ဖာသာရ် Rev.Fr. Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) ပါစကားကာလစတုတ္ထသီတင်းပတ် တနင်္လာနေ့ဩဝါဒ ၁၂၊ ၅၊ ၂၀၂၅

ဓမ္မမိတ်ဆွေတို့၏ ဒီကနေ့ကြားနာရတဲ့ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၀:၁-၁၀ မှာသခင်ခရစ်တော်က ငါသည် တံခါးဝ ဖြစ်သည်၊ ငါသည် ကောင်းသောသိုးထိန်းဖြစ်သည် ဟုဆိုသောကျမ်းချက်ကိုကျွန်တော်တို့ကြားနာခဲ့ရပါသည်။ သခင်ခရစ်တော်က သူနောက်လိုက်တွေ သူဟောပြောသွန်သင်သမျှကို လိုက်လံ နားထာင်နာယူသူ၊ သင်ယူသူတွကို သူဟာဘယ်လိုမျိုး ပုဂ္ဂိုလ်ဖြစ်တယ် ၊ သူဘာရည်ရွယ်ချက်နဲ့ ဘာလုပ်ဖို့ဒီလောကကို ကြွလာတယ်ဆိုတာကို နားလည်စခြင်လို့ ပတ်ဝန်ကျင်မှာရှိတဲ့အရာတွေနဲ့ ဥပမာ ပေ ဟောပြောခြင်းဖြစ်တယ်။ ငါဟာဂိတ်တံခါးဝဖြစ်တယ် ဒီအချက်ကဘာကိုဆိုလိုတာလည်း၊ နောင်ဘဝထာဝရအသက်ကိုရဖို့၊ ကောင်းကင်နိုင်ငံတော်မှာဘုရားရှင်နဲ့ အတူထာဝရနေနိုင်ဖို့ရန်၊ သခင်ခရစ်တော်ဟာဂိတ်တံခါးဝဖြစ်တယ်။ သူ့ဂိတ်ကဝင်မှသာလျှင်ထာဝရအသစ်ကိုရလိမ့်မယ်။ ဒီဂိတ်ကိုဝင်ဖို့ယုံကြည်သူတွေသာဝင်လို့ရတယ်။ သခင်ခရစ်တော်ကိုမယုံကြည်သူတွေအနေနဲ့သခင်ခရစ်တော်ဆိုတဲ့တံခါးဝကနေဝင်လို့မရပါဘူး။ သူတို့ရဲ့မယုံကြည်ခြင်းကြောင့်သာဖြစ်တယ်။ စစ်မှန်တဲ့အမှန်တရားကိုရဖို့ စစ်မှန်တဲ့ဂိတ်တံခါးဝကနေဝင်ရမယ်။…