
ဗာတီကန်ရုံးတော်အတွင်းအမှုထမ်းများအတွက်ပြင်ဆင်ဖြည့်စွက်၍ပြဌာန်းသောဥပဒေသစ်ထွက်ရှိလာ။
နို၀င်ဘာလ (၂၄၊ ၂၀၂၅) တနင်္လာနေ့က ဗာတီကန်ရုံးတော်အတွင်းအမှုထမ်းနေကြသူများ လိုက်နာ ရမည့် ဥပဒေကိုပြင်ဆင်ဖြည့်စွက်၍အသစ်ပြဌာန်းခဲ့သည်။ ၄င်းတို့ကိုအတည်ပြုလက်မှတ်ရေးထိုး ခြင်းကို ရဟန်းမင်းကြီးလီယို (၁၄) မှနို၀င်ဘာ (၂၃၊ ၂၀၂၅) ခရစ္စတူးဘုရင်ပွဲတနင်္ဂနွေ နေ့ကပြုလုပ်ခဲ့သည်။ ဗာတီ ကန်အတွင်းရဟန်းမင်းကြီး၏လက်အောက်၌ရှိသောဌာနများဖြစ်သည့် ဗာတီ ကန်၏အတွင်းရေးမှူးရုံး၊ ဌာနအသီးသီး၊ တရားရေးရာအဖွဲ့၊ စီးပွားရေးဘုတ်အဖွဲ့တို့လည်းပါသည်။ ယခုပြဌာန်းလိုက်သောဥပဒေများ၌ မိမိတို့အမှုထမ်းနေသောဌာနနှင့်ဆိုင်သောစည်းမျဉ်း စည်းကမ်း များ၊ ဥပဒေများ၊ လုပ်ငန်းဆိုင်ရာများတို့ပါရှိသည်။ ပြဌာန်းလိုက်သောဥပဒေအသစ်သည် ယခင် စိန့်ဂျွန်ပေါလ် (၂) လက်ထက် (ဧပြီ ၁၅၊ ၁၉၉၉) ကပြဌာန်းပြီး (ဇူလိုင်…






