rvamyanmar

rvamyanmar

ဖာသာရ် Augustine Tin Maung Htun (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားပွဲ တနင်္ဂနွေနေ့ဩဝါဒ ၁၅၊ ၆၊ ၂၀၂၅

တည်ငြိမ်းမှုများနဲ့သဘာဝပတ်ဝန်းကျင်

တည်ငြိမ်းမှုများနဲ့သဘာဝပတ်ဝန်းကျင် မိတ်ဆွေအပေါင်းတို့ခင်ဗျာအပါတ်စဉ်တိုင်းတင်ဆက်ပေးနေကျထိန်းသိမ်းကြစေသဘာဝမွေးဆိုတဲ့ကဏ္ဍလေးတွေရောက်ရှိလို့လာပါပြီ။ ဒီတစ်ပါတ်မှာတော့သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကိုအကြားမှာအကြောင်းရင်းတစ်ခုဖြစ်တဲ့ပတ်ဝန်းကျင်မတည်ငြိမ်မှုအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းတို့ခင်ဗျာဘယ်ရာပဲဖြစ်ဖြစ်တည်ငြိမ်းအေးချမ်းမှုရှိခြင်းဟာအရာရာကိုရှင်သန်ကြီးထွားစေနိုင်ပါတယ်။ ငြိမ်မှုမရှိခဲ့ခြင်းအရာရာဟာပျက်စီးဖို့လွယ်ကူလှပါတယ်။ ကစဉ့်ကလျားဖြစ်တတ်တာဟာလည်းသဘာဝတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်မှာသဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေဟာမတည်ငြိမ်မှုတွေကြောင့်ဖြစ်ရတဲ့သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ လက်ရှိကျွန်တော်တို့ကမ္ဘာမှာနိုင်ငံရေးမတည်ငြိမ်မှုတွေစီးပွားရေးမတည်ငြိမ်မှုတွေလည်းလူမှုရေးမတည်ငြိမ်မှုတွေဟာကျွန်တော်တို့ကမ္ဘာမှာရှိတဲ့လောဘသားတွေကိုပိုပြီးအခွင့်အရေးပေးသလိုဖြစ်တတ်ပါတယ်။ ပျက်စီးလွယ်သောလူမှုရေးကျင့်ဝတ်များကိုဥပဒေများကသာလျှင်ထိန်းကျောင်းပေးရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်းဒီဥပဒေများဟာငြိမ်ချမ်းမှုမရှိခဲ့ရင်တော့ကောင်းမွန်စွာကျင့်သုံးဖော်ဆောင်နိုင်မှုဟာခက်ခဲမှာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်းတချို့ကဆိုကြပါတယ်။ တည်ငြိမ်မှုမရှိရင်တရားဥပဒေစိုးမိုးမှုလည်းမရှိနိုင်ဘူးလို့ဆိုပါတယ်။ ဒီလိုတရားဥပဒေစိုးမိုးမှုမရှိတဲ့အချိန်မှာနိုင်ငံဝန်ထမ်းများဟာလည်းမိမိတို့လုပ်ဆောင်ရမယ့်ကျင့်ဝတ်များကိုမလိုက်နာ‌တေ့ပဲ။ လောဘသားစီးပွားရေးသမားတွေနဲ့ပူးပေါင်းကာအကျင့်ပျက်ခြစားကာနိုင်ငံတော်ရဲ့သယံဇာတများကိုတရားမဲ့စွာနဲ့သုံးစွဲမှုတွေဖြစ်လာမှာပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေမှာတိုင်းပြည်မှာရှိတဲ့သယံဇာတများဟာပိုပြီးပျက်စီးလွယ်တာပဲဖြစ်ပါတယ်။ ဒီလိုသာဓကတွေဒီလိုဥပမာတွေကိုရှိတဲ့နိုင်ငံတွေကမ္ဘာတဝန်းမှာဒုနဲ့ဒေးပဲဖြစ်ပါတယ်။ မိတ်ဆွေများလည်းကမ္ဘာ့စာမျက်နှာတွေပေါ်မှာတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းတို့ခင်ဗျာ။ များသောအားဖြင့်သဘာဝရေကန်မြေခံကောင်းလှပါပြီဆိုတဲ့သဘာဝအရေးမြစ်များပြားလှတဲ့နိုင်ငံတွေသယံဇာတပေါများလှတဲ့နိုင်ငံတွေမှာတော့ဒါမျိုးပိုပြီးဖြစ်တတ်ပါတယ်။ ဒီလိုနိုင်ငံတွေမှာဘေးနိုင်ငံကြီးတွေရဲအုပ်စိုးချယ်လည်းလွှမ်းမိုးမှုကိုအချင်းချင်းသယံဇာတခွဲဝေမှုမှာမမျှတမှုတွေကြောင့်စစ်ပွဲတွေကိုအမြဲတမ်းဖြစ်ပွားတတ်ပါတယ်။ ဒါဟာသဘာဝတစ်ခုလိုတောင်ဖြစ်နေခဲ့ပြီးဖြစ်ပါတယ်။ တစ်ခါတစ်လေမှာဒီလိုသယံဇာတတွေကြောင့်ပဲမတည်ငြိမ်မှုတွေဖြစ်ပွားလာရသလိုပဲဒီလိုမတည်ငြိမ်မှုတွေကြောင့်လည်းစစ်ပွဲတွေဖြစ်ပွားရတာလို့ကျွန်တော့်အနေနဲ့တွေးထင်မိပါတယ်။ ပျက်ပြားမှုတွေမတည်ငြိမ်မှုတွေကြောင့်ပဲသယံဇာတတွေပျက်စီးကြပါတယ်။ ဒီလိုနဲ့ပဲနိုင်ငံများဟာလုံးလည်ချာလည်းလိုက်ပြီးတော့ထန်းလှက်လုံးကိုခွေးရက်သလိုလုံးပါးပါလာကြပါတယ်။ ဒီလိုစစ်ပွဲတွေပဋိပက္ခာတွေရှိနေတဲ့နိုင်ငံတွေဟာသယံဇာတတွေသဘာဝပတ်ဝန်းကျင်တွေလျှင်မြန်စွာပျက်စီးကြတာပဲဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကြောင့်ကျွန်တော်တို့လူသာတွေဟာအဆင့်အကျိုးပြုနေတဲ့အရင်းမြစ်ကြီးပဲဖြစ်ပါတယ်။ ဒါကြောင့်လည်းသဘာဝအရင်းအမြစ်ကိုစနစ်တကျထုတ်ယူသုံးစွဲတဲ့နိုင်ငံတွေမှာ Sustaining Planဆိုတဲ့အကျိုးစီးပွားရေးအကျိုးပြုတဲ့စနစ်များကိုရေးဆွဲပြီးတော့ဇာယံတနဲ့သဘာဝပတ်ဝန်းကျင်ကိုလူအကျိုးပြုခြင်းစနစ်တကျထုတ်ယူသုံးစွဲကြတာပဲဖြစ်ပါတယ်။ ဒီလိုနိုင်ငံတွေဟာသဘာဝပတ်ဝန်းကျင်ပျက်စီးမှုအနည်းဆုံးနဲ့အကျိုးပြုနေတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းမိတ်ဆွေအပေါင်းတို့ခင်ဗျာ။ ဒီလိုနိုင်ငံတွေဖြစ်ဖို့ဆိုရင်ကျွန်တော်အစပိုင်းမှာတင်ပြခဲ့သလိုပဲတည်ငြိမ်မှုရှိရာမှာဖြစ်ပါတယ်။ တည်ငြိမ်မှုမရှိတဲ့နိုင်ငံတွေတရားဥပဒေစိုးမိုးမှုမရှိတဲ့နိုင်ငံတွေမှာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ရာခက်ခဲလှပါတယ်။ တည်ငြိမ်မှုရှိမှသာလျှင်ဥပဒေစိုးမိုးမှုရှိမှာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးမှုရှိမှသာလျှင်အကျိုးပြုတဲ့အစီအစဉ်များကိုစနစ်တကျရေးဆွဲနိုင်မှာဖြစ်ပါတယ်။ ဒီလိုအကျိုးပြုတဲ့အစီအစဉ်တွေစနစ်တကျဆောင်ရွက်နိုင်မှသာလျှင်သဘာဝပတ်ဝန်းကျင်နဲ့လူမှုအသိုင်းအဝိုင်းဟာရေရှည်တည်တဲ့ခိုင်မြဲနိုင်ပါဖြစ်ပါတယ်။ အစကိုပဲပြန်ကောက်ရမယ်ဆိုလျှင်အရေးကြီးဆုံးကတော့တည်ငြိမ်မှုတွေပဲဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းတို့ခင်ဗျာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းပဲဒီလိုလူမှုအကျိုးပြုစီးပွားရေးကိုဦးတည်ပြီးလုပ်ဆောင်တော့မယ်ဆိုလျှင်တည်ငြိမ်မှုကိုကြိုးစားပြီးအရင်ဦးဆုံးရှာဖွေကြရမှာပဲဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းလည်းတည်ငြိမ်အေးချမ်းတဲ့သာရာအေးချမ်းလှသည့်ပတ်ဝန်းကျင်မှသည်အစဥ်မပြတ်သုံးစွဲနိုင်သောသဘာဝပတ်ဝန်းကျင်ကိုဖန်တီးနိုင်ကြပါစေအသုံးပြုနိုင်ကြပါစေလို့ပြုဆုတောင်းပေးလိုက်ပါတယ်။

