rvamyanmar

rvamyanmar

ရက်စက်ကြမ်းကြုတ်မှုတွေ၊ မတရားမှုတွေနှင့် မျက်ရည်ကျနေသောကမ္ဘာကြီးအတွက် တိတ်တဆိတ်ဆုတောင်းပေးနေကြသူများ။

ကမ္ဘာကြီးပေါ်မှာ မတရားမှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အထင်မြင်လွဲမှားမှုတွေကြောင့် ငိုကြွေးနေရသူတွေများစွာရှိတယ်။ ထိုသို့ဒုက္ခနွံနစ်နေသောကမ္ဘာကြီးအတွက်၊ ဇင်ဗာ‌ဘွေနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော သံတာကလဲ သူတော်စင်အသင်းဂိုဏ်းရှိ ခရစ်ယာန်သီလရှင်များ၏ ကုလားကာနောက်ကွယ်က တိတ်တဆိတ် ဘုရားနှင့်ပေါင်းစပ် ဆုတောင်းပေးမှုများသည် လူများစွာ၏ဘဝများအပေါ် သက်ရောက် လာတယ်ပုံဖော်ပေးနေပါသည်။ ဤ အသင်းဂိုဏ်းရှိခရစ်ယာန်သီလရှင်များသည် မိမိတို့ဘဝကို ဘုရားဝတ်ပြုခြင်းဆုတောင်းခြင်း အမှု၌ ဆက်ကပ်ထားသူများဖြစ်ကြပါသည်။ သူတို့ထံမှ ဆုတောင်းမေတ္တာတောင်းခံသူများအတွက် နှစ်သိမ့်မှု၊ လမ်းညွှန်မှု၊ စိတ်ဒဏ်ရာခံစားနေရသူများ ကုသခြင်းခံရမှုများရရှိရန်သူတို့သည်လူအမြင်မခံဘဲ နာရီများစွာကြာအောင် ဒုက္ခရောက်နေသူများအတွက် ဒူးထောက်၍လေးနက်စွာဆုတောင်းပေးနေကြပါသည်။ သူတို့၏ဆုတောင်းပေးမှုနှင့်ဆုတောင်းခြင်းအသက်တာသည် ဒုက္ခရောက်နေသူတွေ၊ စိတ်ပျက်အားငယ်နေသူတွေအတွက် မျှော်လင့်ခြင်းနှင့် နှစ်သိမ့်မှုရရှိခြင်းတို့၏ အသက်သွေးကြောဖြစ်လာခဲ့ပါသည်။ မူးယစ်ဆေးဝါးနွံနစ်နေ…

ဆရာတော်ကြီး(၅)ပါးနှင့် ရဟန်းတော် (၁၂၀) ကျော်မွေးထုတ်ပေးခဲ့တဲ့ ရွှေနှလုံးတော်ရဟန်းဖြစ်သင် ကျောင်း (၇၈)နှစ်ပြည့်နှင့် ရဟန်းလောင်းများ၏ ဂျူဘီလီပွဲ ပူးတွဲကျင်းပ။

ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာအတွင်းရှိ ရွှေနှလုံးတော် ရဟန်းဖြစ်သင်ကျောင်း တည်ထောင် ခြင်း (၇၈) နှစ်ပြည့် နှင့် ရဟန်းလောင်းကျောင်းသားများ၏ ဂျူဘီလီကို ပုသိမ်သာသနာ မရမ်းချောင်း ရွှေနှလုံးတော်အခြေခံရဟန်းဖြစ်သင်ကျောင်း၌ (၁၇.၆.၂၀၂၅)နံနက် (၇း၀၀)နာရီအချိန်တွင် ဂျူဘီလီ မစ္ဆားတရား တော်မြတ်ကို ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်ဆရာတော်ကြီး ဟင်နရီမန်းအိုင်ခလိန်မှ ဦး ဆောင်ပူဇော်ပေးခဲ့ပါသည်။ ပွဲတော်အခမ်းအနားသို့ ရဟန်းတော်များ၊ ဘရာသာရ်များ၊စစ္စတာရ်များ၊ ရဟန်းလောင်းကျောင်းသားများ နှင့် ဘာသာဝင်များပါဝင်ပြီး ဂျူဘီလီမစ္ဆားတရားတော်ကို အတူတကွပူဇော်ခဲ့ပါသည်။ ရဟန်းဖြစ်သင်ကျောင်းဂျူဘီလီပွဲနဲ့ပတ်သက်ပြီး ကျောင်းတာဝန်ခံ Fr. Nyan Soe Nyein(Rector) မှလည်း ခုလိုပြောကြားခဲ့သည်။ “ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာရဲ့ ရွှေနှလုံးတော်ရဟန်းဖြစ်သင်ကျောင်းကို…

