ဧဝံဂေလိတရားတော်ကို ဟောပြောရန် ခရစ်တော်မှ ဆင်းသက်လာသော သာသနာတော်၏ အထက် အောက် စီစဉ်ဖွဲ့စည်းမှု။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အများပြည်သူနှင့် တွေ့ဆုံခြင်းတွင် ဒုတိ ယဗာတီကန်ကောင်စီ၏ စာတမ်းတစ်ခုဖြစ်သော ဒေါ့ဂ်မာဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ Lumen gentium ၏ တတိယမြောက် အခန်းကို ရှင်းပြသွန်သင်ရင်း၊  ဧဝံဂေလိတရား ဟောပြောခြင်းတွင် သာသ နာတော်၏ အထက်အောက် စီစဉ်ဖွဲ့စည်းမှု (Hierarchy) ၏ အနှစ်သာရ သဘာဝကို ပြန်လည်သုံး သပ်ဝေ မျှခဲ့ပါသည်။

ရဟန်းမင်းကြီး၏ သင်ကြားပို့ချမှုတွင်၊ ဒုတိယဗာတီကန်ကောင်စီ စာတမ်းသည် သာသနာတော်၏ အထက်အောက် ပုံသဏ္ဌာန်သို့ မလှည့်ပြောင်းမီ သာသနာတော်၏ အနှစ်သာရကို “ဘုရားသခင်၏ လူမျိုး တော်” အဖြစ် ဦးစွာစဉ်းစားခဲ့ကြောင်း ပြန်လည်သတိပေးခဲ့သည်။

သာသနာတော်၏ အထက်အောက် စီစဉ်ဖွဲ့စည်းမှုသည် “ဘုရားသခင်၏ လူမျိုးတော်နှင့် ပတ်သက်၍ နောက်မှပေါ်ပေါက်လာသော အရာ” မဟုတ်ဘဲ သာသနာတော် စတင်ပေါ်ပေါက်လာချိန်ကတည်းက ပါရှိ လာခဲ့သည့် အခြေခံကျသော ရှုထောင့်တစ်ခုဖြစ်ကြောင်း၊

ယေဇူးသခင်၏ ပထမဆုံးသော တပည့်တော်များဖြစ်သည့် တမန်တော်ကြီးများသည် ခရစ်တော်၏ ပါစ ကား နက်နဲရာခန္ဓာ (Paschal Mystery) အားဖြင့် ကယ်တင်ခြင်းခံရသူများ၏ လူ့အဖွဲ့အစည်းကို ဖွဲ့စည်း ခဲ့ကြပြီး၊ ထို့ကြောင့် ကိုယ်တော်က သူတို့အား “လောကအတွက် ကယ်တင်ခြင်းနည်းလမ်း” အဖြစ် ထူ ထောင်ခဲ့ခြင်းဖြစ်သည်။

“သာသနာတော်၏ အထက်အောက် ဖွဲ့စည်းပုံသည် လူမှုရေးအဖွဲ့အစည်းတစ်ခုအဖြစ် သာသနာတော်၏ ပြည်တွင်းစီမံခန့်ခွဲမှုအတွက် လုပ်ဆောင်ပေးရသည့် လူသားတို့ ဖန်တီးထားသော အရာမဟုတ်ကြောင်း၊ ခရစ်တော်က တမန်တော်များအား ပေးအပ်ခဲ့သော သာသနာလုပ်ငန်းကို ကမ္ဘာကုန်သည်အထိ ဆက် လက်လုပ်ဆောင်ရန် ရည်ရွယ်သည့် ဘုရားသခင် ထူထောင်ထားသော အဖွဲ့အစည်းဖြစ်ကြောင်း ဒုတိယ ဗာတီကန်ကောင်စီက သင်ကြားပေးပါသည်”။

ကက်သလစ်သာသနာတော်တွင် “အဖွဲ့ဝင်အားလုံး၏ စည်းလုံးညီညွတ်မှု၊ သာသနာပြုခြင်းနှင့် သန့်ရှင်း စင်ကြယ်စေခြင်းတို့အတွက် အကျိုးပြုသည့် အထက်အောက် စီစဉ်ဖွဲ့စည်းမှု” ရှိကြောင်း၊

“တမန်တော်ကြီးများသည် ယေဇူးအရှင်သခင်၏ ကယ်တင်ခြင်းဆိုင်ရာ သွန်သင်ချက်များကိုသစ္စာရှိစွာ စောင့်ရှောက်ရန် ခေါ်ယူခြင်းခံရသည့်အတွက်၊ သူတို့သည် ခရစ်တော်ပြန်လည်