ဖာသာရ် Basil Zay Yar Win (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ(၁၀)ကြိမ်မြောက် သောကြာနေ့ဩဝါဒ ၁၃၊ ၆၊ ၂၀၂၅

ဘုရားသခင်၌ လေးစားချစ်ခင်ရသော ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ ယနေ့အသင်းတော်မှာ Padua မြို့မှ စိန်အန်ထော်နီ ပွဲနေ့ကို ကျင်းပကြပါတယ်။ St. Anthony ဟာ Portugal နိုင်ငံ Lisbon မြို့မှာ 1195 ခုနှစ် August လ 15 ရက်နေ့မှာ မွေးဖွားခဲ့ပြီး Italy နိုင်ငံ Padua မြို့မှာ 1231 ခုနှစ် June လ 13 ရက်နေ့မှာ ပျံလွန်တော်မူခဲ့ပါတယ်။ St. Anthony ဟာ ဖရန်စ္စကန်အသင်းဝင် ပေါ်တူဂီ…

ဆဲတဲ့သူကို ပြန်မဆဲပါနဲ့

ဆဲတဲ့သူကို ပြန်မဆဲနဲ့တဲ့.. ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာရှိတဲ့ ဦးနှောက်တွေရဲ့ အလုပ်လုပ်ပုံကို သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရဆိုရင် ကျွန်တော်တို့မှာ ပျော်ရွှင်တဲ့ ဦးနှောက်နဲ့၊ မပျော်ရွှင်တဲ့ ဦးနှောက်ဆိုပြီး နှစ်ခုကိုတွေ့ရတယ်။မပျော်ရွှင်တဲ့ ဦးနှောက်က နေ့ရက်တိုင်းလိုလို စိတ်ညစ်စရာတွေ တွေးတယ်၊ စိတ်အနှောက်အယှက်ဖြစ်ရမယ့်အရာတွေကိုပဲ ပိုပြီးတော့ အာရုံစိုက်တယ်။ လူတိုင်းကို အကောင်းမမြင်နိုင်တော့ဘဲ Negative Emotions တွေ၊ Negative Thinking တွေနဲ့ပဲ ပြည့်နေလေ့ရှိတယ်။ဒီတော့ ဆဲတဲ့သူကို ပြန်မဆဲနဲ့ ဆိုတာလည်း ဒါကြောင့်ပဲ။ အကယ်၍ လူတစ်ယောက်က ကိုယ့်ကိုလာပြီး Blame မယ်၊ ဝေဖန်မယ်၊…

ဩစတြီးယားနိုင်ငံ ဂါဇ်မြို့ စာသင်ကျောင်းသေနတ်ပစ်ခတ်မှုတွင် သေဆုံးသွားသူများအတွက် ရဟန်း မင်းကြီးဆုတောင်းပေး။

