rvamyanmar

rvamyanmar

စိန့်ဂျွန်ဟင်နရီနူးမန်းသည်အူဘာနီအားနားတက္ကသိုလ်အားမှိုင်းမသောရဟန္တအဖြစ်ဂုဏ်ပြုခံရ။ 

စိန့်ဂျွန်ဟင်နရီနူးမန်းသည်အဘယ်သူနည်း။ သူ၏ဘ၀အတ္တုပ္ပတ္တိသည်လွန်စွာစိတ်၀င်စားစ ရာကောင်း သည်။ သူ့အား (ဖေဖော်၀ါရီ ၂၁၊ ၁၈၀၁) အဂ်လန်နိုင်ငံ၌မွေးဖွားခဲ့သည်။ (၁၈၂၅) ၌အင်္ဂလန်အ သင်းတော် ၏ဘုန်းတော်ကြီးအဖြစ်သိက္ခာခံယူခဲ့သည်။ အင်္ဂလန်အသင်းတော်၏ဘုန်းတော်ကြီးအဖြစ်နှစ် ပေါင်း (၂၀) ထမ်းဆောင်ပြီးနောက် (၁၈၄၅) ၌ကက်သလစ်ဘာသာသို့ပြန်လည်ကူးပြောင်းလာခဲ့သည်။ ကက် သလစ်ဖြစ်လာပြီးနှစ်ပေါင်း (၃၄) နှစ်ကျော်အကြာ (၁၈၇၉) ၌ရဟန်းမင်းကြီးလေအို (၁၃) မှကာဒီနယ် အဖြစ်ရွေးချယ်ခန့်အပ်ခဲ့သည်။  သူသည်သက်တော် (၈၉) နှစ်၌ပျံလွန်သွားခဲ့သည်။ သူသည်အဂ်လန်အသင်း တော်၌ရှိနေစဉ်ကလည်း အလွန်အရေးပါအရာရောက်သောဘာသာရေးခေါင်းဆောင်တစ်ပါးဖြစ်ခဲ့သည်။ ကက်သလစ်သာသနာ မှဓမ္မပါရဂူအဖြစ်သတ်မှတ်ကြေညာသည့်မစ္ဆားတရား၀တ်ပြုခြင်း၌ အဂ်လန်အစိုးရ ကိုယ်တိုင်တက် ရောက်ခဲ့သည်။ ဤသည်ကားသူ၏ဘ၀အတ္တုပ္ပတ္တိအကျဉ်းဖြစ်သည်။…

ရဟန်းမင်းကြီးလေအို (၁၄) ရဟန်းမင်းကြီးဖရန်စစ်၏အုတ်ဂူသို့ကြွရောက်ဆုတောင်းပေးခဲ့။ 

ရဟန်းမင်းကြီးလေအို (၁၄) သည်နွေရာသီစခန်းရှိသည့် Castel Gandolfo သို့မကြွရောက်မီ ည (၈း၅) အချိန်၌ ရောမမြို့ရှိစိန့်မေရီဘာစီးလီကာသို့ကြွရောက်၍အဆိုပါဘာစီးလီကာထဲ့၌မြှုပ်နှံထား သောရ ဟန်းမင်းကြီးဖရန်စစ်၏အုတ်ဂူဆီသို့သွား၍ဆုတောင်းပေးခဲ့သည်။ ထို့နောက်နှင်းဆီဖြူပန်းစည်းကို လည်းချထားပေးခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်၏စကျင်ကျောက်အုတ်ဂူပေါ်၌နှင်းဆီဖြူတစ်ပွင့်ကိုထွင်း ထုထားပေးသည်။ ထို နှင်းဆီဖြူသည် သူငယ်တော်ယေဇူး၏စိန့်ထရေးဇာအားရည်စူး၍ထွင်းထုထားခြင်းဖြစ် သည်။ အဘယ် ကြောင့်ဆိုသော်စိန့်ထရေးဇာသည် သူပျံလွန်သွားပြီးနောက်၌ကောင်းကင်မှဘုရားသခင်၏ ကောင်းချီး တော်ကိုနှင်းဆီပန်းပွင့်ကဲ့သို့တောင်းလျှောက်ချပေးမည်ဟုပြောကြားခဲ့ဖူးသည်ကိုအမှတ်ရစေရန်၊ ဆုတောင်းခြင်းတောင်းခံရန်ရည်ရွယ်ခြင်းဖြစ်သည်။  ရဟန်းမင်းကြီးဖရန်စစ်၏အုတ်ဂူသည် Sforza နှင့် Pauline ဘုရားကျောင်းဆောင်ငယ်ကြား ၌ရိုးရှင်း အေးချမ်းစွာလျောင်းစက်ထားစေသည်။ ဘာစီးလီကာဘုရားကျောင်းကြီးများထဲ၌ မစ္ဆားပူဇော်နိုင် သော ပလ္လင်အသေးလေးများစွာဆောက်လုပ်ထားသည်။ ထိုမစ္ဆားပလ္လင်နှင့်အကန့်များကိုဘုရားကျောင်း ဆောင်ငယ်ဟုခေါ်‌ဝေါ်သုံးနှုန်းလေ့ရှိသည်။ စိန့်မေရီဘာစီးလီကာဘုရားကျောင်းကြီးသည် ‘ရောမမြို့သူ မြို့ သားတို့၏ကျန်းမာခြင်းကိုစောင့်ရှောက်သောမယ်တော်’ (Salus Populi Romani)…

