rvamyanmar

rvamyanmar

အဖွဲ့အစည်းနှင့်လုပ်ဆောင်ခြင်းဖြင့်ရရှိနိုင်သောစံတန်ဖိုးများကို ခရစ္စမတ်လက်ဆောင်အဖြစ်

ပေးခြင်း။ အရှေ့ပိုင်းရှမ်းပြည်၊ ကျိုင်းတုံကက်သလစ်သာသနာ အလွန်သန့်ရှင်းစင်ကြယ်သော မယ်တော်၏ နှလုံး တော် ဗဟိုဘုရားကျောင်းဝင်း၌ ဆရာတော်ဂျွန်စောယောဟန်၏လမ်းညွှန်မှုဖြင့် ကျောင်းထိုင် ဘုန်း တော်ြကီး ဖာသာရ်စတီးဗင်း အားနိုဉီးဆောင်ကာ ၂၀၂၅ ဒီဇင်ဘာ(၂၀)နှင့်(၂၁)ရက်နေ့ များတွင် သူငယ်တော်အိမ်ဆောက်ပြိုင်ပွဲနှင့် မျှော်လင့်ခြင်းဂျူဘီလီသီချင်း ဘင်ခရာတီးပြိုင်ခြင်းတို့ဖြင့် မွေးဖွား လာမည့်သူငယ်တော်ကို ကြိုဆိုခြင်းပွဲကို ကျင်းပခဲ့ကြပါသည်။ ထိုပြိုင်ပွဲတွင်မြို့ပေါ်ရှိ ကျောင်းပေါင်းစုံနှင့် အနီးရှိသာသနာအုပ်စုဝင်များအဖွဲ့(၇)ဖွဲ့မှပါဝင် ယှဉ်ပြိုင်ခဲ့ ကြပါသည်။ ပြိုင်ပွဲကို နံနက်(၉-၁၂)နာရီထိပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မွန်ဆီညော်စတီးဗင်း အားချူ ဦးဆောင်သောအဖွဲ့မှ အမှတ် ပေးဒိုင်လူကြီးများ အဖြစ်ဆောင်ရွှက်ခဲ့ကြပါသည်။ ဆရာတော်ကြီးဂျွန်စောယောဟန်မှ ပြိုင်ပွဲ အဖွင့်အမှာစကား…

Cardinal Charles Bo ၏ခရစ္စမတ် သတင်းစကား။

“ငြိမ်းချမ်းခြင်းသည် သင်တို့အားလုံးနှင့်အတူရှိပါစေ” လေးစားချစ်ခင်ရပါသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်နိုင်ငံတော်၏အရေးပါသော တာဝန်အသီး သီးကို ထမ်းဆောင်နေကြပါသော ဂုဏ်အသရေရှိလူကြီးမင်းများ၊မြန်မာနိုင်ငံ ရဟန်းမင်းကြီး ကိုယ် စားလှယ် Msgr. Andrea Ferrante မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီမှ ဆရာတော် ကြီးများ ပါဝင်ဆုတောင်းနေကြသူများနှင့် ညီအစ်ကိုမောင်နှမသားသမီးအပေါင်းတို့“Peace be with you!” “ငြိမ်းချမ်းခြင်းသည် သင်တို့နှင့်အတူ ရှိပါစေ”ဆိုတဲ့နှုတ်ခွန်းဆက်စကားကို နှစ်ထောင်ပေါင်း များစွာက လူမျိုးတိုင်း၊ ဘာသာ မျိုးစုံကိုးကွယ်သူတိုင်း အချင်းချင်းနှုတ်ဆက်တဲ့အချိန်မှာအသုံးပြု ခဲ့ ကြပါတယ်။ အရာရာကိုစိုးပိုင်စီမံအုပ်ချုပ်တော်မူသော ဘုရားသခင်က ကလေးငယ်လေး အဖြစ်နဲ့ မွေးဖွါးခြင်းခံ တော်မူခြင်းဖြစ်ပါတယ်။…

ဂျူဘီလီနှစ်သည်ပြီးဆုံးသွားမည်ဖြစ်သော်လည်းကျွန်ုပ်တို့သည်ယုံကြည်ခြင်း၏ခရီးသွားများ