ရဟန္တာအာဗန် (အာဲလ်ဗန်)

အားလုံးပဲမင်္ဂလာပါ။ဒီကနေ့လူသားကမ္ဘာကောင်းကျိုးဖြာအစီအစဉ်တွင်ရဟန္တာအာဘန်ရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ရဟန္တာအာဘန်ရဲ့ပွဲနေ့ကိုတချိုးစာမျက်နှာတွေမှာတချို့ဆောင်းပါးတွေမှာတော့၂၂ရက်နေ့လို့ဖော်ပြတတ်ပါတယ်။ပထမဦးဆုံးယုံကြည်ခြင်းအတွက်အသတ်ခံခဲ့ရတဲ့ဓမ္မအာဇာနည်တစ်ပါးဖြစ်ပါတယ်။သူဟာပညာသက်ပေမယ့်လို့လည်းဘုရားသခင်ကိုမယုံကြည်တဲ့ဒိဋ္ဌိတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့အဖြစ်အပျက်ဟာအလွန်စိတ်ဝင်စားစရာကောင်းပါတယ်။အာဘန်ငယ်စဉ်က‌ေရာမမြို့ကိုသွားရောက်လည်ပတ်ပြီးတော့ပညာမျိုးစုံကိုသင်ယူခဲ့ပါတယ်သူဟာ အင်မတန်မှဖော်ရေးပြီးတော့ဆက်ဆံရေးကောင်းသူဖြစ်တာကြောင့်သူ့ကိုချစ်ခင်ယုံကြည်သူတွေပေါများပါတယ်။ဒါ့အပြင်သူဟာသူ့မှာရှိတဲ့စည်းစိမ်ဥစ္စာတွေကိုဆင်းရဲသားတွေကိုရက်‌ေရာစွာနဲ့မျှဝေပေးတတ်ပါတယ်။အဲဒီအချိန်ထာတုန်းကတော့ရောမဧကရီကသူ့ရဲ့စစ်သားတွေကိုခရစ်ယာန်တွေကိုညှဉ်းပန်းနှိပ်စက်သတ်ဖြတ်စေခဲ့ပါတယ်တစ်နေ့မှာတော့ထွက်ပြေးလာတဲ့ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ အဖီဘာလူးဝစ်ဟာအိမ်ကိုသွားရောက်ပြီးတော့နီးပါးလူးဝစ်ဆာအာဘာရင့်အိမ်ကိုသွားရောက်ပြီးမိတ်ဆွေစစ်သားတွေကကျွန်ုပ်ကိုသတ်ဖို့လိုက်ရှာနေကြလို့။ကျနော့်ကိုမင်းရဲ့အိမ်မှာဝှက်ထားပြီးခဲ့ရင်လည်းဘုရားသခင်မင်းကိုဆုလာဘ်တွေပေးမှဖြစ်တယ်လို့ခိုလှုံခွင့်တောင်းခံခဲ့ပါတယ်။အဲဒီအခါမှာခင်ဗျားရဲ့အာဘန်ကခင်ဗျားဘာအပြစ်တွေလုပ်မိလဲလို့မေးတဲ့အခါကျတော့ဘာအပြစ်တွေလုပ်မိလို့လဲလို့မေးတဲ့အခါဘုန်းတော်ကြီးကတော့ ကျနော်ဘာအပြစ်မှာမလုပ်ခဲ့ပါဘူး။ခရစ်ယာန်ဖြစ်လို့သတ်ဖို့လိုက်ရှာနေကြတာဖြစ်ကြောင်း‌ေပြာပြခဲ့ပါတယ်။အဲဒီအခါမှာအာဘန်ဟာဘုန်းတော်ကြီးကိုသူ့ရဲ့အိမ်မှာလက်ခံပေးခဲ့ပါတယ်။ဘုန်း‌ေတာ်ကြီးထံက‌ေနသခင်ခရစ်တော်အကြောင်းနဲ့ယုံကြည်ရာအချက်တွေကိုနားထောင်ခဲ့ပါတယ်။အာဘန်ဟာသခင်ခရစ်တော်ရယ်လူသားတွေအပေါ်မှာအသေခံတဲ့အထိချစ်တော်မူကြောင်းကိုကြားနာရတဲ့အခါမှာဒီလိုချစ်ခြင်းမျိုးလိုက်တာနေလိုကြောင်းပြောဆိုပြီးတော့ယုံကြည်ခြင်းရလာခဲ့ပါတယ်။