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းလူထုတွေ့ဆုံခြင်းတွင် ရဟန်းမင်းကြီးလီယိုသည် ဇွန်လ ၁ဝရက် ၂၀၂၅ အင်္ဂါနေ့က ဖြစ်ပျက်ခဲ့သော ဩစတြီးယားနိုင်ငံဂါဇ်မြို့ Dreierschutzengasse အထက်တန်းကျောင်း သေနတ်ပစ်ခတ်မှုတွင် လူကြီးတစ်ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး တစ်ဒါဇင်ကျာ် ထိခိုက်ဒါဏ်ရာများရခဲ့ကြမှုအပေါ် ရဟန်းမင်းကြီးကဆုတောင်းပေးခဲ့ပါသည်။ အိုအဖသေဆုံးသွားကြသောကလေးသူငယ်များကို ကိုယ်တော်ရဲ့ငြိမ်းချမ်းခြင်းမှာကြိုဆိုတော်မူပါ ဟု ဆုတောင်းပးခဲ့ပြီး၊ စိတ်နှလုံးအားဖြင့် ထိတ်လန့်ကြောက်ရွံပူဆွေးဝမ်းနည်းနေသော ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများ၊ မိသားစုဝင်များနှင့် အတူရှိနေကြောင်း ရဟန်းမင်းကြီးမှမကြား ခဲ့ ပါသည်။ ဇွန်လ ၁ဝရက် ၂၀၂၅ အင်္ဂါနေ့ မနက်စောပိုင်းတွင် ဩစတြီးယားနိုင်ငံဂါဇ်မြို့ Dreierschutzengasse အထက်တန်းကျောင်းအတွင်းသို့…

ဘုရားမကြားတဲ့ အော်ဟစ်‌တောင်းလျှာက်သံဆိုတာမရှိဘူး ဟု ရဟန်းမင်းကြီးမိန့်ကြား။

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းလူထုတွေ့ဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်းမှာ သခင်‌ယေဇူးအသက် တာ၏ အရေးကြီးသောအချက်တစ်ခုဖြစ်သည့် ကိုယ်တော်၏ကုသတော်မူခြင်းကို အလေးအနက်ထား သွန်သင်ခဲ့ပါသည်။ ၎င်း ကုသခြင်းနှင့်ပတ်သက်ပြီး ရဟန်းမင်းကြီးက ဂျေရီခိုမြို့ကနေ ဂျေရုဇလင်မြို့ကို သခင်ခရစ်တော် ခရီးသွားနစဉ် ဘာတီးမီးယူစ်လို့ခေါ်သည့် သူ့အားကုသပေးရန် အော်ဟစ်တောင်းလျှောက်ခဲ့သည့် ဧဝံဂေ လိကျမ်းကိုအခြေခံပြီး ထောက်ရှုသွန်သင်ခဲ့ပါသည်။ သခင်ယေဇူး နှင့် မျက်မမြင်တို့တွေ့ဆုံခဲ့တဲ့နေရာသည် ပင်လယ်ရေမျက်နှာပြင်နှင့်သိပ်မကွာသော အနိမ့် ပိုင်းနေရာမှာ တွေ့ဆုံခဲ့ကြတယ်။၊ နိမ့်ကျသူတွေရဲ့ဘဝထဲကိုသခင်ခရစ်တော်ဆင်ကြွလာပြီး သူတို့ဘဝ ကိုမြှင့်တင်ပေးဖို့၊ အာဒံရဲ့အပြစ်ကြောင့် ငရဲတွင်းနစ်ခဲ့ရသူတွေကို သူအားဖြင့်ကယ်တင်ဖို့၊ အဓိပ္ပါယ်ဖော် ဆောင်နေကြောင်း၊ ဆက်လက်ပြီးရဟန်းမင်းကြီးက မျက်မမြင်၏အမည်ဖြစ်သည့် ဘာတီးမီးယူစ်…

ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ(၁၀)ကြိမ်မြောက် ကြာသပတေးနေ့ဩဝါဒ ၁၂၊ ၆၊ ၂၀၂၅

