
သဖာရ်သာ Aloysius Nay Myo Swe (မန္တလေကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလစတုတ္ထ စနေနေ့ ၇၊ ၂၊ ၂၀၂၆


လူဝတ်ကြောင်များ၊ မိသားစုနှင့် ဘဝဆိုင်ရာဝန်ကြီးဌာန (Dicastery for the Laity, the Family and Life) ၏ အကြီးအကဲဖြစ်သူ ကာဒီနယ် ကီဗင် ဖာရဲလ်သည် ရောမမြို့တွင် ယခုအပတ်၌ ကျင်းပ သည့် ဝန်ကြီးဌာန၏ စုံညီအစည်းအဝေးတွင် လူဝတ်ကြောင်များ၏ အခြေခံဝိညာဉ်ရေး လေ့ကျင့် မှုတွင် ဒေသခံသာသနာများက ကူညီပေးရန် တိုက်တွန်းခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ တွေ့ဆုံပွဲများသည် “ယေဇူးခရစ်တော်နှင့် အမှန်တကယ် တွေ့ဆုံရသည့် အတွေ့အကြုံများ” ဖြစ်လာစေရန် မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။ ဧဝံဂေလိတရား…
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဗာတီကန်စီးတီး၌ အယ်လ်ဘေးနီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် အီဒီရာမာအား ကြာသပတေးနေ့တွင် လက်ခံတွေ့ဆုံခဲ့သည်။ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အယ်လ်ဘေးနီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် အီဒီရာမာအား ကြာသပတေးနေ့ နံနက်ပိုင်းတွင် ဗာတီကန်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်သည် ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ် ပီထရို ပါရိုလင်၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်ဆံရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ် ရစ်ချက် ဂါလက်ဂါတို့နှင့် နိုင်ငံခြားရေးရုံးတွင် ဆက်လက်တွေ့ဆုံခဲ့သည်။ ရဟန်းမင်းကြီးရုံးတော် (Holy See)…


ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ၎င်း၏ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံတွင် ဒုတိယ ဗာတီ ကန်ကောင်စီ၏ Dei Verbum (ဘုရားသခင်၏ ဗျာဒိတ်တော်ဆိုင်ရာ အခြေခံဥပဒေ) စာတမ်းကို ဆွေးနွေး ခဲ့ပါသည်။ သမ္မာကျမ်းစာသည် ယနေ့ခေတ်ကာလတွင် အဓိပ္ပာယ်ပြည့်စုံနေစေရန်အတွက် သမိုင်းကြောင်းဆိုင်ရာ နောက်ခံအခြေအနေများနှင့်အညီ နားလည်သဘောပေါက်ရန် လိုအပ်ကြောင်းနှင့် သမ္မာကျမ်းစာသည် ဘုရားသခင်နှင့် လူသားတို့အကြား ပေါင်းကူးတံတားဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ ဘုရားသခင်၏ နှိမ့်ချကူညီမှု (Divine Condescension(sad) ဘုရားသခင်သည် မိမိ၏နှုတ်ကပတ်တော်ကို လူသားများ နားလည်သဘောပေါက်နိုင်စေရန် လူသားတို့၏…
“အပြည်ပြည်ဆိုင်ရာ လူသားချင်းညီရင်းအစ်ကိုစိတ်ဓာတ်နေ့” (World Day of Human Fraternity) သဝဏ်လွှာနှင့် “ဇာယက်ဆု” (Zayed Award) ချီးမြှင့်ခြင်း အခမ်းအနားတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ညီရင်းအစ်ကိုစိတ်ဓာတ်သည် ပဋိပက္ခများ၊ ကွဲပြားမှုများနှင့် တင်းမာမှုများထက် ပိုမိုခိုင်မာ အား ကောင်းပြီး အရေးတကြီးလိုအပ်နေသော အရာဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ညီရင်းအစ်ကိုစိတ်ဓာတ်၏ အရေးတကြီးလိုအပ်မှု ငြိမ်းချမ်းရေးကို ခေတ်မမီတော့သော စိတ်ကူးယဉ်အိပ်မက်တစ်ခုအဖြစ် ပယ်ချခံနေရပြီး ညီရင်းအစ် ကိုစိတ်ဓာတ်ကို စိတ်ကူးယဉ်အယူအဆ (Abstract ideal) အဆင့်သာ သတ်မှတ်နေကြသော…

