဲ့သည်။…