rvamyanmar

rvamyanmar

လိုအပ်ချက်

တစ်ခါက သူဆင်းရဲ လယ်သမားတစ်ယောက်ရှိခဲ့တယ်။ သူက မြေယာအလုံအလောက်ရရင် တစ်သက်လုံး ပျော်ရွှင်စွာနေနိုင်မယ်လို့ ယုံကြည်ထားတယ်။ တစ်နေ့မှာ ဝေးလံခေါင်သီတဲ့အရပ်က တိုင်းရင်းသားလူမျိုးတစ်စုက ကျယ်ဝန်းတဲ့မြေယာတွေကို ပိုက်ဆံအနည်းငယ်နဲ့ ရောင်းနေတယ်ဆိုတဲ့သတင်းကြားလိုက်ရတယ်။ သူတို့ရဲ့စည်းကမ်းကတော့ အလွန်ရိုးရှင်းပါတယ်။သတ်မှတ်ထားတဲ့ ဈေးနှုန်းပေးလိုက်ရုံနဲ့ နေထွက်ချိန်ကစပြီး နေဝင်ချိန်အထိ သူလမ်းပတ်လျှောက်နိုင်သမျှ မြေယာကိုရနိုင်တယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ် — နေမဝင်ခင် စတင်ခဲ့တဲ့နေရာကို ပြန်ရောက်ရမယ်။ပြန်မရောက်ဘူးဆိုရင် ပိုက်ဆံရော မြေယာပါ အကုန်ဆုံးရှုံးမှာပါ။ နေထွက်ချိန်ရောက်တော့ ပါးအွန် ခရီးထွက်ခဲ့ပါတယ်။သူက အရှိန်ကောင်းကောင်းလမ်းလျှောက်ပြီး နယ်နိမိတ်တွေ အမှတ်အသားလုပ်သွားတယ်။ စိတ်ထဲမှာတော့ ရလာမယ့် ချမ်းသာကြွယ်ဝမှုတွေကို မြင်ယောင်နေပါတယ်။…

ဆူဒန်အလယ်ပိုင်းတွင် အကြမ်းဖက်မှုများ တိုးမြှင့်လာသဖြင့် ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်း ရှောင်နေရ။

ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် အာရ်အက်စ်အက်ဖ် (RSF) တို့အကြား ကိုရ်ဒိုဖန် (Kordofan) အလယ်ပိုင်း ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသောကြောင့် လူပေါင်း ထောင်ပေါင်းများစွာသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးနေကြရသည်။ ဤပဋိပက္ခသည် ယခင်ကပင် ၁၄ သန်းကို နေရပ် စွန့်ခွာစေပြီး၊ ခန့်မှန်းခြေအားဖြင့် ၁၂၀,၀၀၀ ခန့် သေဆုံးခဲ့ရသည့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေခဲ့သည်။ ဆူဒန်စစ်တပ်နှင့် လက်နက်ကိုင် Rapid Support Forces (RSF) တို့အကြား ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ခန့်မှန်းခြေ လူ ၁၄ သန်း၏ ဆင်းရဲဒုက္ခများအပြင်၊…

စစ်ပွဲများကြုံတွေ့နေရသည့်နိုင်ငံများတွင်ငြိမ်းချမ်းရေးတည်ဆောက်ရန်လုပ်ဆောင်နေသူများအားကျေးဇူးတင်ရှိကြောင်းပုပ်ရဟန်းမင်းကြီးလီယို (၁၄) လေလေနက်နက်ထုတ်ဖော်ပြောကြား။

အပတ်စဥ် Angelus နေ့ခင်းမေတ္တာဆုတောင်းခြင်း နိဂုံးချုပ်တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က စစ်ပွဲ များကြုံတွေ့နေရသည့် နိုင်ငံများတွင် ငြိမ်းချမ်းရေးတည်ဆောက်ရန် လုပ်ဆောင်နေသူများအား ကျေးဇူး တင်ရှိကြောင်း နက်နက်နဲနဲ ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင် ဖုန်း-ဝေါင်း (Fung-wong) ဟူသည့် တိုင်ဖွန်းမုန်တိုင်းဒဏ်ခံရသော ဖိလစ်ပိုင်ပြည်သူများအတွက်လည်း ဆုတောင်းပေးခဲ့ပါသည်။ ဗာတီကန်သတင်း ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသူများအား အသိအမှတ်ပြုခြင်း ပုပ်ရဟန်းမင်းကြီးသည် စစ်ပွဲဒဏ်ခံရသည့် ဒေသအသီးသီး၌ နည်းမျိုးစုံဖြင့် ငြိမ်းချမ်းရေးတည် ဆောက် ရန် ကြိုးပမ်းလုပ်ဆောင်နေသူအားလုံးကိုလည်း နက်နက်နဲနဲ အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။ လွန်ခဲ့သည့် ရက်များအတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် သေဆုံးသွားသူများ…

ကျွန်ုပ်တို့သည်ခရစ္စတူးသခင်နှင့်ပျော်ရွှင်စွာလျှောက်လှမ်းရမည့်သူများဖြစ်ကြသည်ဟုရဟန်းမင်းကြီးမိန့်ကြား။