တစ်နေ့မှာတော့စစ်သားတွေဟာတံခါးဝကိုရောက်လာပြီ။ဘုန်း‌ေတာ်ကြီးကိုထုတ်ပေးဖို့ရန်အတွက်အမိန့်ပေးခဲ့ပါတယ်။အာဘာဟာဘုန်းတော်ကြီးရဲ့ဝတ်ရုံကိုသောင်းခံပြီးတော့ဘုန်းတော်ကြီးထံကနေကောင်းချီးမင်္ဂလာကိုခံယူခဲ့ပါတယ်။အဲ့ဒီ‌ေနာက် ဘုန်းတော်ကြီးကိုသူ့ရဲ့အခြေခံတစ်ယောက်ကိုလမ်းပြစေပြီးထွက်ပြေးလွတ်မြောက်စေခဲ့ပါတယ်။အာဘန်ကတော့ဘုန်းတော်ကြီးရဲ့ဝတ်စုံကိုဝတ်ဆင်ပြီးတော့အဖမ်းခံခဲ့ပါတယ်။အာဏာပိုင်တွေကတော့အာဘန်ကိုဘုန်းတော်ကြီးကိုကူညီလွတ်မြောက်စေတဲ့အတွက်နောင်တယူပြီးတော့နတ်ဘုရားတွေကိုပူဇော်ဖို့ရန်အတွက်အမိန့်ပေးခဲ့ပါတယ်။ သူဟာ နက်ဘုရားတွေကိုမကိုးကွယ်ဘဲအရာအားလုံးကိုဖတ်ရှင်းတော်မူတဲ့စစ်မှန်ပြီးအသက်ရှင်တော်မူတဲ့ကိုးကွယ်ကြောင်းပြန်လည်ပြောဆိုခဲ့ပါတယ်။အမျတ်ဒေါသထွက်နေတဲ့အာဏာပိုင်တွေဟာအာဘန်ကိုမြို့အပြင်ဘက်ကိုခေါ်ဆောင်ပြီးတော့ခေါင်းဖြတ်တတ်စေခဲ့ပါတယ်။အဲဒီသတင်းကိုမြို့သူမြို့သားတွေကြားတဲ့အခါမှာစုရုံးပြီးတော့အာပန်ကိုနောက်ဆုံးနှုတ်ဆက်ဖို့ရန်အတွက်ရောက်ရှိလာကြပါတယ်။အားဗန်းကိုသတ်မယ့်တောင်ကုန်းကိုရောက်တဲ့အခါအာဘန်ကိုသတ်မယ့်စစ်သားဟာ လူအများရဲ့ကြည်ညိုလေးစားနှုတ်ဆက်မှုတွေကြောင့်အာဘန်ဟာသန့်ရှင်းသူဖြစ်ပြီးမသတ်သင့်ကြောင်းပြောပြီးစိတ်ပြောင်းသွားခဲ့ပါတယ်။ဒါကြောင့်အာဘန်ကိုခေါင်းဖြတ်သတ်ပြီးတဲ့နောက်မှာ အာဏာပိုင်တွေက အာဘန်ကို ခေါင်းဖြတ်သတ်ဖို့ရန်ငြင်းဆိုခဲ့တဲ့ အရာရှိကိုလဲ အဲဒီနေရာမှာပဲခေါင်းဖြတ်တတ်စေခဲ့ပါတယ်။အာပန်ကိုခေါင်းဖြင့်တက်ခဲ့တဲ့နေရာမှာအာဘန်ကိုခေါင်းဖျက်သတ်ခဲ့တဲ့နေရာမှာစမ်းရေတွင်းရှိတာကြောင့် အဲ့ဒီစမ်းရေဟာ လူအများရဲ့ရောဂါတွေကိုပျောက်စေတယ်လို့ဆိုကြပါတယ်။ဒါကြောင့်အဲ့ဒီနေရာမှာ စိန်အာဘန်ကက်သီဒြယ်ဘုရားကျောင်းတော်ကြီးကိုတည်ဆောက်ခဲ့ပြီးအဲ့ဒီစမ်းရေဟာလဲ ယနေ့တိုင်အောင်တည်ရှိနေတယ်လို့ဆိုပါတယ်။စိန်အာဘန်ဟာ ဗြိတိန်နိုင်ငံမှာ ယုံကြည်ခြင်းအတွက်ပထမဆုံးအသတ်ခံရတဲ့ ဓမ္မအာဇာနည်တပါးဖြစ်ပါတယ်။စိန်အာဘန်ကိုဘာသာပြောင်းသူများနဲ့ညှင်းပန်းနှိပ်စက်ခံရသူတွေရဲ့အားကိုးရာ ရဟန္တာဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်။