တစ်ဖက်သားက ငါ့ကိုလေးစားရဲ့လား၊ တန်ဖိုးထားရဲ့လား၊ ကိုယ်ချင်းစာရဲ့လားဆိုတာ လူတိုင်းပဲတွေးနေတတ်တယ်။ ကလေးဘဝထဲက ပတ်ဝန်းကျင်ကလူတွေလေးစားတာ၊ တန်ဖိုးထားတာ၊ အသိအမှတ်ပြုတာ၊ ကိုယ်ပြောချင်တာကို အချိန်ပေးပြီးတော့နားထောင်တာကို သိပ်လိုချင်တယ်။ ဒါဟာ လူတိုင်းရဲ့ဘဝမှာ အရေးကြီးတဲ့လိုအပ်ချက်ပဲ။ အကယ်၍အဲဒါကိုမရခဲ့ရင် အဲဒီလူဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှု နည်းမယ်၊ အားငယ်မယ်၊ မပြောရဲမဆိုရဲဖြစ်မယ်။ သို့မဟုတ်ရင်ဒေါသကြီးမယ်။ သူပြောချင်တာကိုလူတွေဂရုစိုက်အောင် အကြမ်းနည်းနဲ့လုပ်မယ်။ ပြေလည်တဲ့ဆက်ဆံရေးပုံစံကို မလုပ်တတ်ဘူး။ အနိုင်ရမှကျေနပ်မယ်။ ဒါကြောင့် လူတွေတစ်ယောက်ကိုတစ်ယောက် အလေးဂရုပြုတဲ့အလေ့အကျင့်ကို ငယ်ငယ်ကတည်းကလုပ်သင့်တယ်။ သင်ပေးသင့်တယ်။ အားလုံးပဲ(လူဖြစ်ဖြစ်၊တိရစ္ဆာန်ဖြစ်ဖြစ်) သူ့တည်ကြည်ခန့်ညားမှုနဲ့သူ ရှိစေချင်တယ်။ ကလေးလေးကအစ၊ ဘယ်လောက်ငယ်တဲ့ကလေးလေးပဲဖြစ်ဖြစ် သူ့မှာ သူ့တည်ကြည်မှုနဲ့သူရှိပါတယ်။ သူတစ်ပါးကို…


စိတ်ညစ်ရတဲ့ အကြောင်းရင်းတွေကို ပြန်စစ်ဆေးကြည့်ရင် တော်တော်များများက “သူ ဒီလိုလုပ်လိမ့်မယ်လို့ ငါ မထင်ထားဘူး” ဆိုတဲ့ အတွေးကနေ စတာများတယ်။“ငါသာဆိုရင် သူ့ကို ဒီလိုလုပ်ပေးမှာ၊ သူကျတော့ ငါ့ကို ပြန်မလုပ်ပေးဘူး”“ငါ့မွေးနေ့တုန်းက လက်ဆောင်ပေးခဲ့တယ်၊ ငါ့မွေးနေ့ကျတော့ သူ ဖုန်းတောင်မဆက်ဘူး”ကိုယ်ပေးဆပ်လိုက်တဲ့ အတိုင်းအတာတစ်ခုကို တစ်ဖက်လူဆီကနေ ပြန်ရမယ်လို့ လူတော်တော်များများက မျှော်လင့်ထားတတ်ကြတယ်။ အဲဒီမျှော်လင့်ချက် (Expectation) နဲ့ လက်တွေ့ (Reality) မကိုက်ညီတဲ့အခါ ဒေါသထွက်ကြတယ်၊ ဝမ်းနည်းကြတယ်။ တကယ်တော့ စိတ်ဆင်းရဲရတာဟာ သူတို့ရဲ့ လုပ်ရပ်ကြောင့် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ မျှော်လင့်ချက်ကြောင့်သာ…

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ သာသနာလုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ သူတော်စင် များ ၏ ပွဲနေ့ ကို မန္တလေးသာသနာ၊ ပြင်ဦးလွင်မြို့၊ဆင်လမ်းကျေးရွာ၊ ရဟန္တာပါဒြေပီးအို ဘုရားကျောင်းတွင် (၂.၂.၂၀၂၆) နေ့ နံနက်၁၁:ဝဝ နာရီအချိန်၌ Fr. Bosco Nyi Nyi မှမစ္ဆားတရားဦးဆောင် ပူဇော်ပေး ခဲ့ပါ သည်။ မစ္ဆားတရားမစခင်နံနက် ပိုင်းတွင် သူတော်စင်များတွက် လိုအပ်သည့် ထောက်ရှု့ချက်များအကြောင်းကို Fr.Bosco Nyi Nyi မှ ဝေမျှခဲ့သည် ထိုနောက် ကိုယ်တော်မြတ်ဖူးမျှော်ခြင်း၊ အာပတ်ဖြေခြင်း၊ ဖယောင်း တိုင်ကောင်းကြီးပေးခြင်း ကိုလည်းဆက်လက်ကျင်းပခဲ့ပါသည်။…