
ရဟန်းမင်းကြီးလီယို (၁၄) သည်နွမ်းပါးချို့တဲ့သူများနှင့်နေ့လယ်စာသုံးဆောင်မည်။
ရဟန်းမင်းကြီးသည် လာမည့်ဩဂုတ်လာ (၁၇) ရက်၊ တနဂ်နွေနေ့၌ အာလ်ဘာနို (Albano) ဂိုဏ်းအုပ် သာသနာ၏ကြည့်ရူစောင့်ရှောက်မှုကိုခံယူနေရသောနွမ်းပါးချို့တဲ့သူများနှင့်မစ္ဆားပူဇော်မည့်အကြောင်း၊ ထိုဒေသနှင့်မလှမ်းမကမ်း၌ရှိသော ‘ဆန်တာမာရီးယာဒဲလာရိုတွန်းဒို’ (Santa Maria della Rotonda) မယ်တော်ဂူသို့လည်းသွားရောက်ဖူးမြှော်မည့်အကြောင်း၊ ရဟန်းမင်းကြီး၏မစ္ဆားပူဇော်ခြင်း၌ အဆိုပါ ဂိုဏ်းအုပ်သာသနာ၏ကရုဏာရုံး၀န်ထမ်းများလည်းပါ၀င်ပူဇော်ကြမည်ဖြစ်ကြောင်း၊ မစ္ဆားပူဇော်ချိန် မှာနံနက်ဒေသစံတော်ချိန် (၉း၃၀) ဖြစ်ကြောင်း၊ ထိုနေ့မွန်းတည့်ချိန်၌ ‘အန်ဂျေလုစ်’ မေတ္တာကိုဘာသာ တူများနှင့်အတူရွတ်ဆိုပူဇော်မည်ဖြစ်ကြောင်းဗာတီကန် သတင်းပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန် ခဲ့ပြီဖြစ်ပါသည်။ ထိုသတင်းထုတ်ပြန်ပြီးနောက် ဖြည့်စွက်သတင်းကိုပြီးခဲ့ သောကြာသပတေးနေ့ ကထပ်မံ ထုတ်ပြန်လာ ပါသည်။ ထို့နောက်ရဟန်းမင်းကြီးသည် ‘ဘော်ဂိုလောက်တားတိုစီ’ (Borgo Laudato…