ကြွလာချိန်အထိ သိုးထိန်းလုပ်ငန်းကို ဆက်ခံမည့်သူများမှတစ်ဆင့် သာသနာတော်ကို ဆက်လက်သန့် ရှင်းစေရန်၊ လမ်းညွှန်ရန်နှင့် သွန်သင်ရန် သူတို့၏ ဓမ္မအမှုတော်များကို လွှဲပြောင်းပေးခဲ့ကြသည်”

ဒုတိယဗာတီကန်ကောင်စီသည် သာသနာတော်၏ အပြင်ပန်းပုံသဏ္ဌာန်ကို တင်ပြရုံသာမကဘဲ၊ သာသ နာတော်၏ အခြေခံကျသော ဖွဲ့စည်းပုံကို ရှင်းပြရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု ရဟန်းမင်ကြီးက မိန့်ကြားခဲ့သည်။

Lumen gentium သည် “ဓမ္မအမှုတော်ဆောင် သို့မဟုတ် အထက်အောက် စီစဉ်ဖွဲ့စည်းမှုဆိုင်ရာ ရဟန်း ပုရောဟိတ်အရာ” (Ministerial Priesthood) ကို အလေးပေးထားပြီး၊ ၎င်းသည် ဘာသာသူများ၏ ဘုံပုရောဟိတ်အရာနှင့် “အနှစ်သာရရော အဆင့်အတန်းပါ” ကွဲပြားခြားနားသည်။

ဆေးကြေားခြင်းခံယူထားသော ခရစ်ယာန်အားလုံးသည် ခရစ်တော်၏ တစ်ခုတည်းသော ပုရောဟိတ် အရာတွင် ပါဝင်ကြသော်လည်း၊ ဓမ္မအမှုတော်ဆောင် ရဟန်းပုရောဟိတ်အရာကို အပ်နှင်းခံရသူ များ သည် သာသနာတော်ကို အကျိုးပြုရန်အတွက် sacra potestas သို့မဟုတ် “မြင့်မြတ်သော အခွင့်အာဏာ” ကို ရရှိထားကြကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

ဆရာတော်ကြီးများ၊ ရဟန်းတော်များနှင့် ဒီကင် များသည် လူတိုင်း ကယ်တင်ခြင်းသို့ ရောက်ရှိနိုင် စေရန် အတွက် ဘုရားသခင်၏ လူမျိုးတော်ကို ထူးခြားသောနည်းလမ်းဖြင့် အလုပ်အကျွေးပြုရန် လက်တင်ဘာ သာဖြင့် munera ဟုခေါ်သော တာဝန်တစ်ခုစီကို ထမ်းဆောင်ကြသည်။

သာသနာတော်၏ အထက်အောက် စီစဉ်ဖွဲ့စည်းမှုသည် အတွင်းပိုင်း ဖြစ်တည်မှုတစ်ခုဖြစ်သလို အလုပ် အကျွေးပြုရန်အတွက် တမန်တော်များ၏ သာသနာပြုလုပ်ငန်းကို အပြင်ပန်းအားဖြင့် ဖော်ပြချက် လည်းဖြစ်ကြောင်း၊

ထို့ကြောင့်လည်း “ခရစ်တော်က ကိုယ်တော့်သာသနာတော်ထံ လွှဲပြောင်းပေးအပ်ခဲ့သော ယုံကြည်ခြင်း ဓနများ၊ စံနမူနာများ၊ ပညတ်ချက်များနှင့် အထူးဆုကျေးဇူးများကို မပျောက်ပျက်စေဘဲ အကျိုးရှိစွာ လက်ဆင့်ကမ်းနိုင်ရန်နှင့် ပြန့်ပွားစေရန်အတွက် ခရစ်တော်၏ မေတ္တာတော်မှ ဆင်းသက်လာသော အမှန်တရား” အဖြစ် အထက်အောက် စီစဉ်ဖွဲ့စည်းမှုကို စိန့်ပေါလ် (၆) က တင်ပြခဲ့ခြင်းကို ကျွန်ုပ်တို့ နားလည်နိုင်ပါသည်။

နိဂုံးချုပ်အနေဖြင့် ပုပ်ရဟန်းမင်းကြီး လီယိုက သာသနာတော်အတွက် ဧဝံဂေလိမေတ္တာနှင့် ပြည့်ဝပြီး ကမ္ဘာ့နေရာအနှံ့အပြားတွင် သတ္တိရှိသော သာသနာပြုများဖြစ်လာမည့် ဓမ္မအမှုတော်ဆောင်များကို ဘုရားသခင် စေလွှတ်ပေးသနားတော်မူပါရန် ဆုတောင်းပေးခဲ့သည်။

Fr. Peter Kyi Maung

Video Credit: Vatican News

: https://www.vaticannews.va/en/pope/news/2026-03/pope-leo-xiv-general-audience-lumen-gentium-church-hierarchy.html

rvamyanmar
rvamyanmar
Articles: 3924

Leave a Reply

Your email address will not be published. Required fields are marked *