ဆဲတဲ့သူကို ပြန်မဆဲပါနဲ့

ဆဲတဲ့သူကို ပြန်မဆဲနဲ့တဲ့.. ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာရှိတဲ့ ဦးနှောက်တွေရဲ့ အလုပ်လုပ်ပုံကို သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရဆိုရင် ကျွန်တော်တို့မှာ ပျော်ရွှင်တဲ့ ဦးနှောက်နဲ့၊ မပျော်ရွှင်တဲ့ ဦးနှောက်ဆိုပြီး နှစ်ခုကိုတွေ့ရတယ်။
မပျော်ရွှင်တဲ့ ဦးနှောက်က နေ့ရက်တိုင်းလိုလို စိတ်ညစ်စရာတွေ တွေးတယ်၊ စိတ်အနှောက်အယှက်ဖြစ်ရမယ့်အရာတွေကိုပဲ ပိုပြီးတော့ အာရုံစိုက်တယ်။ လူတိုင်းကို အကောင်းမမြင်နိုင်တော့ဘဲ Negative Emotions တွေ၊ Negative Thinking တွေနဲ့ပဲ ပြည့်နေလေ့ရှိတယ်။
ဒီတော့ ဆဲတဲ့သူကို ပြန်မဆဲနဲ့ ဆိုတာလည်း ဒါကြောင့်ပဲ။ အကယ်၍ လူတစ်ယောက်က ကိုယ့်ကိုလာပြီး Blame မယ်၊ ဝေဖန်မယ်၊ မကောင်းတဲ့စကားတွေပြောပြီး ဆဲတာတွေလုပ်မယ်။ ဒါဆိုရင် ကိုယ့်ဘက်က သူပြောတဲ့စကားတွေ၊ သူဆဲတာတွေကို ခံစားလိုက်ပြီဆိုရင် ကိုယ့်ရဲ့ ဦးနှောက်ကပါ လိုက်ပြီးတော့ မပျော်ရွှင်တဲ့ ဦးနှောက်ကို ဖြစ်သွားစေနိုင်တယ်။
ဒါကို ကိုယ်ကတော့ သိပ်ပြီးသတိထားမိမှာမဟုတ်ဘူး။ Psychology ရှု့ထောင့်ဘက်ကနေကြည့်ရင် ဒီလို ကိုယ့်ကိုယ် လာဆဲသမျှ၊ လာအပြစ်တင်သမျှကို ကိုယ်က ပြန်ပြီးတော့ တုံ့ပြန်ရင်း မသိမသာ ကိုယ်ကလည်း အဲဒီလိုလူမျိုး ဖြစ်သွားတာ။
ဆိုလိုတာက ကိုယ်က လူတိုင်းကိုတော့ သူ့လိုပြန်ပြီး Blame တာ၊ ဆဲတာတွေ လုပ်နေမှာ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် ကိုယ့်ရဲ့ Daily Life မှာကျတော့ ဒါတွေကို ပြန်တုံ့ပြန်မိလိုက်တာတွေ များလာတာနဲ့အမျှ ကိုယ့်တစ်နေ့တာမှာ Negative တွေနဲ့ ပြည့်နေတတ်တယ်။ ကိုယ်အရင်က ကောင်းကောင်းမွန်မွန် လုပ်နေကျ အလုပ်တွေတောင် စိတ်မကြည်ဖြစ်လွယ်တာတွေ ကြုံရနိုင်တယ်။
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာ၊ ကိုယ့်အလုပ်တွေကို စိတ်တိုင်းမကျတာတွေ ဖြစ်လာနိုင်တယ်။ ဒါဆို ကိုယ့်ကိုလာဆဲသူတွေ၊ ကိုယ့်ကို လာ Blame သူတွေကို ဘယ်လိုတုံ့ပြန်ရမလဲ မသိဖြစ်နေရင် သူစိတ်ချမ်းသာပါစေလို့ ဂရုဏာလေး ထားပေးလိုက်။ ကိုယ်လည်း စိတ်အေးချမ်းသလို ကိုယ့်ဆီကိုလည်း သူ့ရဲ့ Negative Energy တွေ မကူးတော့ဘူး။
ဘာကြောင့် သူတို့စိတ်ချမ်းသာပါစေလို့ ဂရုဏာထားပေးသင့်လဲဆိုရင် အများစုသော ကိုယ့်ကိုလာဆဲသူတွေ၊ အပြစ်တင်သူတွေက သူတို့မှာ အဆင်မပြေတာတွေများနေလို့၊ သူတို့ဘာသာသူတို့ စိတ်မချမ်းမသာတွေဖြစ်နေကြတာများလို့ပါပဲ။ အဲဒီတော့ ဆဲတဲ့သူကို ပြန်မဆဲဘဲ သနားပေးလိုက်တာ၊ ဂရုဏာထားပေးလိုက်တာဟာ အကောင်းဆုံးဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ပါတယ်။

rvamyanmar
rvamyanmar
Articles: 3977

Leave a Reply

Your email address will not be published. Required fields are marked *