 ကျွန်ုပ်တို့သည်သနားခြင်း၊ နှစ်သိမ့်ခြင်း၊ ငြိမ်းချမ်း‌ရေးနှင့်ဆိုင်သောဧ၀ံဂေလိတရားတော်ကို ကမ္ဘာ ကြီးအားဟောကြားသက်သေခံရန်ခေါ်တော်မူခြင်းခံထားရသောခရစ္စတူးသခင်၏သာသနာ၊သူ၏ခန္ဓာ တော်၊ သူ၏အဂ်ါအစိတ်အပိုင်းများဖြစ်ကြသည်။  ယနေ့သည် စိန့်ဂျွန်၏ဘုရားကျောင်းကြီးပွဲနေ့ဖြစ်သည်။ ဤနေ့၌သာသနာတော်ကြီးသည် စည်းလုံး ခြင်း၏နက်နဲချက်၊ ကမ္ဘာပေါ်ရှိကက်သလစ်သာသနာတစ်ခုလုံး၏ယုံကြည်ခြင်းလမ်းစဉ်ကိုဂရုစိုက် လမ်းညွှန်ပေးနေသော ရောမ သာသနာတော်ကြီးနှင့်ပေါင်းစည်းနေသည့် အကြောင်းကိုထောက်ရူ ရမည်ဖြစ် သည်။ ဘုရားကျောင်းတော်ကြီး၏အစဉ်အလာကြီးမားသောသမိုင်းကြောင်း၊ ရင်သပ်ရူ မောဖွယ်ဗိသုကာ လက်ရာနှင့်ဘာသာရေးအမွေအနစ်များနှင့်အတူတပည့်တော်ကြီးတို့မှ လက်ဆင့် ကမ်းသယ်ဆောင်၊ ထိန်း သိမ်း၊ ချန်ရစ်ပေးခဲ့သောယုံကြည်ခြင်းကိုရာစုအဆက်ဆက် ဆက်လက် ရှင်သန်နေစေရန်တွန်းအား၊ အသိ ဖြစ်စေကြောင်း၊ ကြီးမားသောနက်နဲချက်ကိုဘုရားကျောင်းကြီး၏ ဗိသုကာလက်ရာများကိုလေ့လာကြည့် လျှင်သိနိုင်ကြောင်း၊ ဘုရားကျောင်းကြီး၏အလယ် ဗဟို၌ တမန်တော်ကြီး (၁၂) ပါး၏ဆင်းတုတော်ကိုတွေ့…

တံတားတည်ဆောက်သူများဖြစ်ကြပါဟုရဟန်းမင်းကြီးတိုက်တွန်း။

ပေါင်းစည်းသူများဖြစ်ရန်ယေဇူးသခင် သင်တို့အားဖိတ်ခေါ်သည်။ တံတားတည်ဆောက်သူ များဖြစ်ကြ ပါ။ အကွဲကွဲအပြားပြားဖြစ်နေသော၊ သံသယများကြားရှင်သန်နေသောကမ္ဘာကြီးအားယုံကြည်မှုကို ကြဲ သူများဖြစ်ကြပါ။ သင်တို့ခရစ်ယာန်ဖြစ်သည်ကိုပြသရန်၊ ဧ၀ံဂေလိတရား၊ ဧ၀ံဂေလိအသက်တာကို တက်ကြွစွာရှင်သန်ရန်၊ယေဇူးသခင်နှင့်တွေ့ဆုံခြင်းမှရသေ၀မ်းမြောက်ခြင်းကိုအခြားသူများအား‌‌ဝေမျှရန် မကြောက်ကြနှင့်။ သင်တို့သည်တစ်ဦးတည်းထီးထီးကြီးမဟုတ်။ ကလေးတို့သည်မိဘတို့၏ချစ်ခြင်း၊ ဂရု စိုက်မှု၊ ခွင့်လွှတ်ခြင်း၊ အားပေးခြင်းကိုအမြဲခံရသကဲ့သို့ ဘုရားသခင်သည်လည်းကျွန်ုပ်တို့ကို ထို့ အတူပင်လုပ် ဆောင်ပေးလျှက်ရှိပါသည်။  ရဟန်းမင်းကြီးသည် လာမည့်နို၀င်ဘာ (၂၃) ရက်နေ့၌ကမ္ဘာတစ်၀ှမ်းရှိဂိုဏ်းချုပ်၊ ဂိုဏ်းအုပ် အသီးသီး ၌ကျင်းပမည့် (၄၀) ကြိမ်မြောက်ကမ္ဘာ့လူငယ်များနေ့၌သူကိုယ်တိုင်မိန့်ကြားထားသောသတင်းစ ကားကို ကိုးကား၍ ပျော်ရွှင်၀မ်းမြောက်ခြင်းကိုသက်သေခံသူများဖြစ်ကြပါ။ ခရစ္စတူးသခင်၏အလင်းတန်း ကို သင်တို့မိသားစု၊ စာသင်ကျောင်းများ၊…