
ဖာရ်သာ Basil Zay Yar Win (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) ဝါတွင်းကာလတတိယ သောကြာနေ့ ၁၃၊ ၃၊ ၂၀၂၆

ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော သောတရှင် ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ယနေ့ ဧဝံဂေလိ ကျမ်းစာမှာ ကျမ်းတတ်ဆရာတစ်ဦးက ပညတ်တော်အားလုံးမှာ ဘယ်ပညတ်တော်က အကြီးမြတ်ဆုံးဖြစ်သလဲ ဆိုပြီး သခင်ခရစ်တော်ကို မေးလျှောက်ပါတယ်။ သခင်ခရစ်တော်က ရှင်းလင်းစွာပဲ ရွှေရောင်ပညတ်တော်ကို မိန့်ကြားပါတယ်။” သင်၏ အရှင်ဘုရားသခင်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့ စိတ်အားရှိသမျှ ဥာဏ်အားရှိသမျှ ခွန်အားရှိသမျှ ချစ်လော့ ဆိုတာ နှင့် သင်နှင့်နီးစပ်သူကို လည်း သင့်ကိုယ်သင်ချစ်သကဲ့သို့ချစ်လော့”ဆိုပြီး မိန့်ကြားထားပါတယ်။ကျမ်းတတ်ဆရာအနေနဲ့ ဂျုးဥပဒေ ၆၁၃ ခုကို နားလည် တတ်ကျွမ်းထားတဲ့ပုဂ္ဂိုလ်ကို အဓိက က ချစ်ခြင်းမေတ္တာပဲဆိုပြီး သခင်ခရစ်တော်က…