ဖာသာရ် Cyril Nay Myo Htet (SJ) သာမန်ကာလ(၁၁)ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ဩဝါဒ ၁၈၊ ၆၊ ၂၀၂၅

ချစ်လှစွာသောဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမအပေါင်းတို့ဒီကနေ့ကြားနာဖတ်ရှုရမယ့်ပထမကျန်းမှာကောရိန်သုဩဝါဒစာဒုတိယဆောင်ခန်းကြီး ၉:၆-၁၁ အထိဖြစ်ပါတယ်။ ရှင်ပေါလ်လူက‌ကောရိန်သုမြို့မှာရှိတဲ့အသင်းတော်ကိုစာရေးသားပြောဆိုထားတာကတော့ အနည်းငယ်စိုက်ပျိုးတဲ့သူဟာ အနည်းငယ်ရိတ်သိမ်းရမယ်။ များစွာစိုက်ပျိုးတဲ့သူဟာများစွာရိပ်သိမ်းရမယ်။ အလှူပေးတဲ့အခါမှာမိမိရဲ့အတွင်းစိတ်ကလည်းရက်ရောတဲ့စိတ်နဲ့ပေးလှူရမယ်။ နှမျောတဲ့စိတ်နဲ့မပေးလှူပါနဲ့တာဝန်အရပေးလှူခြင်းဖြစ်ပါစေနဲ့ ဘာဖြစ်လို့လည်းဆိုတော့စေတနာစိတ်နဲ့ပေးလှူတဲ့သူကို ဘုရားသခင်နှစ်သက်တော်မူ၏လိုဆိုပါတယ်။ ဆင်းရဲသောသူများကိုလွတ်လပ်စွာပေးလှူသောသူများ၏ဖြောင့်မတ်ခြင်းသည်အမြဲတည်၏ စပါးစိုက်တဲ့သူကတော့ စားစရာဆန်စပါးကိုရရှိမယ်။ ဖြောင့်မတ်ခြင်းတရားကိုကျင့်ကြံသောသူများကလည်း‌ပေါ်ကြွယ်ဝမှုတွေဖြစ်စေတယ်။ ကျနော်တို့တစ်ဦးစီရက်ရောစွာပေးကန်ခြင်းဖြင့် လူအများဟာဘုရားသခင်ကိုချီးမွမ်းကြလိမ့်မယ်လို့ဆိုထားပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာလည်းဒုက္ခမျိုးဆုံ၊ လိုအပ်ချက်မျိုးစုံနဲ့တွေ့ကြုံနေတယ်။ အဲဒါကြောင့်မလို့ ကျနော်တို့ဘယ်‌‌လောက်ပေးလှူသလဲဆိုတာကတော့အရေးမကြီးပါဘူး။ ဘယ်လိုပေးလှူသလဲဆိုတာကတော့ပိုပြီးတော့အရေးကြီးပါတယ်။ ရက်ရောတဲ့စိတ်နဲ့အလှူပေးတဲ့သူများ၏ ဘာအချုပ်အနောင်မျှော်လင့်ချက်များမရှိဘဲနဲ့ လူအများကိုဘုရားသခင်ကကောင်ကြီးများစွာပေးတော်မူလိမ့်မယ်။ ရှင်မာသဲရေးသားထားတဲ့ ဧဝံဂေလိကျမ်းအခန်ကြီး၆:၁-၆ မှာသခင်ခရစ်တော်ကကျနုပ်တို့အလှူပေးတဲ့အခါမှာ သူတစ်ပါးမသိစေရန် လျို့ဝှက်စွာပေးလှူရမယ်။ သူတပါးကဂုဏ်ပြုမှတ်တမ်းတွေ ဓါတ်ပုံရိုက်တာတွေတစ်ပိုးခရာမှုတ်အလှူရှင်မှန်းသိအောင်မဏ္ဍပ်တိုင်တက်ပြတာတွေမလုပ်ဖို့သွန်သင်နေတယ်။ ကျနုပ်တို့လျှို့ဝှက်စွာလှူဒါန်းမယ်ဆိုရင်တော့ ကိုယ့်ရဲ့ညှာဘက်လက်ကပေးတာကိုဘယ်ဘက်လက်ကမသိစေနဲ့။ မထင်ရှားသောအရာကိုမြင်တဲ့ဘုရားသခင်ဆီမှာကောင်ကြီးများဆုကျေးဇူးများရရှိမှာဖြစ်ပါတယ်။ ကျနော်တို့အားလုံး စဥ်းစားစဥ်ခြင်ရမယ့် အချက်ကာမိမိပေးလှူတဲ့အခါကျတော့ ဒီလောကရဲ့ချီးမွမ်းကုန်ပြုခြင်း အသိအမှတ်ပြုခြင်းကိုယူမလား။…

