rvamyanmar

rvamyanmar

ဖာရ်သာ Aloysius Nay Myo Swe (မန္တလေးကက်သလစ်ဂိုဏ်ချုပ်သာသနာ) အာဒ်ဝင်တူး စတုတ္ထ တနင်္ဂနွေ ၂၁၊ ၁၂၊ ၂၀၂၅

စိန့်ဖရန်စစ်ဇေးဗီးယားဘုရားကျောင်း (၇၅) ပြည့် စိန်ရတူဂျူဘီလီပွဲကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ၇၅လမ်း၊ ၂၈နှင့်၂၉လမ်းကြားရှိ စိန့်ဖရန်စစ်သာသနာစီရင်စု၊ စိန့်ဖရန်စစ်ဇေးဗီးယား ဘုရား ကျောင်း (၇၅) နှစ်ပြည့် စိန်ရတုဂျူဘီလီပွဲမစ္ဆားတရာတော်ကို (၂၀.၁၂.၂၀၂၅) စနေနေ့နံနက် ၈းဝဝ အချိန်၌ Fr. John Aye Kyaw မှ ဦးဆောင်ပူဇော်ပေးခဲပြီး ဩဝါဒ တရားကို မွန်ဆီညှော် Fr. Peter Sein Hlaing Oo မှမြွက်ကြားခဲ့ပါသည်။ မစ္ဆားတရားမစမှီ စိန့်ဖရန်စစ်ဇေးဗီးယားဘုရားကျောင်း၏ သမိုင်းမှတ်တမ်းတင် ကမ္ဗည်းကျောက်စာ တိုင်ကို မွန်ဆီညှော် Fr. Peter Sein Hlaing Oo…

ကြောက်ရွံ့မှုများလွှမ်းမိုးနေသော ကမ္ဘာကြီးတွင် လက်နက်မဲ့ ငြိမ်းချမ်းရေး

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ ၂၀၂၆ ခုနှစ် ကမ္ဘာငြိမ်းချမ်း ရေးနေ့ သဝဏ်လွှာမှ အဓိကအချက်များ ကြောက်ရွံ့မှုနှင့် စစ်အင်အားတိုးချဲ့မှုများ လွှမ်းမိုးနေသော ကမ္ဘာ နိုင်ငံတကာဆက်ဆံရေးသည် ကြောက်ရွံ့ခြင်း၊ လက်နက်တပ်ဆင်ခြင်းနှင့် စစ်ပွဲဖြစ်လာနိုင်ခြေရှိသည်ဟု မျှော်လင့်ခြင်းများအပေါ်တွင် ပိုမိုအခြေခံလာနေကြောင်း ပုပ်ရဟန်းမင်းကြီးက သတိပေးထားသည်။ စစ်ရေးအရ အပြန်အလှန်ဟန့်တားခြင်း (အထူးသဖြင့် နျူကလီးယားဟန့်တားမှု) သည် တရားမျှတမှု၊ ဥပဒေ သို့မဟုတ် ယုံကြည်မှုအပေါ်တွင် အခြေမခံဘဲ ကြောက်ရွံ့မှုနှင့် လွှမ်းမိုးချုပ် ကိုင် လိုမှု အပေါ် တွင် သာ အခြေခံထားသောကြောင့်…

မတရားသော ရင်းနှီးမြှုပ်နှံမှုများသည် လူသားသန်းပေါင်းများစွာ၏ ‘သွေးစွန်းသော အသက်များ’ ဖြင့် ရင်းနှီးထားရခြင်းဖြစ်သည်

မငြိမ်မသက်ဖြစ်နေသော နှလုံးသားနှင့် စစ်မှန်သောရတနာ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) က အပတ်စဉ် လူထုတွေ့ဆုံခြင်း နှင့် ဘာသာတရားသင်ကြားချက်တွင် ကျွန်ုပ်တို့၏ နှလုံးသားသည် ဘုရားသခင်ထံ၌သာ စစ်မှန်သော ငြိမ်းချမ်းမှုကို ရှာဖွေနိုင်မည်ဖြစ်ပြီး၊ ကျွန်ုပ်တို့ကို အမြဲတစေ ကျေနပ် မှုမပေးနိုင်သော နေ့စဉ် “လုပ်ဆောင်မှုများ” ထဲ၌ ရှာမတွေ့နိုင်ကြောင်း ရှင်းလင်းမိန့်ကြားခဲ့သည်။ စိန့်ပီတာရင်ပြင်တွင် ပြုလုပ်သော ဗုဒ္ဓဟူးနေ့ လူထုတွေ့ဆုံခြင်း၌ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ယနေ့ခေတ်၏ အမြဲတမ်း အလုပ်ရှုပ်နေရမည်ဟူသော…

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) အစ္စရေးသမ္မတနှင့် ဖုန်းဖြင့်စကားပြောဆိုခဲ့။

ဆစ်ဒနီမြို့တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုအပြီးတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အစ္စရေးနိုင်ငံသမ္မတ အိုက်ဇက် ဟာဇော့ဂ် (Isaac Herzog) ထံမှ ဖုန်းခေါ်ဆိုမှုကို လက် ခံရရှိခဲ့ပြီး၊ ကက်သလစ်အသင်းတော်အနေဖြင့် အန္တီ-ဆီမိုက်တစ်ဝါဒ (ဂျူးလူမျိုးဆန့်ကျင်ရေး) ပုံစံအား လုံးကို ရှုံ့ချကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။ ဗာတီကန်သတင်းဌာန ဒီဇင်ဘာလ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ခရစ်ယာန်ဘာသာဝင်များက ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲရန် ပြင်ဆင် နေကြပြီး ဂျူးဘာသာဝင်များက ဟာနူကာ (Hanukkah) ပွဲတော်ကို ကျင်းပနေချိန်တွင် ပုပ်ရဟန်းမင်းကြီး…