rvamyanmar

rvamyanmar

နိုဝင်ဘာလအတွက် ဆုတောင်းရန်ရည်ရွယ်ချက် ပဋိပက္ခဖြစ်ပွါးသော နေရာ၌ ရှိနေကြသော ခရစ်ယာန်များ အတွက်

ပဋိပက္ခဖြစ်ပွါးသော နေရာ၌ ရှိနေကြသော ခရစ်ယာန်များ အတွက်🙏 အရှေ့အလယ်ပိုင်းနဲ့ စစ်ပွဲ-ပဋိပက္ခဖြစ်ပွါးနေတဲ့ နေရာတွေမှာ နေထိုင်ကြတဲ့ ခရစ်ယာန်များ မျှော်လင့်ခြင်း၊ ပြန်လည်သင့်မြတ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းရဲ့မျိုးစေ့များ ဖြစ်လာ နိုင်ကြဖို့ ကျွန်ုပ်တို့ ဆုတောင်းပေး ကြပါစို့။ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ပုပ်ရဟန်းမင်းကြီးရဲ့ဆုတောင်းဖို့ ရည်ရွယ်ချက် ကတော့ ပဋိပက္ခ ဖြစ်ပွါးသော နေရာမှာ ရှိနေကြတဲ့ ခရစ်ယာန်များအတွက် ဖြစ်ပါတယ်။ #ဆုတောင်းကြစို့ အိုငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်၊ ကိုယ်တော့်သား၏ အသွေးတော်အားဖြင့် မိမိကိုယ်ကိုလောကနှင့် ကျေအေး တော်မူခဲ့ပါသည်။ ဤယနေ့ ပဋိပက္ခဖြစ်ပွါးနေသော နေရာတွင်နေထိုင်…

ရဟန်းမင်းကြီးလီယို (၁၄) ကာလ်မဲလိုက်ရသေ့သီလရှင်များထံသွားရောက်လည်ပတ်ကြည့်ရူခဲ့။

ရဟန်းမင်းကြီးလေအို (၁၄) သည် နို၀င်ဘာ (၃၀) တနင်္ဂနွေနေ့မွန်းလွှဲပိုင်း၌လက်ဘနွန်သို့ ရောက် ရှိပြီး သီတင်းသုံးနေသည်မှာယနေ့နှင့်ဆိုလျှင် (၂) ရက်ရှိပြီဖြစ်သည်။ ရဟန်းမင်းကြီးသည် လက်ဘ နွန်၌ (၂) ရက်သာသီတင်းသုံးမည်ဖြစ်သောကြောင့် လက်ခံတွေ့ဆုံရမည့်သူများ၊ အစီအစဉ်များစွာရှိနေမည် မှာမ လွှဲပေ။ မည်မျှပင်အစီအစဉ်များကြပ်ညှပ်နေစေကာမူရဟန်းမင်းကြီးသည် လက်ဘနွန်နိုင်ငံ ၊ Harissa ရှိ ဘုရား၏မယ်တော်ကာလ်မဲလိုက်ရသေ့သီလရှင်ကျောင်းသို့အရောက်သွား၍ကြည့်ရူနှုတ်ဆက်ခဲ့သည်။ ရ ဟန်းမင်းကြီးသည် ရသေ့သီလရှင်တစ်ပါးစီအားရင်းနှီးစွာလက်ဆွဲနှုတ်ဆက်ခဲ့သည်။ ထိုဒေသ၌ သီလ ရှင် ကျောင်းနှစ်ကျောင်းရှိရာအဆိုပါသီလရှင်ကျောင်းတိုက်မှတာ၀န်ခံသီလရှင်အကြီးအကဲ (၂) ပါးနှင့် လည်း တွေ့ဆုံစကားပြောခဲ့သည်။ ရဟန်းမင်းကြီးသည် ရသေ့သီလရှင်များအားဩ၀ါဒမြွတ်ကြားရာ၌ ၄င်းတို့၏ရ…

အာရှကက်သလစ်ဘာသာ၀င်များမင်းပညာရှိသို့နှယ်ဘုရားဖူးများဖြစ်ကြပါဟုကာဒီနယ်တာကလေတိုက် တွန်း

ကာဒီနယ်တားကလေသည် အာရှကက်သလစ်ဘာသာ၀င်များအား အမှန်တကယ်ဘုရားဖူး များဖြစ် ကြရန်၊ နှိမ့်ချခြင်း၏ကြေးမုံပြင်များဖြစ်ကြရန်၊ သမ္မာကျမ်းစာလာမင်းပညာရှိတို့ကဲ့သို့သဘောထား ကြီး ပွင့်လင်းရန် ဤသော့ချက်သတင်းစကားကို မလေးရှားနိုင်ငံ၊ ပီနန်မြို့၌ကျင်းပနေသော ‘FABC’ ဟုအတို ကောက်သုံးနှုန်းလေ့ရှိသော ‘အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့’ ၏အစည်းအ‌ေ၀းဖွင့်ပွဲ၌တိုက် တွန်းခဲ့သည်။ အစည်းအ‌ေ၀း၌တက်ရောက်လာကြသူများအား ရှင်သန်နေသောမျှော်လင့် ခြင်း၏ သမိုင်းများ ဖြစ်ကြရန်၊ ယေဇူးသခင်၏သတင်းစကားကို၄င်းတို့၏စကားအပြောအဆိုများ၊ လုပ်ဆောင် မှုများ၊ ဆက်ဆံ ရေး၌ထည့်သွင်းရန်တိုက်တွန်းခဲ့သည်။  ကာဒီနယ်တားကလေသည် ရဟန်းမင်းကြီး၏လက်အောက်ရှိဧ၀ံဂေလိသတင်းကောင်းပြန့် ပွှားရေး ဌာန၏တာ၀န်ခံဖြစ်သည်။ ကက်သလစ်ဘာသာတူများအား မိမိတို့ကိုယ်ကျိုးအတွက်သာတွက်သည့် စိတ်ထားမမွေးရန်၊ ထိုစိတ်ကားမင်းယုတ်ဟေရုဒ်၏စိတ်ထားဖြစ်ကြောင်းပြောကြားခဲ့သည်။  အဆိုပါအာရှာဆရာတော်ကြီးများအဖွဲ့ချုပ်၏အစည်းအ‌ဝေးသို့နိုင်ငံ (၃၀) မှကိုယ်စားလှယ် (၈၀၀)…