ရဟန်းမင်းကြီးလီယို (၁၄) သည် နိုင်ဂျီးရီးယား၌ရက်စက်စွာသတ်ဖြတ်ခံရသူတို့အဖို့ဆုတောင်းပေး။

ယခုလဇွန် (၁၃/၁၄) ရက်နေ့ည၌ နိုင်ဂျီးရီးယားနိုင်ငံ၊ Yelwata မြို့နယ်၊ Guma အာဏာပိုင်၏အပိုင်၌ လူပေါင်း (၂၀၀) ခန့် လူမဆန်စွာသတ်ဖြတ်ခံခဲ့ရသည်။ အသတ်ခံရသောသူအများပိုင်းမှာ ရွေ့ပြောင်းဒုက္ခသည်များဖြစ်ပြီး၊ ကက်သလစ်သာသနာမှစောင့်ရှောက်ထားသောသူများဖြစ်ကြသည်ဟုသိရသည်။ ရဟန်းမင်းကြီးသည် တနင်္ဂနွေနေ့ မွန်းတည့်ဆုတောင်းခြင်းအစီအစဉ်အတွင်း၌ နိုင်ဂျီးရီးယားနိုင်ငံ၏ လုံ ခြုံရေး၊ တရားမျှတခြင်း၊ ငြိမ်းချမ်းရေးအတွက်ဆုတောင်းပေးရန်၊ အထူးသဖြင့် Benue ပြည်နယ်ရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသရှိခရစ်ယာန်များအတွက်စိုးရိမ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ခက်ခဲသောဒေသများရှိခရစ်ယာန်များသည်အကြမ်းဖက်ခံရမှု၏ သားကောင်းများဖြစ်နေကြရကြောင်း လည်းမိန့်ကြားခဲ့သည်။ ထိုလူမဆန်သည့်အကြမ်းဖတ်သတ်ဖြတ်မှုနှင့်စပ်လျဉ်း၍ နိုင်ဂျီးရီးယားနိုင်ငံ၌အခြေစိုက်သော ကုလလူ့ အခွင့်အရေးရုံးမှတာ၀န်ရှိသူက နိုင်ဂျီးရီးယားအာဏာပိုင်အားဖုန်းခေါ်ဆို၍ နေ့စဉ်သွေးစွန်းနေသော အခြေအနေအနေကိုချက်ချင်းရပ်တန့်ပေးရန်၊ အကြမ်း ဖက်သတ်ဖြတ်သော…

