နှစ်သိမ့်ခံရခြင်းကျေးဇူးတော်ဂျူဘီလီပွဲ အကြိုမစ္ဆားတရားကို ရဟန်းမင်းကြီးကိုယ်တိုင် ဦးဆောင်ဟော ကြားခဲ့ပြီး မေစ္ဆာတရားတွင် ခရစ်တော်၌ယုံကြည်ခြင်းဆုံးရှုံးသွားသူများ၊ ဘဝမှာခက်ခဲကြမ်းတမ်းစွာ တွေ့ကြုံရင်ဆိုင်ခဲ့ရသူများအား မိမိတို့၏နာကျင်ကျေကွဲမှုများသည် အကြမ်းဖက်ခြင်းသို့ဦးတည်ခြင်း မပြုဘဲ ခွင့်လွှတ်သောချစ်ခြင်းမေတ္တာ၌သာ တည်ရှိ့ကြရန်ဖိတ်ခေါ်ခဲ့ပါသည်။။ တနင်္လာနေ့ညနေပိုင်းက စိန့်ပီတာ ဘာစီးလီကာ ကျောင်းတော်ကြီးတွင် ဘဝရဲ့ခက်ခဲကြမ်းတမ်းမှု၊ ဆင်းရဲ ဒုက္ခများ၊ ဝမ်းနည်းပူဆွေးရမှုများကိုရင်ဆိုင်ဖြတ်သန်းနေရသူများအတွက် ရည်ရွယ်ပူဇော်ပြီး ကျင်းပခဲ့ သောသန့်ရှင်းသောနှစ်၏ ထူးခြားသော ထိုတရားတော်မြတ်တွင် ဘုရားဖူးသူတော်စင် ၉၀၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ ထိုတရားတော်မြတ်အတွင်းတွင် ချစ်ခင်မြတ်နိုးရသူ ဆုံးရှုံးခဲ့ခြင်းကြောင့် ယုံကြည်ခြင်းပျက်ရလောက် အောင် စိတ်ဒဏ်ရာရခဲ့ရသည့် အမျိုးသမီးနှစ်ဦး၏ ဝန်ခံချက်ကိုလည်းထည့်သွင်းဖော်ပြထားပါသည်။ Diane…