rvamyanmar

rvamyanmar

ကိုယ့်အမှားကို ဝန်ခံဖို့ မကြောက်ပါနဲ့။

တနင်္ဂနွေနေ့ အန်န‌ဂျေလုစ် (Angelus) ဆုတောင်းမေတ္တာရွတ်ဆိုခြင်း၌ ပုပ်ရဟန်းမင်းကြီး လီယို (Leo) က ဖာရိရှဲ (Pharisee) နှင့် အခွန်ခံ (tax collector) တို့၏ ဥပမာကို ထောက်ရှုပြီး၊ ယုံကြည်သူ ဘာသာ ဝင်များအား ဘုရားသခင်နှင့် ဆက်ဆံရေးတွင် နှိမ့်ချမှု နှင့် စိတ်ရင်းမှန် ကို မွေးမြူရန် ဖိတ်ခေါ်ခဲ့သည်။ ရဟန်းမင်းကြီးနန်းတော်၏ ပြတင်းပေါက်မှ မိန့်ကြားရာတွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) က ထိုနေ့ ဧဝံဂေလိကျမ်းစာပါ…

ရဟန်းမင်းကြီးသည်လက်ဘနွန်၀န်ကြီးချုပ်အားလက္ခံတွေ့ဆုံ။

ရဟန်းမင်းကြီးလီယို (၁၄) သည် အောက်တိုဘာ (၂၅) ရက်နေ့ကလက်ဘနွန်၀န်ကြီးချုပ် Nawaf Salam အားဗာတီကန်၌လက်ခံတွေ့ဆုံခဲ့သည်။ ၀န်ကြီးချုပ်နှင့်အတူဒု၀န်ကြီး Tarek Mitri လည်းပါ သည်။ ထို့အတူ ဗာတီကန်၏အတွင်းရေးမှူးဖြစ်သောကာဒီနယ် Pietro Parolin၊ နိုင်ငံတကာအသက်းအဖွဲ့များဆိုင်ရာဆက်ဆံရေးတာ၀န်ခံအတွင်းရေးမှူးဂိုဏ်းချုပ်ဆရာတော် Paul Richard Gallagher တို့နှင့် လည်းတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံခြင်းသည် လွန်စွာနွေးထွေးပြီး၊ နှစ်နိုင်ငံကြား ကောင်းမွန်သောဆက်ဆံရေးအ ကြောင်းနှင့် ရဟန်းမင်းကြီးမကြာမီကြွရောက်မည့် လက်ဘနွန်တမန်တော်ခရီးစဉ်အကြောင်းများကို ဆွေး နွေးပြော ဆိုခဲ့ကြောင်း ဗာတီကန်သတင်းဌာနကထုတ်ပြန်ထားပါသည်။ ရဟန်းမင်းကြီးလီယို (၁၄) ၏ပထမ ပြည်ပ တမန်တော်ခရီးစဉ်ကို…

အသင်းတော်တွင် မည်သည့်အကြမ်းဖက်မှုကိုမျှ သည်းခံမည်မဟုတ်”

“အသင်းတော်တွင် မည်သည့်ပုံစံမျိုးဖြင့်မဆို အကြမ်းဖက်မှုအတွက် သည်းခံခြင်းမရှိနိုင်ပါ” ဟု ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော တနိုင်ငံလုံး ဆိုင် ရာ ဘေးအန္တရာယ်ကင်းရှင်းရေး ညီလာခံသို့ ပေးပို့သည့် သတင်းစကားတွင် အလေးပေး ပြောကြား ခဲ့ သည်။ “အသင်းတော်တွင် မည်သည့်ပုံစံမျိုးဖြင့်မဆို အကြမ်းဖက်မှုအတွက် သည်းခံခြင်းမရှိနိုင်ပါ”။ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်မှ ၂၄ ရက်နေ့အထိ ဖိလစ် ပိုင်နိုင်ငံ၊ ကလပ်ခ်-အန်ဂျယ်လ်စ်…