ဂျီဟတ်ဝါဒီများ၏လက်ချက်ဖြင့်ခရစ်ယာန် (၂၂) ဦးခေါင်းဖြတ်သတ်ခံရ။

 နိုင်ဂျီးရီးယားနိုင်ငံ၌ခရစ်ယာန်များကိုအကြမ်းဖက်သည့်သတင်းကမ္ဘာကြီး၌ပွတ်လောရိုက် နေ၍စိုးရိမ် စိတ်မြင့်တက်နေချိန် မိုဇမ်းဘစ်နှင့်ကွန်ဂိုသမ္မတနိုင်ငံတို့၌ထပ်တူအကြမ်းဖက်သတ်ဖြတ်မှုမျိုးဖြစ် ပွား လာပြန်သည့်သတင်းတက်လာပြန်သည်။ အစ္စလာမ်အစွန်းရောက်အကြမ်းဖက်တို့နှင့်ပက်သက်ဆက် နွယ်သောအဖွဲ့အစည်းများ၏လက်ချက်ဖြင့် အထက်ကဆိုခဲ့သောနှစ်နိုင်ငံအတွင်းခရစ်ယာန် (၂၂) ဦးရက် စက်စွာခေါင်းဖြတ်သတ်ခံခဲ့ရသည်။ MEMRI (the Middle East Media Research Institute သုတေ သနပြု သောအရှေ့အလယ်ပိုင်းသတင်းဌာန) ၏သတင်းထုတ်ပြန်ချက်အရ အာဖရိကအလယ် ပိုင်း ဒေသရှိ (ISCAP Islamic State Central Africa Province) အဖွဲ့အစည်း၏လက်ချက်ဖြင့် လူ (၁၈) ဦးကွန်ဂိုသမ္မတနိုင်ငံ၌ ခေါင်းဖြတ်ခံရသည်ဟုဆိုထားပါသည်။ နို၀င်ဘာ (၁၂) ရက်နေ့ Lubero နယ်နိမိတ်အတွင်းရှိ Mayba ရွာ၌ ခရစ်ယာန် (၁၂)…

ရဟန်းမင်းကြီးလီယို (၁၄) လက်ဘနွန်နိုင်ငံသို့ကြွရောက်။ 

ရဟန်းမင်းကြီးလေအို (၁၄) ၏တူရကီနိုင်ငံ၌ (၄) ရက်ကြာသီတင်းသုံးခဲ့သောကာလကား ယမန်နေ့ က အဆုံးသတ်ခဲ့ပြီဖြစ်သည်။ ထို (၄) ရက်တာသီတင်းသုံးခဲ့သည်ကိုချုပ်ရလျှင် ရဟန်းမင်းကြီးသည် နိုင် ဆင်းအစည်းအ‌ဝေးကြီးကျင်းပခဲ့သည့် (၁၇၀၀) ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အဖြင့် İznik ၌ကျင်းပ သောခရစ်ယာန်ခေါင်းဆောင်များ၏အခမ်းအနားသို့တက်ရောက်နိုင်ခဲ့ခြင်း၊ ဩသိုဒေါ့စ်ခရစ်ယာန်တို့၏ ခေါင်းဆောင် Patriarch Bartholomew I၊ အခြားသောကမ္ဘာ့ခရစ်ယာန်ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ သည်။  အဆိုပါအစည်းအ‌ဝေး၌ရဟန်းမင်းကြီးက စည်းလုံးခြင်းကိုသင်ကြားပေးခဲ့သောပုဂ္ဂိုလ်သုံးပါးတစ်ဆူ ဘုရားကိုယုံကြည်သည်ဟုဆို၍ ခရစ်ယာန်များကွဲပြားနေခြင်းသည်မကောင်းလမ်းပြသကဲ့သို့ဖြစ်ပြီး၊ ဤအ ခြေအနေကိုကျော်လွှားနိုင်ရန်၊ စည်းလုံးခြင်းကိုလူတိုင်း ၀ါယမစိုက်လုပ်ဆောင် ကြရန်တိုက် တွန်း ခဲ့သည်။  ရဟန်းမင်းကြီးသည် တူရကီမှလက်ဘနွန်သို့မပြီးဆုံးသေးသောသူ၏တမန်တော်ခရီးဆက် လက်ကြွ သွားရာဘေရွတ်လေဆိပ်သို့ဘေးရန်မခဘဲဆိုက်ရောက်သွားခဲ့သည်။ ရဟန်းမင်းကြီးအား ရဟန်း…

တောရိုင်းတိရစ္ဆာန် ပျောက်ကွယ်မှုများနှင့် အမဲလိုက်မှုများ

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ’ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ‘တောရိုင်းတိရစ္ဆာန် ပျောက်ကွယ်မှုများနှင့် အမဲလိုက်မှုများ’ ဆိုတယ့်အကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ တင်ဆက် — ဝီလျံ ဇော်နိုင်ဦး တည်းဖြတ် — စတီဗင်