ဆလေးရှင်းသာသနာပြုများစေလွှတ်ခြင်း နှစ်(၁၅၀)ပြည့် ဂျူဘီလီပွဲကျင်းပ။

ဒွန်ဘောစကို၏ဆလေးရှင်းအသင်းဂိုဏ်းသာသနာပြုစေလွှတ်ခြင်း နှစ်(၁၅၀) ပြည့် ဂျူဘီလီပွဲတော် မစ္ဆားတရားတော်မြတ်ကို မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ အနီးစခန်း၊ နာဇရက် ရဟန်းဖြစ်သင်ကျောင်းဝင်းရှိ ခရစ္စတီယာန်တိုအားမှိင်းမတော်မူသောမယ်တော်သခင်မ ခန်းမဆောင်၌ ဆရာတော်ကြီး Cadinal Charles Bo မှ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ ဆလေးရှင်းသာသနာပြုအသင်းဂိုဏ်းသည် မြန်မာနိုင်ငံသိုရောက်ရှိတာ(၈၆) နှစ်တိုင်ရှိခဲ့ပြီး၊ ရဟန်းဘုန်း တော်ကြီး (၆၈)ပါး သီလရှင် အပါး(၄၀)ကျော်တိုဖြင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ကလေး၊ လားရှိး စသည့်သာသနာများတွင် သာသနာပြုလုပ်ငန်းကိုလုပ်ဆောင် နေသော အသင်းဂိုဏ်းလည်းဖြစ်ပါသည်။  မစ္ဆားတရားအတွင်း ဆရာတော်ကြီး ဆရာတော်ကြီး Cadinal Charles Bo မိန်းကြားသည်မှာ “နှိမ့်ချခြင်းနဲ့အစပျိုးတဲ့မျိုးစေ့သည် ကြီးမားတဲ့သစ်ပင်ကြီးတစ်ပင်လိုဖြစ်လာဖိုအတွက်ဖြစ်တယ်။ ဝေးလံတဲ့နေရာတွေမှာ သွားပြီးသာသနာပြုနေရချိန် တစ်ယောက်နဲ့တစ်ယောက်ဝေးနေကြပေမဲ့ ဘုရား သခင်ဂုဏ်တော်အတွက် တိုတွေအားလုံးအတူတူရှိပါတယ်။ ဖျားနာတဲ့သူကို ဂရုစိုက်ပါ၊ လူငယ်များကို အရေးပေးပါ၊ လူကြီးများကိုကြည့်ရှုပါ၊ ဆင်းရဲတဲ့သူတွေကို ဂရုစိုက်ပါ ဘုရားသခင်ရဲ့ကျေးဇူးတော်တွေကို ခံစားရလိမ့်မည်။ သာသနာပြုအသင်းဂိုဏ်းများစွာရှိသည့်အတွက် အချင်းချင်းမကောင်းစကားကိုရှောင်ပြီး ကောင်းမွန်စွာ ပြောဆိုဆက်ဆံပါ။ မောပန်းချိန်၊ ဒုက္ခခံစားရချိန်မမေ့ပါနဲ့ နောင်တစ်ချိန် ကျွန်ုပ်တိုအတွက် ကောင်းကင် ဆုပြင်ထားတယ်ဆိုတာမမေ့ပါနဲ့” ဟုမန်းကြားခဲ့ပါသည်။ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီး မာကု ဦးတင်ဝင်း မှလည်း “မြန်မာတစ်ပြည်လုံးမှာ သာသနာပြုနေကြတဲ့ ဆလေးရှင်းဘုန်းတော်ကြီးများ၊ သီလရှင်များ၊ကိုယ်ရင် များ အားလုံးကို Happy Feastday ပါ တကယ်ပဲမြင့်မြတ်တဲ့နှစ်တွေအများကြီးပေးဆပ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တိုမျှော်လင့်တာက လူတစ်ယောက်၊ အသင်းအဖွဲတစ်ဖွဲ့ကို ကြည့်ပြီးမျှော်လင့်တာမဟုတ်ဘူး။ ကျွန်ုပ်တိုမျှော်လင့်တာက ဘုရားရှင်ရဲ့ဘုန်းတော်ကို အမှီပြုပြီး မျှော်လင့်ခြင်းဖြစ်တယ်။ ဘာအတွက် ဘုရားကငါ့ကိုခေါ်နေသလဲ ဆိုတာကို ကြားယောင်ပြီး ကြိုးစားအဖြေရှာနေတဲ့ ရဟန်းဖြစ်ကျေားသား၊ သီလရှင်ကျောင်းသူတွေ အားလုံးအတွက် ဆုတောင်းပေးကြပါ။ ဘုန်းတော်ကြီးများ၊ဆရာတော်ကြီးများ တွက်လည်းဆုတောင်းပေးကြပါ။ ကမ္ဘာအရပ်ရပ်မှာ သာသနာပြုနေကြတဲ့ဆလေးရှင်းဘုန်းတော်ကြီးများအားလုံးကိုလည်းကျေးဇူးတင် ပါသည်။” ဟု အားပေးစကားပြောခဲ့ပါသည်။ ဆလေးရှင်းဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Fr.Edward Sein Myint, SDB မှပြောပြသည်မှာ “မြန်မာနိုင်ငံ အပါအဝင် ဆလေးရှင်းများ သာသနာပြုနေသည်မှာ ၁၃၇ နိုင်ငံ ရှိပါတယ်။ မြန်မာနိုင်ငံ ရောက်ရှိတာကတော့ ခုဆို(၈၆)နှစ်ရှိပါပြီ ကျွန်ုပ်တို့ ဒီဒွန်ဘောစကိုရဲ့ ရည်ရွယ်ချက်အတိုင်း အထူးသဖြင့် လမ်းမှားရောက်နေသောလူငယ်များ၊ အခက်အခဲကြောင့်ပညာဆက်မသင်နိုင်တော့တဲ့လူငယ်များ၊…

