rvamyanmar

rvamyanmar

ဘုရားသခင်သည် အပြစ်များကိုမှတ်ယူတော်မမူပဲ ခွင့်လွှတ်ပြီး မြှင့်တင်ပေးသည်။

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်းတွင်း၊ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) က ဘုရားသခင်သည် ခွင့်လွှတ်ခြင်း၊ မြှင့်တင်ပေးခြင်းနှင့် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးခြင်း တို့ကို ပြုလုပ်ကြောင်း ယုံကြည်သူဘာသာဝင်များကို သတိပေးခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် “ကျွန်ုပ်တို့၏မျှော်လင့်ချက်ဖြစ်သော ယေဇူးခရစ်တော်” အကြောင်း သင်ကြားပို့ချချက်များကို ဆက်လက်ပို့ချစဉ် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းအရင်းအမြစ်ဖြစ်ကြောင်း အထူးပြု ဖော်ပြခဲ့ကာ။ ပုပ်ရဟန်းမင်းကြီး က ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့ ယုံကြည်ခြင်းဗဟိုချက်နှင့်…

မိမိရဲ့လက်တွဲဖော်ကို ချစ်ပေးပါ။

Love Your Partner             ဒီနေ့မှာ မိမိရဲ့လက်တွဲဖော်ကို ချစ်ပေးပါဆိုတဲ့အကြောင်း မျှဝေပေးသွားမှာဖြစ်ပါတယ်။  လက်တွဲဖော်ကို ချစ်တယ်ဆိုတဲ့ စကားလုံးက လွယ်ကူတဲ့ ဆန်းပြားတဲ့ ရှုပ်ထွေးတဲ့ အလုပ် မဟုတ်ပေမယ့်လို့ နဲနဲတော့ ခက်ခဲပါတယ်။  ဒါက မိမိရဲ့ ကိုယ်ပိုင်ဆန္ဒ ကိုယ်ပိုင်အချစ်ပဲ ဖြစ်ပါတယ်။ သေသေချာချာ ပြန်စဉ်းစားကြည့် ရင် လက်တွဲဖော်ကို ချစ်တယ်ဆိုတာ မိမိရဲ့ စိတ်ဆန္ဒမှာ မိမိကိုယ်တိုင်က ချစ်လို့ပဲ ဖြစ်ပါတယ်။ ချစ်တယ်ဆိုတဲ့အကြောင်းအရာက မချစ်ချစ်အောင်လဲ လုပ်ယူလို့မရဘူး၊ ဟန်ဆောင်ပြီး တော့လည်း ချစ်လို့မရပါဘူး။            …

သံတာ ထရေဇား

ဒီကနေ့မှာတော့ သာသနာပြုတွေကို ကူညီမှိုင်းမတဲ့ ရဟန္တာ ထရေဇားရဲ့ အကြောင်းကို တင်ဆက်ပေးထားပါတယ်။ သာသနာပြုတွေကို ကူညီမှိုင်းမတဲ့ရဟန္တာဖြစ်တဲ့ သံတာထရေဇားလေးကို ပြင်သစ်ပြည်တွင် ၁၈၇၃ ခုနှစ် မှာ ဖွားမြင်ခဲ့ပါတယ်။သူမရဲ့ခေါ်တော်မူခြင်းဟာ ၁၈၈၆ ခုနှစ် နာတာလူးပွဲအကြိုနေ့မှာ သခင်ခရစ်တော်ရဲ့သိမ်မွေ့နက်နဲလှတဲ့ရူပါရုံကိုရရှိခဲ့ခြင်းကနေ ပေါက်ဖွားလာခဲ့ခြင်းဖြစ်ပါတယ်။အသက် ၁၅နှစ်အရွယ်မှာ ရဟန်းမင်းကြီးရဲ့အထူးခွင့်ပြုချက်နဲ့ကာမဲလ်လိုက်သီလရှင်ကျောင်းကို ဝင်ရောက်ခဲ့ပါတယ်။သူမရဲ့ဆောင်ပုဒ်အဖြစ်လက်ကိုင်ထားတာကတော့ ချစ်ခြင်းမေတ္တာဖြင့်သာလျှင်ပြန်လည်၍ပေးဆပ်နိုင်တယ်လို့ ဆိုပါတယ်။သီလရှင်ကျောင်းမှာ နေစဉ်ကာလတစ်လျောက်လုံးမှာ သူမဟာဘယ်လိုထူးခြားတဲ့အရာတွေမှမပြုမူခဲ့ပါဘူး သူမနေ့စဉ်ပြုမူရမယ့်တာဝန်ဝတ္တရားတွေကိုသာမန်ထက်ထူးခြားတဲ့နည်းနဲ့ တာဝန်ကျေပွန်စွာနဲ့ဆောင်ရွက်ခဲ့ပါတယ်။ကျွန်မတို့အနေနဲ့လဲ ကျွန်မတို့နေ့စဉ်အသက်တာမှာ ကျွန်မတို့လုပ်ဆောင်ရမယ့်တာဝန်ဝတ္တရားတွေကို သံတာထရေဇားလေးနည်းတူဘုရားရှင်၌ဆက်ကပ်ပူဇော်ပြီးလုပ်ဆောင်ခြင်းအားဖြင့်ပိုမိုအကျိုးရှိလာနိုင်ပါတယ်။သံတာထရေဇားလေးဟာ သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရူ့ပြီးထောက်ရူ့ခြင်းအားဖြင့် ကြီးမားလှတဲ့နှစ်သိမ့်မှုတွေကိုရရှိခဲ့ပြီး အခက်အခဲဒုက္ခတွေကို ယုံကြည်ခြင်းအားဖြင့်ခံယူနိုင်ခဲ့ပါတယ်။ဝင်လိုသူသီလရှင်လောင်းတွေကို ကြည့်ရူ့စောင့်ရှောက်သူအကြီးအကဲအဖြစ်ခန့်အပ်ခြင်းခံရတဲ့အခါမှာလဲသီလရှင်လောင်းလေးတွေကို နှိမ့်ချခြင်းနှင့် သန့်ရှင်းဖြူစင်ခြင်းရရှိစေဖို့ရန်အတွက်နှုတ်အားဖြင့်သော်လည်းကောင်းအပြုအမူပုံသက်သေအားဖြင့်သော်လည်းကောင်းသင်ကြားပြသပေးနိုင်ခဲ့ပါတယ်။သူမရေးသားခဲ့တဲ့ဝိညာဉ်ရေးဆိုင်ရာအထ္တိပတ်တိမှာရေးသားထားတာကတော့…

