
လက်တွဲဖော်နှစ်ယောက် စကားများ ရန်ဖြစ်ခဲ့မယ်ဆိုရင် အမြန် ဆုံးနားလည်ခွင့်လွှတ်ပေးလိုက်ပါ။
ဒီနေ့မှာ အိမ်ထောင်စုတစ်ခုရဲ့ လက်တွဲဖော်နှစ်ယောက် စကားများ ရန်ဖြစ်ခဲ့မယ်ဆိုရင် အမြန် ဆုံးနားလည်ခွင့်လွှတ်ပေးလိုက်ပါဆိုတဲ့အကြောင်း တင်ပြပေးသွားချင်ပါတယ်။
ထပ်ပြီး ပြောချင်ပါတယ်။ မြန်မြန်ခွင့်လွှတ်ပေးလိုက်ပါ။ ဒေါသထွက်၊ အံကြိတ်ပြီး ပြဿနာ ကို ပိုကြီးလာအောင် မလုပ်မိပါစေနဲ့။
လူတိုင်းကတော့ အမှားလုပ်တတ်ကြတာချည်းပါပဲ၊ တချို့ကိုမေ့ပျောက်ပစ်လိုက်ပါ။ တချို့ကို အစကနေ ဆွဲပြီး ရှည်အောင် မလုပ်ဖို့ အချိန်ခဏလေးအတွင်းမှာ တိုတိုလေးနဲ့ ပြီးသွားတာ မကောင်းဘူးလား။
တချို့အကြောင်းအရာတွေက နာကျင်စေပါတယ်။ မိမိကလွဲလို့ ဘယ်သူမှ မသိပါဘူး၊ ခါးသီးမှု တွေကို အမြစ်လိုတွယ်နေအောင် မိမိရင်ထဲမှာ မသိမ်းထားပါနဲ့။
အခုလိုဖြစ်နေတာကို ဘာမှ မပြောပဲ ဆိတ်ငြိမ်နေတာက တဖြည်းဖြည်းနဲ့ စိတ်အားဖြင့် ခန္ဓာ ကိုယ်အားဖြင့် နှစ်ဦးဝေးကွာ သွားတတ်လို့ပါ။
ခွင့်လွှတ်လိုက်ပါတယ်ဆိုတာ မိမိနာကျင်ရတာနည်းနည်းလေးပဲလို့တော့ မထင်လိုက်ပါနဲ့၊ မိမိအချစ်က ပိုကြီးဒမားတယ်ဆိုတာကို ပြတဲ့အဓိပ္ပါယ် သက်ရောက်ပါတယ်။
အံကြိတ်နာကျည်းနေမယ်ဆိုရင် နှစ်ယောက်သားရင်းနှီးမှု နီးစပ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။
သဘောမတူနိုင်စရာ အကြောင်းအရာတွေရှိရင်လည်း ဒီအကြောင်းအရာတစ်ခုတည်းအပေါ် မှာပဲ ဆွေးနွေးပါ။ အပြစ်ကို ကင်းလွတ်အောင်လုပ်လိုက်ပါ။ ဖြေလွှတ်လိုက်ပါ။ နှစ်ဦးပြန်ပေါင်းစည်း လိုက်ပါ။ reconnect ပြန်ပြီး ဆက်နွယ်လိုက်ပါ။
နာကျဉ်းပြီး တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်တာတွေ မလုပ်မိပါစေနဲ့ ပြီးခဲ့ပြီဖြစ်တဲ့ ကျန်ခဲ့တဲ့ အမှားတွေကို လက်နက်တစ်ခုလို မသုံးမိပါစေနဲ့။
အကယ်၍ မှားတဲ့သူက သူပြောင်းလဲလိုက်မယ်ဆိုရင် လက်ခံပြီး သူ့ဆန္ဒအတိုင်း ရှေ့ခရီးကို ဆက်လိုက်ပါ။
အရာရာ ပြီးပြည့်စုံနေလို့ ပေါင်းသင်းအတူတူနေကြတာ မဟုတ်ပါဘူး။. ပြန်ရွေးချယ်ပြီး နှစ်ယောက်ပြန်ပေါင်းစည်းမယ်၊ ပြိုင်တူကြိုးစားမယ်ဆိုရင် အိမ်ထောင်တစ်စုက ဆက်လက်ရှင်သန် ရစ်သွားမှာပါ။