ဖာသာရ် Cyril Nay Myo Htet (SJ) သာမန်ကာလ(၁၁)ကြိမ်မြောက် အင်္ဂါနေ့ဩဝါဒ ၁၇၊ ၆၊ ၂၀၂၅

ချစ်လှစွာသောဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမပေါက်လတို့ဒီက‌‌နေ့ဟာ၁၁ကြိမ်မြောက်သာမန်ကာလအင်္ဂါနေ့ဖြစ်ပါတယ်။ ဒီကနေ့သမ္မာကျမ်းစာမှာသခင်ခရစ်တော်ကမိမိကိုယ်ချစ်တဲ့သူများကိုပြန်ချစ်ပြီးတော့ မိမိကိုယ်မုန်းသောသူများကိုမုန်းရမယ်ဆိုတဲ့သွန်သင်ညွန့်ကြားမှုကိုဆန့်ကျင်ခဲ့တယ်။ ထို့ထက်ပိုပြီးလုပ်ဆောင်ရန်တိုက်တွန်းခဲ့ပါတယ်။ အဲဒါကတော့မိမိရန်သူကိုချစ်ဖို့ မိမိကိုမတရားညှဉ်းပန်းသောသူတွေကိုဆုတောင်းမေတ္တာပို့သပေးဖို့ဖြစ်ပါတယ်။ အဲဒါဆိုရင်ကျွန်ုပ်တို့အားလုံးဟာဘုရားသခင်ရဲ့သားသမီးဖြစ်လာလိမ့်မယ်။ ဘုရားသခင်ဟာကောင်းမြတ်တဲ့သူအပေါ်မှာကော မကောင်းတဲ့သူအပေါ်မှာကောနေကိုထွက်စေတယ် မိုးကိုရွာသွန်းစေတယ်။ တကယ်လို့မိမိကိုချစ်သောသူကိုသာလျှင်ပြန်ချစ်မယ်ဆိုရင်တော့ကျနော်တို့ဟာအခွန်ခံတွေ လိုဖာရီဇေဦးတွေလိုပဲဖြစ်မယ်။ မယုံကြည်သောသူဘာသာပတွေတောင်အဲ့လောက်လုပ်နိုင်သေးတယ်မဟုတ်လား။ ထို့ကြောင်ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည်စုံလင်တော်မူသည့်နည်းတူ သင့်တို့သည်လည်းစုံလင်ခြင်းရှိကြလော့လို့ဆိုထားတယ်။ ကျွန်ုပ်တို့အားလုံးကိုစုံလင်ပြည့်ဝခြင်ရင်တော့ စစ်မှန်တဲ့ဘုရားသခင်ရဲ့သားသမီးဖြစ်ချင်ရင်တော့ဒီလောကရဲ့သွန်သင်မှုတွေထက်သာလွန်ပြည့်စုံစွာကျင့်ကြံနေထိုင်ရမှာဖြစ်ပါတယ်။ အဲဒါကတော့ဘုရားသခင်ကတော့အားလုံးအပေါ်မှာကောင်းမြတ်သလိုပဲကျွနုပ်တို့လည်းကောင်းမြတ်ရမှာဖြစ်ပါတယ်။ ဘုရားသခင်ကအားလုံးအပေါ်မှာရက်ရောသလိုပဲကျွန်ုပ်တို့လည်းရက်ရောရမှာဖြစ်ပါတယ်။ ဘုရားသခင်ဖန်ဆင်းထားတဲ့တောတောင်၊ မြစ်ချောင်၊နေလ၊ သစ်ပင်ပန်းပင်အားလုံးကိုအတုယူဖို့လိုပါတယ်။ မြစ်ချောင်းကတော့သူဆီမှာရေလာခက်တဲ့သူကအားလုံးကိုခွင့်ပြုတယ်။လူဆိုးတဲ့လူကောင်းမသတ်မှတ်ထားပါဘူး။ သစ်ပင်ကလည်းသူ့ရဲ့အသီးကိုလာခူးတဲ့သူအားလုံးကိုခွင့်ပြုတယ်။ လူဆိုးလူကောင်းမခွဲခြားပါဘူး။ ပန်းပွင့်ကလည်းသူ့ကိုနမ်းရှိုက်တဲ့သူတွေကိုအားလုံးကိုခွင့်ပြုတယ်။ လူဆိုးလူကောင်းမခွဲခြားပါဘူး။ အဲဒီလိုပဲအားလုံးဟာလည်းမြင့်မြတ်တဲ့စိတ်ထားနဲ့သဘောထားပြီးတော့ချစ်ခြင်းမေတ္တာနဲ့ဆက်ဆံဖို့သွန်သင်မှာကြားနေတယ်။ တစ်ပါးသူကောင်းစေဖြစ်စေ ဆိုးသည်ဖြစ်စေ မိမိကတော့အမြဲတမ်းကောင်းမြတ်ဖို့မြင့်မြတ်တဲ့စိတ်ထားနဲ့လုပ်ဆောင်မှုတွေလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုပြုမူနေထိုင်မှုဟာအပြောလွယ်သလောက်ကျင့်ကြံလုပ်ဆောင်ရမှာခက်ပါတယ်။ ဒီအရာတွေကိုလည်းကျွန်ုပ်တို့ရှေ့မှာလုပ်ဆောင်သွားတဲ့သူတွေလည်းအများကြီးရှိပါတယ်။ဥပမာ‌ေတင်အာဖရိကတိုက်က Nissan Mandela , united statements america က…

