ရဟန်းမင်းကြီးဖရန်စစ်မာလ၀ီသမ္မတအားဗာတီကန်၌လက္ခံတွေ့ဆုံ

ရဟန်းမင်းကြီးဖရန်စစ်မာလ၀ီသမ္မတအားဗာတီကန်၌လက္ခံတွေ့ဆုံ ယခုတစ်ပတ်တနလ်ာနေ့၌ ရဟန်းမင်းကြီးဖရန်စစ်သည်မာလ၀ီနိုင်ငံ၏သမ္မတ Lazarus McCarthy Chakwera အား ဗာတီကန်ရှိ ရဟန်းမင်းကြီး၏ရုံးခန်း၌လက္ခံတွေ့ဆုံခဲ့သည်။ ထို့အတူ ဗာတီကန်၏အတွင်းရေးမှူး ကာဒီနယ် Pietro Parolin၊ ဗာတီကန်၏နိုင်ငံတကာရုံးတော်အတွင်းရေးမှူး Paul Richard Gallagher တို့နှင့်လည်းတွေ့ဆုံခဲ့သည်။ ဗာတီကန်၏သတင်းပြန်ကြားရေးရုံးတော်မှသတင်းထုတ်ပြန်ချက်အရ ဗာတီကန်နှင့်မာလ၀ီ နှစ်နိုင်ငံကြား ရင်းနှီးစွာဆွေးနွေးခဲ့ကြောင်း၊ ကောင်းမွန်သောဆက်ဆံရေးရှိကြောင်း၊ မာလ၀ီနိုင်ငံ၏နိုင်ငံ ရေး၊ လူမှုစီးပွားရေးအခြေအနေများအကြောင်းဆွေးနွေးခဲ့ကြောင်း၊ ကက်သလစ်သာသနာနှင့်လက်တွဲ၍ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အသက်မွေး၀မ်းကျောင်းပညာများကိုလုပ်ဆောင်နေကြောင်းများကိုဆွေးနွေးခဲ့ကြောင်းနှင့်ဒေသအကျိုးအတွက်နှစ်ဖက်လုံး၏အစီအစဉ်များကိုလည်းကောင်း၊ နိုင်ငံတကာအရေးကိစ္စများနှင့်စပ်လျင်း၍လည်း ပြည်သူများကြား ပွင့်လင်းရိုးသားသောတွေ့ဆုံဆွေးနွေးခြင်းနှင့်ရင် ကြားစေ့ရေးတို့ကိုတိုးမြှင့်လက်ဆောင်ရန်လိုအပ်ကြောင်းများကိုဆွေးနွေးခဲ့ကြသည်။ လက်ဆောင်များဖလှယ်ခြင်း (Exchange of gifts) အစဥ်အလာအတိုင်းပင်…