Matthew 5:20-26ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်မာ‌တေးဦး ၅:၂၀-၂၆ မှာ သင်တို့၏ဖြောင့်မတ်ခြင်းသည်။ ဖာရီရှဲးများ ကျမ်းတတ်ဆရားထက် မသာလျှင် ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ဒီကျမ်းပိုဒ်ကကျွန်တော်တို့ကိုဘာသတိပေးနေသလဲဆိုရင် ရင်ထဲကလာတဲ့စစ်မှန်တဲ့ရိုးသားဖြောင့်မတ်မှုဟာ အပြင်ပန်းဘာသာတရားလုပ်ဆောင်ခြင်းတွေထက် ပိုမိုအရေးပါတယ်ဆိုတာကိုသတိပေးနေတယ်။ သင်စိတ်နှလုံးသားကမပြောင်းလဲလျှင်၊ သင်းစိတ်နှလုံးသားကမရိုးသားလျှင်၊ သင်းစိတ်နှလုံးသားက မကောင်းတဲ့အရာတွေနဲ့ပြည့်နှစ်နေလျှင် သင့်ရဲ့အပြင်ပန်းဘာသာတရားလုပ်ဆောင်မှုတွေဟာလည်း အခြေအနေသက်သက်ပါပဲဆိုတာကိုသတိပေးနေတယ်။ ဒါကြောင့်လည်းရှင်မာ‌တေးဦး အခန်းငယ်၂၃ မှာ သင်တို့အချင်းချင်းအရင်သင့်မြတ်အောင်လုပ်ကြပါ။ ပြီးမှဘုရားကိုပူဇော်သက်ကာဆက်ကပ်ပါ။ ဒီကျမ်းပိုက်ကကျွန်တော်တို့ကိုဘာတွေသတိပေးနေသလဲ။ နှလုံးသားကိုအရင်ပြင်ဆင် ပြီးတော့မှဘုရားဆီကိုသွား၊ ပထမတစ်ချက်အနေနဲ့မသွားခင်မှာ ငါ့မှာခွင့်မလွှတ်နိုင်တဲ့လူတွေရှိသလား။ မနာလိုမုန်းထားစိတ်တွေနဲ့မကျေမနပ်ဖြစ်နေတဲ့သူတွေရှိသလား။ ငါ့အပေါ်မှာအနိုင်ကျင့်ငါ့ကိုအရှက်ခွဲခဲ့လို့ မကျေမနပ်ဖြစ်နေတဲ့သူတွေရှိသလား။ စကားများပြီးမခေါ်မပြောနိုင်ပုဂ္ဂိုလ်တွေရှိသလား။ ဒီပုဂ္ဂိုလ်တွေကိုအရင်ခွင့်လုပ်နိုင်အောင်ကြိုးစားရမယ်။ အဓိကဆိုလိုရင်းက မင်းနှလုံးသားမပြင်ဆင်ဘဲနဲ့ဘုရားဆီသွားလည်းအလကားပဲ။ ဘုရားသခင်ဆီကိုလာတဲ့အခါမှာ၊ အပေါ်ယံဟန်ဆောင်မှုတွေနဲ့၊…

ဆယ်ကျော်သက်ရွယ်တွေက လူကြီးမိဘ၊ ဆရာသမားတွေကို ပုန်ကန်ထကြွမှုတွေ ပြုလုပ်တတ်ကြတယ်

Teenager Rebelling             ဒီနေ့မှာ ဆယ်ကျော်သက်ရွယ်တွေက လူကြီးမိဘ၊ ဆရာသမားတွေကို ပုန်ကန်ထကြွမှုတွေ ပြုလုပ်တတ်ကြတယ် ဆိုတဲ့ အကြောင်းမျှဝေပေးသွားချင်ပါတယ်။             ဒီဆယ်ကျော်သက်ရွယ်တွေက လူကြီးမိဘ ဆရာသမားတွေကို ဘာကြောင့် ပုန်ကန်ထကြွ တာလဲ? အကြောင်းရင်းတော့ ရှိမှာပါပဲ။             ငယ်စဉ်မှာတုန်းက မိဘတွေက ယဉ်ကျေးလိမ္မာအောင် ကြိုးစားပျိုးထောင်ခဲ့ပေမယ့်လည်း ဆယ်ကျော်သက်ရွယ်ရောက်လာတဲ့ခါမှာ အနည်းနဲ့ အများတော့ ပုန်ကန်ထကြွကြတာပါပဲ။             ဟိုးလွန်ခဲ့တဲ့ ၁၉၇၀ ခုနှစ် လောက်ကို ပြန်လည်ကြည့်လိုက်ရင် သူ့ခေတ်သူ့ခါ ပုံစံမျိုးစုံ နည်းမျိုးစုံနဲ့ ဆယ်ကျော်သက်တွေ ပုန်ကန်ခဲ့ကြတာကို…