မိမိရဲ့လက်တွဲဖော်မှာ အပြစ်အနာအဆာတွေရှိရင် မိမိမှာကော ရှိနေလား၊ စိတ်ရှည်ပြီး မိမိ အိမ်ထောင်ဆက်လက်တည်တံ့ဖို့ ကျိုးစားလုပ်ဆောင်ရတော့မယ်။ တဖက်ဆီကနေ နားလည်မှု လိုချင်နေတာလား။ မိမိက နားလည်မှုပြန်ပြီးမှသာ တစ်ဖက်ဆီကပြန်ရနိုင်မှာပါ။
ခွင့်လွှတ်တယ်ဆိုတာ ကြေးမုံတစ်ချပ်ကို ကြည့်ရသလိုပါပဲ၊ မိမိက ကြင်နာမှုတွေ၊ နားလည်မှု တွေ ခွင့်လွှတ်မှုတွေ မကြာခဏ ပြုလုပ်ပေးနိုင်ရင် မိမိထံကိုလည်း ဒီထက်မက နှစ်ဆ၊ သုံးဆပြန်ရမှ ပါပဲလို့ တိုင်းတာရင်လည်း ရပါတယ်။
မိမိရဲ့ အိမ်ထောင်မှာ peace ဆိုတဲ့ ငြိမ်းချမ်းရေးရှိနေဖို့ အထူးလိုအပ်ပါတယ်။ မိမိလက်တွဲ ဖော် အပေါ်ကို ဒေါသတွေရှိမနေဖို့ နာကြင်မှုတွေကို ရက်ပေါင်းများစွာ မကြေမနပ်ဖြစ်ပြီး ရင်ထဲမှာ ကိန်းအောင်းမထားဖို့ အံကြိတ်ပြီး အခဲမကြေဖြစ်တာတွေကို ကြီးထွားအောင်မလုပ်ပဲ အတူနေထိုင် ရင် မကောင်းဘူးလား။
သူစိမ်းတွေလို မနေပဲ လူသားအချင်းချင်း နှစ်ယောက်ကြားမှာ ကွာဟ ဝေးကြာနေရင် နှစ်လုံး သားလဲ ဆုတ်ပြဲပြီး တဖြည်းဖြည်း ဝေးကွာသွားတော့မှာပါပဲ။
တစ်ယောက်နဲ့တစ်ယောက် နေ့စဉ် အနီးကပ် ပြောဆိုဆက်ဆံတဲ့အခါမှာ စိတ်လှုပ်ရှားမှုမရှိပဲ တည်ငြိမ်နေမယ် ကိုယ်စိတ်ချမ်းသာပြီး သက်တောင့်သက်သာရှိမယ်၊ နှစ်ဦးပတ်သက် ဆက်နွယ်မှု တွေလည်း ပိုပိုပြီးရှိလာပါမယ်။
အိမ်ထောင်ပြုတယ်ဆိုတာ ထိမ်းမြားလက်ထပ်စာချုပ်မှာပဲ ကတိသစ္စာရှိတာမဟုတ်ပါဘူး။
အိမ်ထောင်ပြုတယ်ဆိုတာ ယောက်ျားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ဘဝတသက် တာ လက်တွဲဖို့ တစ်ဦးနဲ့ တစ်ဦးလွှဲအပ်ထားတဲ့ ကတိသစ္စာပဲ မဟုတ်ပါလား။
ဘဝမှာ လှိုင်းလေဆန် မုန်တိုင်းကျရောက်တဲ့အခါပဲဖြစ်ပါစေ၊ သာယာတဲ့ နေခြည်နုနုတွေ အောက်မှာပဲဖြစ်ပါစေ ဘဝကိုနှစ်ဦးတည်ဆောက်ဖို့ ရည်ရွယ်ခဲ့ကြတာပါ။
သံသယတွေရှိတဲ့ လယ်ကွင်းပြင်ကနေ သစ္စာစောင့်သိခြင်းဆိုတဲ့အရာကို ရိတ်သိမ်းလို့ မရနိုင် ပါဘူး။
အိမ်ထောင်သက် တစ်ခုလုံး စာရင်းရှင်းရန်ဖြစ်တာကို ရပ်လိုက်တာ အကောင်းဆုံးပါဆိုတာ တင်ပြရင်း ဒီနေ့အတွက် ရပ်နားလိုက်ပါတယ်။


