
ရဟန္တာသူတော်စင်အသစ် များကို အတုယူရန် စိတ်အားထက်သန်ကြပါဟု ပုပ်ရဟန်းမင်း ကြီးတိုက် တွန်း။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် မကြာသေးမီက သူတော်စင်အသစ်ခုနစ်ပါး ရဟန္တာတင်မြောက် ပွဲအတွက် ရောမမြို့သို့ ရောက်ရှိလာကြသော ဘုရားဖူးများကို မိန့်ကြားရာတွင် ၎င်းသူတော်စင်များကို မျှော်လင့်ခြင်း၏ နိမိတ်ပုံများ ယုံကြည်သူအားလုံးအတွက် စံနမူနာများ အဖြစ် ဖော်ပြခဲ့ပါသည်။ တနင်္ဂနွေနေ့က စိန့်ပီတာရင်ပြင်တွင် သူတော်စင်အသစ်ခုနစ်ပါးကို ရဟန္တာတင်မြောက်ပေးပြီးနောက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဤအခမ်းအနားအတွက် ကမ္ဘာအနှံ့မှ လာရောက်ကြသော ဘုရား ဖူးများကို မိန့်ကြားခဲ့သည်။ ထိုတနင်္ဂနွေနေ့ပွဲတော်သည် “ကာလဒေသမရွေး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတိုင်း၌ရှိသော ယုံကြည် သူအားလုံးကို၏ ပေါင်းစည်းမှုသည်…





