
သန့်ရှင်းသော ရက်သတ္တပတ်(Holy Week) အတွင်း ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားနေရသည့် အရှေ့အလယ်ပိုင်းမှ ခရစ်ယာန်များ။

(မေတ္တာပန်း တနင်္ဂနွေနေ့ မစ္ဆားတရားတော်ကျင်းပစဥ် တွေ့ရသော ရဟန်းမင်းကြီး လီယို ၁၄) ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဗာတီကန်တွင် ကျင်းပသော သူ၏ မေတ္တာပန်း တနင်္ဂနွေနေ့ မစ္ဆား တရားတော်အပြီးတွင် သာသနာတော်အနေဖြင့် သန့်ရှင်းသောရက်သတ္တပတ် (Holy Week)မှာ သခင် ခရစ်တော်၏ ဒုက္ခစရိယာတော်ကို ဆင်ခြင်အောက်မေ့နေစဉ်တွင်၊ အရှေ့အလယ်ပိုင်းရှိ ခရစ်ယာန် အများအပြားသည် သန့်ရှင်းသောရက်သတ္တပတ်၏ဘာသာရေးဝတ်ပြုမှုများကို ကျင်းပနိုင်ခြင်း မရှိ သည့်အပေါ် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က စိတ်မကောင်းဖြစ်ရကြောင်း မိန့်ကြားခဲ့ပြီး၊ ခရစ်တော်၏…