ရဟန်းမင်းကြီးလေအို (၁၄) သည်တစ်ရက်တည်း၌သမ္မတနှစ်ဦးအားလက္ခံတွေ့ဆုံခဲ့။

ရဟန်းမင်းကြီးလေအို (၁၄) သည်တစ်ရက်တည်း၌သမ္မတနှစ်ဦးအားလက္ခံတွေ့ဆုံခဲ့။ အာဗီအေမြန်မာ၊၃၊၁၁၊၂၀၂၅။ ရဟန်းမင်းကြီးသည် အောက်တိုဘာ (၃၀) ရက်၊ ကြာသပတေးနေ့နံနက်ပိုင်း၌ ဖီဂျီနိုင်ငံ၏ သမ္မတ Ratu Naiqama Tawakecolati Lalabalavu အားဗာတီကန်ရှိရဟန်းမင်းကြီးရုံးတော်၌လက္ခံတွေ့ ဆုံခဲ့သည်။ ထို့နောက်ဖီဂျီသမ္မတသည် သံတမန်တို့၏လုပ်ထုံးအတိုင်းပင်ရဟန်းမင်းကြီးနှင့်တွေ့ဆုံပြီး နောက်ဗာတီ ကန်၏အတွင်းရေးမှူးကာဒီနယ် Pietro Parolin၊ ဗာတီကန်၏နိုင်ငံတကာအဖွဲ့အစည်းများ ဆိုင်ရာလက် ထောက်တာ၀န်ခံမွန်ဆီညှော် Daniel Pacho တို့နှင့်လည်းတွေ့ဆုံခဲ့သည်။  ဗာတီကန်သတင်းဌာန၏ထုတ်ပြန်ချက်အရ တွေ့ဆုံစဉ်၌ နိုင်ငံ၏အတွင်းတည်ရှိနေသော ကောင်းမွန် သည့်ဆက်ဆံရေးအတွက်ကျေနပ်ရပါကြောင်း၊ ဖီဂျီနိုင်ငံအတွင်းကက်သလစ်သာသနာတော်ကြီး ၏အ ခြေအနေမှာလည်းကျေနပ်ဖွယ်ရာဖြစ်ကြောင်း၊ ၄င်းအပြင်နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ သ ဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်နိုင်ငံကျော်ဖြတ်၍ရာဇ၀တ်မှုများကျူးလွန်နေမှုများကို ဆန့်ကျင့်ဟန့်တားတိုက်ဖျက်ရန်တို့ကိုဆွေးနွေးခဲ့ကြောင်းသိရပါသည်။  ဖီဂျီနိုင်ငံသည်ပစီးဖိတ်သမုဒ္ဒရာ၏တောင်ပိုင်းတွင်တည်ရှိသောအပူပိုင်းဇုံ၌ကျရောက်နေ သည့်ကမ်းရိုး…

တရုတ်မြေအောက်ကက်သလစ်သာသနာ၏အုတ်မြစ်နှင့်တူသောဆရာတော်သက်တော် (၉၁) နှစ်၌ပျံလွန် ။

ကက်သလစ်သာသနာသည် တရုတ်နိုင်ငံသို့ (၁၃) ရာစု (၁၂၉၃)၊ ယွန်မင်းဆက်လက် ထက်ဖရန်စစ္စကင် သာသနာပြုများနှင့်အတူစတင်ရောက်ရှိသွားခဲ့သည်။ အဆိုပါဖရန်စစ္စကင်သာသနာပြုအဖွဲ့ကိုဦးဆောင်သွားခဲ့သူမှာ ဖာသာရ် Giovanni da Montecorvino ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံ၌ခ ရစ်ယာန်များရှိနေခဲ့သည့်သမိုင်းနောက်ခံမှာယခုထက်ပင်စောပြီး၊ တန်မင်းဆက်လက်ထက် (၇) ရာစု၊ နက်စတိုးရီယံမှသာသနာပြုများစေလွှတ်သည့်အချိန် ကတည်းက ပင်ရှိခဲ့သည်ဟုသိရပါသည်။ (၁၆) ရာစု မင်မင်းဆက်လက်ထက်၌ ဂျက်ဆွီစ်သာသနာပြုဘုန်း တော်ကြီး Matteo Ricci တို့ကတဖန်ပြန်လည်၀င်ရောက်လာခြင်းနှင့်အတူ ခရစ်ယာန်တရားအမြစ် တွယ်ခိုင်မြဲ လာခဲ့သည်။ တရုတ်နိုင်ငံ၌ ခရစ်ယာန်တရားတော်သည်ထိုသို့သမိုင်းကြောင်းရှည်လျားစွာတည်ရှိနေခဲ့ရာမှ တစ်ခု တည်းသောကက်သလစ်သာသနာသည် (၁၉၅၇) အရောက်၌ မြေပေါ်၊ မြေအောက်ဟုအ လွယ်ခေါ်သော အဖွဲ့နှစ်ဖွဲ့ကွဲသွားခဲ့သည်။ မြေပေါ်အသင်းတော်၏အရှည်ကောက်မှာ ‘The Chinese Catholic Patriotic Association (CCPA) (သို့)…