အဖြစ်ဆက်လက် ရှင်သန်ကျန်ရစ်ကြရန်ရဟန်းမင်းကြီးတိုက်တွန်း။ ရဟန်းမင်းကြီးလီယို (၁၄) သည် ဂျူဘီလီနှစ်၏နောက်ဆုံးစနေနေ့အဖြစ်ဘုရားဖူးများနှင့် တွေ့ဆုံစဉ် မိန့် ကြားသောဩ၀ါဒ၌ ဂျူဘီလီနှစ်ပြီးဆုံးသွားမည်ဖြစ်သော်လည်း ခရစ်ယာန်များအနေဖြင့်မျှော် လင့်ခြင်း ၏ခရီးသွားများအဖြစ်ဆက်ရှင်သန်ကျင့်ကြံကြရန်၊ ဤတရားတော်သည်အဆုံးသတ်သွားမည်မ ဟုတ် ကြောင်းအသိပေးမိန့်ကြားခဲ့သည်။ ခရစ္စမတ်ပွဲတော်ကြီးသည်လည်းနီးကပ်လာပြီဖြစ်၍ခရစ္စမတ်တရားတော်လည်းဖြစ်သော မျှော်လင့် ခြင်းနှင့်စပ်လျဉ်း၍ဩ၀ါဒအတွင်း၌ထည့်သွင်းမိန့်ကြားခဲ့သည်။ မျှော်လင့်ခြင်းသည်ကြောက်ရွံ့ခြင်း ၌ အတွယ်နေသည်မဟုတ်။ ယေဇူးခရစ္စတူးသခင်အားဖြင့်ဘုရားသခင်နှင့်နီးကပ်စွာရှိနေခြင်း၌တည်ရှိသည်။ ခရစ္စတူးသခင်မပါလျှင် ‘သခင်သည်နီးကပ်လာပြီ’ ဟုကြွေးကြာ်ခြင်းသည်ခြိမ်းခြောက်ခြင်းဖြစ်သည်။ သို့ သော်ခရစ္စတူး သခင်ရှိ နေခြင်းကြောင့် ထိုကြွေးကြော်သံသည်သနားခြင်း၏ကတိတော်ဖြစ်လာသည်။ ခရစ္စ တူးသခင်၌ ခြိမ်း ခြောက်မှုမပါ။ ခွင့်လွှတ်ခြင်းသာရှိသည်။ ယေဇူးသခင်၏လူ့အဖြစ်တော်ကိုခံယူခဲ့သည့်အ ဖြစ်ကို ထောက်ရူခြင်းဖြင့် အသက်ပေးသောဘုရားသခင်ဖြစ်ကြောင်း၊…

ရဟန်းမင်းကြီးလီယို (၁၄) အီတလီလွှတ်တော်သို့အစီအစဉ်မရှိဘဲကြွရောက်သွားခဲ့။ 

ရဟန်းမင်းကြီးသည်ပြီးခဲ့သောကြာသပတေးနေ့က အီတလီနိုင်ငံအစိုးရ၏အထက်လွှတ် တော်သို့ အစီ အစဉ်မရှိဘဲကြွရောက်သွားရာအထက်လွှတ်တော်ဥက္ကဌဖြစ်သူ Ignazio La Russa မှပြာပြာသ လဲထွက် ကြိုခဲ့ရသည်ဟုသိရသည်။ ရဟန်းမင်းကြီးနှင့်အတူဗာတီကန်၏အတွင်းရေးမှူးကာဒီနယ် Pietro Parolin လည်းလိုက်ပါသွားခဲ့သည်။ ရဟန်းမင်းကြီးက လွှတ်တော်၏စာကြည်တိုက်၊ ပြခန်းများကို ကြည်ရူ့ လေ့လာခဲ့သည်။ ရဟန်းမင်းကြီးသည်အထက်လွှတ်တော်အမတ်များနှင့်လည်းတွေ့ဆုံခဲ့သည်။ လွှတ်တော်၌ ပြင်ဆင်ထားသောသူငယ်တော်အိမ်ကိုလည်းဖွင့်လှစ်ပေးခဲ့သည်။ Fr. Clement Ate