အာရှတိုက် မုန်တိုင်းဒဏ်ခံရသူများအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်းပေး။

ပုပ်ရဟန်းမင်းကြီး လီယို သည် ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့၏ အစိတ်အပိုင်းများကို ဝင်ရောက်တိုက်ခတ်ခဲ့သော တိုင်းဖုန်းမုန်တိုင်း ဒဏ်ခံရသူများအတွက် ဆုတောင်း ပေးခဲ့ပါသည်။ ဓမ္မဆရာများ ဂျူဘလီပွဲတော် အတွက် ကျင်းပသော မစ္ဆားတရားတော် အဆုံးပိုင်း နှင့် နေ့လယ် Angelus ဆုတောင်း မရွတ်ဆိုမီ၊ ပုပ်ရဟန်းမင်းကြီး လီယိုသည် စိန့်ပီတာရင်ပြင်၌ စုဝေးရောက် ရှိနေ သော ယုံကြည်သူများအား မိန့်ကြားရာတွင် ‘အလွန်အားပြင်းသော တိုင်းဖုန်းမုန်တိုင်း’ သည် အာရှဒေသ များစွာကို ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ‘အထူးသဖြင့်…

စိန့်မိုင်ကယ်ဘုရားကျောင်းပွဲနေ့ကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်ချုပ်သာသနာ၊စိန့်မိုင်ကယ်(သံ၀င်း) ဘုရားကျောင်းပွဲကို (၂၉.၉.၂၀၂၅)နေ့ညနေ ၄:၃၀ အချိန်၌ဘုန်းတော်ကြီး Fr. John Aye Kyaw မှမစ္ဆားတရားဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ ပွဲနေ့မစ္ဆားတရား၌ မန္တလေးမြို့ပေါ်ရှိ သာသနာစီရင်စု အသီးသီးမှ ဘုန်းတော်ကြီးများ၊သီလရှင်များ၊ ဘာသာ၀င်များလာရောက် ဝတ်ပြုဆုတောင်းပါဝင်ခဲ့ပါသည်။ မစ္ဆားတရားအတွင်း ဘုန်းတော်ကြီး Fr.John Aye Kyaw မှဩဝါဒပေးရာတွင် “ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝအသက်တာမှာ ငါဘယ်နှစ်ကြိမ် ဘယ်နှစ်ခါများ ဘုရာကို အန်တုမိသလဲ၊ ဘယ် နှစ်ကြိမ်များ ဘုရားကိုပုန်ကန်မိသလဲပြန်သုံးသပ်ကြည့်ပါ။ ကျွန်ုပ်တို့ရဲ့ တစ်နေ့တာ မှာ ငါဘယ်လို ပြုမူနေထိုင်နေတာလဲ၊ ပတ်ဝန်းကျင်နဲ့ငါဘယ်လိုဆက်ဆံခဲ့သလဲ၊ ငါ့ကြောင့်တစ်စုံ တစ်ယောက်…