rvamyanmar

rvamyanmar

ပုပ်ရဟန်းမင်းကြီးလီယို ၁၄ သည် ယဉ်ကျေးမှုနှင့် ဘာသာပေါင်းစုံ ဆွေးနွေးမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ကို လက်ခံတွေ့ဆုံ။

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် တနင်္လာနေ့တွင် ဗာတီကန်၌ ဥရောပပါလီမန်၏ အစီအစဉ် တစ်ရပ် ဖြစ်သည့် “ယဉ်ကျေးမှုနှင့် ဘာသာပေါင်းစုံ ဆွေးနွေးမှုဆိုင်ရာ လုပ်ငန်းအဖွဲ့’ ကို နှုတ်ဆက်စဉ် ဤသို့ ပြော ကြားခဲ့ပါသည်။ ရဟန်းမင်းကြီးက အဆိုပါ အစီအစဉ်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားကာ များစွာ အသီးအပွင့် များ ထွက်ပေါ်လာမည်ဟု မျှော်လင့်ကြောင်းဖြင့် စတင်ခဲ့ပါသည်။ ‘ယဉ်ကျေးမှုများကြားနှင့် ဘာသာများကြား ဆွေးနွေးမှုကို မြှင့်တင်ခြင်းသည် ခရစ်ယာန်နိုင်ငံရေး သမား အတွက် အဓိက ရည်မှန်းချက်တစ်ခုဖြစ်ပြီး၊ ဘုရားသခင်၏…

ရိုးသားသူတို့၏ ယုံကြည်ခြင်းသည် သာသနာတော်ကို လမ်းပြသည်ဟု ရဟန်းမင်းကြီးမိန့်ကြား။

ကမ္ဘာတစ်ဝန်းမှ ဓမ္မဆရာများ (catechists) ရောမမြို့တွင် စုဝေးနေကြချိန်၌ ပုပ်ရဟန်းမင်းကြီး လီယို (Leo XIV) သည် အထူး ဂျူဘီလီ ပရိတ်သတ်တွေ့ဆုံပွဲကို ကျင်းပခဲ့ပြီး၊ ‘sensus fidei’ ဟုခေါ်သော ဘုရား သခင်နှင့်ဆိုင်သောအရာများအတွက် ရိုးသားသောသူများ၏ ယုံကြည်ခြင်းသည် သာသနာတော်ကို လမ်းသစ်များအတိုင်း ရှေ့သို့ တွန်းအားပေးနေကြောင်း မိန့်ကြားခဲ့ပါသည်။ စက်တင်ဘာလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပသော ဓမ္မဆရာများ၏ ဂျူဘီလီသို့ ထောင်နဲ့ချီသော ဓမ္မဆရာများ တက်ရောက်ကြစဉ် စနေနေ့တွင် ပုပ်ရဟန်းမင်းကြီး လီယို…

လူငယ်တစ်ဦးအတွက် ပုပ်ရဟန်းမင်းကြီးလီယို ပေးပို့သောပြန်စာ။

ပုပ်ရဟန်းမင်းကြီးလီယို (Leo XIV) က ကမ္ဘာတစ်ဝန်း ပဋိပက္ခများကြောင့် စိုးရိမ်နေသော ရောမမြို့မှ လူငယ်ဆေးကျောင်းသူတစ်ဦးအား “ကျွန်ုပ်တို့သည် ခက်ခဲသော ကာလများတွင် နေထိုင်နေကြရသည်” သို့သော် “ပိုမိုကောင်းမွန်သော ကမ္ဘာအတွက် မျှော်လင့်ချက်ကို မစွန့်လွှတ်သင့်” ကြောင်း ပြန် ကြားခဲ့ ပါသည်။ ပုပ်ရဟန်းမင်းကြီး လီယို (Leo XIV) သည် စိန့်ပီတာ ဘာဆီလီကာ (St Peter’s Basilica) မှ ထုတ်ဝေ သည့် ပီယာဇာ စန် ပီယက်ထရို (Piazza San…

ဆင်းရဲသားတို့၏ ငိုကြွေးသံများကို နားထောင်ပေးပါ။

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ “ဆင်းရဲသားတို့၏ ငိုကြွေးသံများကို နားထောင်ပေးပါ” ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ထုတ်ပြန်ခဲ့သော “Laudato Si” စာချွန်တော်မှ ဒုတိယအချက်ဖြစ်တဲ့ “ဆင်းရဲသားတို့၏ ငိုကြွေးသံကို နားစွန့်ကြလော့” ဆိုတဲ့အကြောင်းကို ရှင်းပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ် ကျွန်ုပ်တို့ရဲ့ ကမ္ဘာဟာ အပစ်တစ်ခုကို ကျူးလွန်ဖို့ ရန်တုန့်ဆိုင်းမနေတတ်တော့ပဲ၊ မရှက်တတ်တော့ပဲ၊ လုပ်လေ့လုပ်ထရှိတဲ့အရာတစ်ခုလို လုပ်ဆောင်နေကြပြီး ဖြစ်ပါတယ်။ ကမ္ဘာ့အဖွဲ့စည်းများရဲ့ ကိုယ်ကျင့်တရား…

ပုပ်ရဟန်းမင်းကြီးဖရန်စစ်ထုတ်ပြန်ခဲ့သည့် “Laudato si’” စာချွန်တော်၁၀နှစ်မြောက်အထိမ်းအမှတ် ကျင်းပမည်။

ကျွန်ုပ်တို့၏ ဘုံအိမ်တော် ကမ္ဘာမြေကို ဂရုစိုက်စောင့်ရှောက်ရန် ရည်ရွယ်၍ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ထုတ်ပြန်ခဲ့သည့် “Laudato si’” ပုပ်ရဟန်းမင်းကြီး၏ စာချွန်တော် ၁၀ နှစ်မြောက် အထိမ်းအမှတ် အဖြစ် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကမ္ဘာတစ်ဝန်းမှ ဘာသာရေးခေါင်းဆောင် ၄၀၀ ကျော်၊ ရာသီ ဥတုဆိုင်ရာ ကျွမ်းကျင်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ ပါဝင်မည့် “ရာသီဥတုတရားမျှတမှုအတွက် မျှော်လင့်ချက်ကို မြှင့်တင်ခြင်း” (Raising Hope for Climate Justice) အမည်ရ နိုင်ငံတကာပွဲကို အောက်တိုဘာလ ၁ ရက်နေ့တွင် တက်ရောက်မိန့်ခွန်း ပြောကြားမည် ဖြစ်ပါသည်။ ဗာတီကန်သတင်းမှ…