မိတ္ထီလာစီရင်စု စိန့်အန်ထော်နီ ဘုရားကျောင်းပွဲကျင်းပခြင်း။

မန္တလေးကက်သလစ်သာသနာ၊ မိတ္ထီလာစီရင်စုရှိ စိန့်အန်ထော်နီဘုရားကျောင်းပွဲကို (၁၄.၆.၂၀၂၅) နေ့နံနက် ၈းဝဝနာရီ အချိန်၌ ဘုန်းတော်ကြီး ဩဂတ်စတင်း တင်မောင်ထွန်းမှ မစ္ဆားတရားတော် ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ ပွဲတော်သို့ မိတ္ထီလာစီရင်စုအတွင်းရှိ ရွာများနှင့် မြို့ပေါ်ရှိ ဘာသာဝင်များ၊ သီလရှင်များ၊ နှင့် ဘုန်းတော်ကြီး အပါး(၂၀) တို့ပါဝင်ဆုတောင်းခဲ့ကြပြီး မစ္ဆားတရားအပြီး အရင်က မိတ္ထီလာမှာ တာဝန်ကျ ခဲ့သည့် Fr. John Mg San ၏ရဟန်းဝါတော်နှစ် (၅ဝ) ပြည့် ဂျူဘီလီ အထိမ်းအမှတ်ဂုဏ်ပြုခြင်း အစီအစဉ်ကို လည်းကျင်းပခဲ့ပါသည်။ မစ္ဆားတရားတွင်း Fr.…

ဘုရားသခင်လူသားတိုင်းကိုပေးသောဂုဏ်သိက္ခာကိုသက်သေခံကြရန် ရဟန်းမင်းကြီးတိုက်တွန်း။

ရဟန်းမင်းကြီးလီယို (၁၄) သည် (၂၀၂၅) ‘Day for Life’ (ဘ၀အတွက်နေ့) ဟုခေါင်းစဉ်ပေးထားသော လူ့ အသက်ကိုကာကွယ်ခြင်း၊ သန္ဓေတားဆီးခြင်း၊ ဖျက်ချခြင်းကိုဆန့်ကျင်ကာကွယ်လှုပ်ရှားမှု၌ ပါ၀င်ကြသူ များနှင့်အတူနီးကပ်စွာရှိနေကြောင်းမိန့်ကြားခဲ့သည်။ အဆိုပါလှုပ်ရှားမှုကို အင်္ဂလန်၊ ‌ဝေးလ်၊ စကော့တလန်၊ အိုင်ယာလန်နိုင်ငံများမှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ကြီးမှုကျင်းပခြင်း ဖြစ်သည်။ ဤလှုပ်ရှားမှုကိုနှစ်စဉ်လုပ်ဆောင်လေ့ရှိသည်။ ယခုကဲ့သို့လုပ်ဆောင်ရခြင်းမှာ လူ့ဘ၀တန်ဖိုးကို အဆင့် တိုင်း (ကိုယ်၀န်စရစဉ်၊ ကိုယ်၀န်ရင့်လာချိန်၊ သန္ဓေသားဘ၀ရောက်ရှိလာချိန်) နှင့်အခြေအနေတိုင်း၌ တန်ဖိုးထားတတ်ရန် ရည်ရွယ်သည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ ဂျူဗလီနှစ်၏ဆောင်ပုဒ်အတိုင်း ‘မျှော်လင့်ခြင်းသည်စိတ်မပျက်စေပါ။ ‌ဝေဒနာကြား၌အဓိပ္ပါယ်ကိုဖွေရှာပါ’ ဟုစိန့်ပေါလ်၏ (ရောမဩ၀ါဒစာ ၅း၅-၆)…

ဖာသာရ် . Cyril Nay Myo Htet (SJ) သာမန်ကာလ(၁၁)ကြိမ်မြောက် တနင်္လာနေ့ဩဝါဒ ၁၆၊ ၆၊ ၂၀၂၅

