
ဖာသာရ် Peter Yan Naung (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၁၇)ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့ဩဝါဒ ၂၉၊ ၇၊ ၂၀၂၅







အားလုံးပဲ မင်္ဂလာပါ။ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ “ဘာကြောင့် လေထုညစ်ညမ်းရတာလဲ?” ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ သတင်းတွေမှာ ကြားဖူးကြမှာပါ — လေထုညစ်ညမ်းတဲ့နိုင်ငံတွေရဲ့အကြောင်းတွေ။ ဆိုတော့ ဒီလေထုညစ်ညမ်းမှုဆိုတာ ဘာလဲ၊ ဘာကြောင့် လေထုညစ်ညမ်းရတာလဲ၊ သန့်ရှင်းလတ်ဆတ်တဲ့လေဟာ ဘယ်လောက်အရေးကြီးတာလဲ။ ထိုအချက်တွေကို ဗဟုသုတအနေနဲ့ ဒီဗီဒီယိုလေးထဲမှာ ပြောပြထားပါတယ်။ ကျွန်တော်တို့တွေဟာ နေ့စဉ်အသက်ရှူဖို့ အားထားရတဲ့ ဒီလေထုကို သတိမထားမိဘဲ ညစ်ညမ်းအောင် လုပ်မိနေကြပါတယ်။ ဒီဗီဒီယိုလေးထဲမှာ — ဆိုတာတွေကို အလွယ်တကူ လေ့လာနိုင်အောင် တင်ဆက်ပေးထားပါတယ်။ တင်ဆက် — ဇော်နိုင်ဦးတည်းဖြတ် — စတီဗင်

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ စိန့်ဂျိုးဇက်သာသနာစီရင်စု စိန့်ဂျိုးဇက်ဘုရားကျောင်း(လဖိန်း) ၌ မန္တလေးသာသနာလုံးဆိုင်ရာ မိသားစုများဂျူဘီလီနှင့် ပဥ္စမအကြိမ်းမြောက် ကမ္ဘာ့အဖိုးအဖွားများနှင့် သက်ကြီးသူများပွဲနေ့ကို (၂၆၊၇၊၂၀၂၅) စနေနေ့ မနက်၇:၀၀ အချိန်၌ မန္တလေး သာသနာပိုင် ဆရာတော်ကြီး မာကု ဦးတင်ဝင်းမှ မစ္ဆားတရားဦးဆောင် ပူဇော်ပေးခဲ့ပါသည်။ မစ္ဆားတရား၌ ဆရာတော်မိန့်ကြားသည်မှာ “မိမိ၏မျှော်လင့်ချက်ကို မစွန့်လွတ်သူသည် မင်္ဂလာရှိသူဖြစ်တယ် မျှော်လင့်တယ်ဆိုတာက လောကထဲ မှာ သစ္စာမဲ့တဲ့တရားတွေ၊ ပျက်စီးယိုယွင်းနေတဲ့ စိတ်နေစိတ်ထားတွေ ပျောက်ကွယ်သွားတဲ့ စိတ်ထား စိတ်မြတ်တွေ ဘုရား၌ကျွန်ုပ်တို့ ထားတဲ့မျှော်လင့်ချက်ဖြစ်တယ်။ အသက်ကြီးသူတွေကို ဆုတောင်းပေးရမယ် ကူညီထောက်ပံ့ပေးရမယ် ပြီးရင်မိမိတို့အဖိုးအဖွားတွေ…


ဇူလိုင်လ၂၈ရက်မှ ဩဂုတ်လ ၃ နေ့ထိ ကျင်းပမည့် လူငယ်ဂျူဘီလီပွဲတော်နဲ့ပတ်သက်ပြီး သာသနာပြု ခြင်းဆိုင်ရာ ရဟန်းမင်းကြီးရုံးတော် တာဝန်ခံဂိုဏ်းချုပ်ဆရာတော် Rino Fisichella က ကမ္ဘာအနှံ့အပြားမှ ယဉ်ကျေးမှုပေါင်းစုံနှင့် မတူညီသောတင်ဆက်မှုများက ဒီဂျူဘီလီကိုပိုမိုလှပစေပါလိမ့်မယ်။ ကမ္ဘာအနှံ့ပြားမှလူငယ်များဒီပွဲကိုရောက်ရှိလာကြပါလိမ့်မယ်။ ၁၄၆ နိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်ကျမည်ဖြစ်ပြီးတော့ ၇၈ရာခိုင်နှုန်းမှာဥရောပ နိုင်ငံများမှ ဖြစ်ကာ ၂၂ရာခိုင်နှုန်းမှာကမ္ဘာအနှံ့ပြားသောနိုင်ငံများမှ လူငယ်များဖြစ်ကြပါသည်။ တိုင်းပြည်မငြိမ် မသက်ဖြစ်နေသော အီရတ်၊ တောင်ဆူဒန်နဲ့ လက်ဘနွန်နိုင်ငံ တို့မှလူငယ်များလည်းပါဝင်မည်ဖြစ်သည်။ ဒီပွဲကျင်းပတဲ့ ပျော်စရာခိုက်တန့်လေးဟာ ကမ္ဘာတဝှန်းကရောက်ရှိလာမယ့် လူငယ်တွေအားလုံးထွေးပွေမှုကို ဖော်ဆောင်ဖို့ ရည်ရွယ်တာဖြစ်ပြီး၊ ငြိမ်းချမ်းမှုရဲ့အခိုက်အတန့်ကိုဖော်ဆောင်ခြင်းနှင့် ကမ္ဘာ့ငြိမ်း…