rvamyanmar

rvamyanmar

ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သည့်အခါမျှ စွန့်ပစ်မည်မဟုတ်။

မင်္ဂလာတရားတော်များအပြီး ယေဇူးခရစ်တော်၏ မိန့်မြွက်ချက်များကို ပြန်လည်ဆင်ခြင်ရင်း၊ သခင် ခရစ်တော်နှင့် တွေ့ဆုံခြင်းသည် နေ့စဉ်ဘဝထဲသို့ စစ်မှန်သော ပျော်ရွှင်မှု၊ အနှစ်သာရနှင့် အလင်း ရောင် တို့ကို ဆောင်ကြဉ်းပေးကြောင်း ကျွန်ုပ်တို့ စိတ်အားငယ်နေချိန်တွင်ပင် ခမည်းတော်ဘုရားသခင်သည် “ကျွန်ုပ်တို့၏ အမည်နာမများနှင့် တစ်ဦးချင်းစီ၏ ထူးခြားမှုများကို ဂရုစိုက်တော်မူသည်” ဟု  ပုပ်ရ ဟန်း မင်းကြီး လီယို (၁၄) က မိန့်ကြားခဲ့ပါသည်။  စိန့်ပီတာရင်ပြင်ရှိ လူအုပ်ကြီးအား အန်ဂျေလူး (Angelus) မေတ္တာဆိုစဉ်အတွင်း ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က…

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ကတ်သလစ်ဘုန်းတော်ကြီးများထံ ပေးပို့သော ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ သဝဏ်လွှာ။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်မှ (၁၀) ရက်အတွင်း ကျင်းပသော Convivium အစည်းအဝေးသို့ ပေးပို့သည့် ပုပ်ရဟန်းမင်းကြီး၏ သဝဏ်လွှာသည် ယနေ့ခေတ် လောကီဆန်သော လူ့အဖွဲ့ အစည်း အတွင်း ခရစ်ယာန်သာသနာပြုလုပ်ငန်းများအတွက် လမ်းညွှန်ချက်တစ်ခု ဖြစ်ပါသည်။ ၁။ သန့်ရှင်းစင်ကြယ်ခြင်းသို့ ခေါ်ယူခြင်း သဝဏ်လွှာ၏ အဓိကအချက်မှာ “ကိုယ်တော်၏ အပိုင်ဖြစ်ပါစေ” ဟူသော အချက်ဖြစ်သည်။ ခရစ် ယာန် အသင်းတော်သည် အလုပ်တာဝန်များပြားမှုကိုသာ အာရုံစိုက်သော “စီမံခန့်ခွဲသူ” မျိုးကို မလိုအပ်ဘဲ အောက်ပါအချက်များနှင့် ပြည့်စုံသူများကိုသာ…

ပုပ်ရဟန်းမင်းကြီး လီယိုက လူကုန်ကူးမှုကို ‘လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု’ အဖြစ် ရှုတ်ချ။

၁၂ ကြိမ်မြောက် ကမ္ဘာ့လူကုန်ကူးမှုဆန့်ကျင်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က သဝဏ်လွှာတစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ ဤ “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ကြီးလေး သော ရာဇဝတ်မှု” ကို ရင်ဆိုင်ဖြေရှင်းရန်နှင့် အဆုံးသတ်ရန် ကက်သလစ်အသင်းတော်၏ ကတိကဝတ် ကို ထပ်လောင်းအတည်ပြုခဲ့သည်။ Devin Watkins ရေးသားသည်။ ၁၂ ကြိမ်မြောက် ကမ္ဘာ့လူကုန်ကူးမှုဆန့်ကျင်ရေး ဆုတောင်းပတ္ထနာနှင့် အသိပညာပေးနေ့ မတိုင်မီတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကျွန်ုပ်တို့၏ အွန်လိုင်းလူမှုအဖွဲ့အစည်းများကြား ပိုမိုဆိုးရွားသော ပုံစံများဖြင့်…

လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားမျှတမှုတို့သည် အများပြည်သူ၏ အကျိုးစီးပွားကို ရှေးရှုရမည်။

ဖေဖော်ဝါရီ ၄ ရက် ဗုဒ္ဓဟူးနေ့တွင် ကုလသမဂ္ဂဆိုင်ရာ ဗာတီကန်အမြဲတမ်းကိုယ်စားလှယ် ဂါဘရီယဲလ် ကာစီယာ (Archbishop Gabriele Caccia) က လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုတရားမျှတမှုတို့သည် အများပြည်သူအကျိုးစီးပွားကို ဖော်ဆောင်ရန် ရည်ရွယ်ရမည်ဖြစ်ပြီး၊ တစ်ဦးတစ်ယောက်ချင်းစီ၊ မိသား စုများနှင့် အခြားအစုအဖွဲ့များအတွက် အများပြည်သူအကျိုးစီးပွား (Common Good) ရရှိစေရန် ကူညီပေးကြဖို့ နိုင်ငံတော်အစိုးရများအနေဖြင့် ၎င်းတို့၏ နိုင်ငံသားများ ဤရည်မှန်းချက်သို့ ရောက်ရှိ စေရန် ကူညီပေးသင့်ကြောင်း ပြောကြားခဲ့သည်။ အဓိကအချက်များ • အများပြည်သူအကျိုးစီးပွားကို ရှေးရှုရန် (The Common…