ချစ်လှစွာသောဓမ္မမိတ်ဆွေညီကိုမောင်နှမအပေါင်းတို့ဒီကနေ့မှာကျွန်ုပ်တို့ကြားနာဖတ်ရှုရမယ်။ အသက်ပေးသောနှုတ်ကပါဌ်တော်မှာရှင်မာသဲအခန်းကြီး၅း၃၈-၄၂အထိဖြစ်ပါတယ်။ သခင်ခရစ်တော်ဟာရန်သူကိုချစ်ဖို့လည်းသွန်သင်ညွှန်ကြားခဲ့တယ်။မျက်စိအစားမျက်စိသွားစားသွားဆိုတဲ့ပညတ်တရားနဲ့ပြန်လည်မတုံ့ပြန်ဘို့ပြောခဲ့တယ်။ သင့်ဘယ်ဘက်ပါးကိုပုတ်သောသူကိုညာဘက်ပါးပါပေးပုပ်လိုက်ပါ။ အင်္ကျီကိုယူလိုတဲ့သူကိုဝတ်ရုံကိုလည်းပေးလိုက်ပါတဲ့ သင့်ကိုခရီးတစ်မိုင်လျှောက်ခိုင်းတဲ့သူကိုနှစ်မိုင်လျှောက်လိုက်ပါတဲ့တောင်းသောသူအားပေးလော့ချေးငှားသောသူကိုလည်းမငြင်းပယ်နဲ့လို့ဆုံးမသွန်သင်ခဲ့ပါတယ်။ ဒီမျက်စိအစားမျက်စိသွားအစားသွားဆိုတဲ့ပညတ်ဥပဒေကိုတော့ဘာဗီလုံမြို့မှာ ဟန်မှူးဒါဘီဘုရင်ကြီးက ၁၇၉၂ဘီစီလောက်ကထုတ်ပြန်ခဲ့တာဖြစ်တယ်။ သခင်ခရစ်တော်ကတော့ရန်ကိုရန်နဲ့အတုံ့ပြန်ဘဲနဲ့ချစ်ခြင်းမေတ္တာနဲ့ ခွင့်လွှတ်ခြင်းနဲ့တုံ့ပြန်ဖို့အနိုင်ယူဖို့ပညတ်အသစ်ကိုပေးခဲ့တာဖြစ်တယ်။ ဒီနေရာမှာမတူညီတဲ့အခြေအနေနဲ့လူသုံးမျိုးကိုတွေ့ရှိရတယ်။ ပထမလူတစ်မျိုးကတော့ကျွန်တစ်ယောက်ကိုသခင်ကပါးရိုက်တဲ့အခြေအနေဖြစ်တယ်။ အက်ဒီကျွန်ကနောက်ထပ်ပါးတစ်ဖက်ကိုပေးရိုက်ခြင်းအားဖြင့်သခင်နဲ့တန်းတူအဖြစ်ကိုရောက်ရှိစေတာဖြစ်တယ်။ ဒုတိယတစ်မျိုးကတော့မိမိကိုယ်နိုင်ထက်စည်းနင်းအင်္ကျီလုယူတဲ့သူကိုဝတ်ရုံပါပေးချင်အားဖြင့်မိမိရဲ့အဝတ်စလစ်ဖြစ်ခြင်းဟာနိုင်ထက်စီးနင်းတဲ့သူကိုအရှက်ရစေတယ်။ နောက်ဆုံးသောသူကတော့သာမန်ရောမစစ်သားတစ်ယောက်က နိုင်ငံသားတစ်ယောက်ကိုတစ်မိုင်အထုပ်ထမ်းခိုင်းတဲ့အခြေအနေမှာ နိုင်ငံသားကနှစ်မိုင်လျှောက်တဲ့အတွက် အဲဒီခိုင်းစေတဲ့‌ရောမစစ်သားကိုအထက်လူကြီးရဲ့အပြစ်ပေးခြင်းခံရမှာဖြစ်တယ်။ အခြေအနေသုံးခုလုံးဟာမိမိပိုင်ဆိုင်တဲ့ပျက်စီးဥစ္စာတွေကိုထိခိုက်စေတယ်။ မိမိရဲ့အသားကိုနာကျင်စေတဲသူ့ကိုငြိမ်းချမ်းစွာနဲ့အနိုင်ယူခြင်းဖြစ်တယ်။ တကယ်လို့မိမိရဲ့အသက်ကိုကောထိခိုက်ဖျက်စီးမှုတွေရှိလာရင်ဘယ်လိုတုံ့ပြန်ရမလဲ။ ရှင်မာသဲအခန်းကြီး၁၀း၂၃မှာသခင်ခရစ်တော်ကတစ်မြို့၌သင်တို့ကိုညှင်းဆဲလျှင်တစ်မြို့သို့ပြေးကြလော့လို့ဆိုထားတယ်။ သခင်ခရစ်တော်ကမလိုအပ်ပဲကျွန်ုပ်တို့အသက်ကိုပျက်စီးဆုံးရှုံးမှုကိုမဖြစ်စေချင်လို့ဖြစ်တယ်။ မိမိရဲ့အသက်ကိုတန်ဖိုးထားရမှာဖြစ်တယ်။ တစ်ပါးသူရဲ့အသက်ကိုလည်းမဖျက်ဆီးဖို့တန်ဖိုးထားဖို့လိုအပ်ကြောင်းသင်ကြားပေးတယ်။၏အခြေအနေကတော့တစ်ခြားမြို့ရွာများကိုရှောင်ပြေးခြင်းအားဖြင့်သခင်ခရစ်တော်ရဲ့သတင်းကောင်းကိုကြေညာဟောပြောရန်ရည်ရွယ်တယ်။ အမှန်တရားအတွက်သခင်ခရစ်တော်အတွက်ယုံကြည်ခြင်းအတွက်ချစ်ခြင်းမေတ္တာအတွက်အသက်ရှင်နေထိုင်သွားကြပါစို့အာမင်။