
ခရစ်ယာန်ရှု့ထောင့်ကနေရှု့မြင်တဲ့ မကောင်းမှုဆိုတဲ့အကြောင်းနှင့် မကောင်းမှုကဘယ်မှာဆုံးနိုင်မှာလဲ။




“မြင်နေရတာချင်းတူတောင် မြင်ပုံချင်းမတူနိုင်ဘူး” လူမှုကွန်ရက်ပေါ်မှာ သတင်းတစ်ခု၊ အကြောင်းအရာတစ်ခု Hot ဖြစ်လာတိုင်း အငြင်းအခုံတွေ ဖြစ်ကြတာကို မကြာမကြာ တွေ့ရတတ်ပါတယ်။ လူပြောများတဲ့ ပို့စ်တွေအောက်က Comment တွေကိုလည်း စိတ်ဝင်တစား လိုက်ဖတ်ကြည့်ဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုကို မတူညီတဲ့ လူတွေဟာ ပုံစံမျိုးစုံနဲ့ ဘယ်လိုများ တွေးကြလဲ၊ မြင်ကြမလဲဆိုပြီးတော့ပေါ့..။ဖော်ပြထားတဲ့ သတင်း၊ အကြောင်းအရာက အတူတူပဲ။ ဒါပေမဲ့ တစ်ယောက်က ဒါကို “မှန်တယ်” လို့ မြင်တဲ့အချိန်မှာ နောက်တစ်ယောက်က “မှားတယ်” လို့ မြင်တယ်။ တစ်ယောက်က “ဖြစ်သင့်တယ်” လို့…

မနက်မိုးလင်းလို့ အိပ်ရာက နိုးလာတဲ့အခါ အဆင်သင့်ဖြစ်နေတဲ့ မနက်စာ၊ အလုပ်သွားခါနီး သေသေချာချာ မီးပူတိုက်ထားတဲ့ အဝတ်အစား၊ ညဘက် အိမ်ပြန်ရောက်တဲ့အခါ နွမ်းနယ်သမျှ ပြေပျောက်သွားစေမယ့် ထမင်းပွဲ၊ ဒီလိုအရာတွေဟာ လူတော်တော်များများအတွက်တော့ နေ့စဉ်ဘဝရဲ့ သာမန်အစိတ်အပိုင်းတွေ ဖြစ်နေတတ်ပါတယ်။ဒါဟာ အမေ့ရဲ့ တာဝန်၊ ဒါဟာ ဇနီးသည်ရဲ့ ဝတ္တရား ဆိုပြီး အလွယ်တကူ သတ်မှတ်လိုက်ကြတယ်။ အဲဒီနောက်ကွယ်က မေတ္တာနဲ့ အပင်ပန်းခံမှုတွေကိုတော့ မကြာခဏ မေ့လျော့နေတတ်ကြပါတယ်။အိမ်က ထမင်းဟင်းဆိုတာ “အဆင်သင့်” ဖြစ်နေတတ်တာ မဟုတ်ပါဘူး။ တစ်ယောက်ယောက်က အချိန်ပေးပြီး ဈေးသွားရတယ်၊ စဉ်းစားပြီး…
အမိကက်သလစ်သာသနာတော်ကြီးသည် နှစ်စဉ်ဒီဇင်ဘာ (၂၆) ရက်နေ့၌ဓမ္မအာဇာနည် ကြီးစတီး ဖင်း ၏ပွဲနေ့အဖြစ်သတ်မှတ်ထားပါသည်။ ထိုပွဲနေ့သည်ဓမ္မအာဇာနည်ကြီး၏ကောင်းကင်မိသားစုထဲ၌မွေး ဖွားခြင်းခံသောမွေးနေ့အဖြစ်လည်းရှေးဦးခရစ်ယာန်များကြား၌တင်စားသတ်မှတ်ခဲ့ကြသည်။ ကျွန်ုပ်တို့ သည်တစ်ကြိမ်တည်းသာမွေးဖွားကြသည်မဟုတ်။ ယုံကြည်ခြင်းအမြင်ဖြင့်ဆိုလျှင်သေခြင်းသည်လည်း ပြီးဆုံးခြင်း၊ ကုန်ဆုံးခြင်း၊ နိဂုံးမဟုတ်။ ယုံကြည်ခြင်းအတွက်အသေခံခြင်းသည်ကောင်းကင်နိုင် ငံတော် ၌မွေး ဖွားခြင်းခံခြင်းဖြစ်သည်။ ပွဲနေ့၌ဖတ်ကြားသည့်ပထမကျမ်းစာဖြစ်သည်တမန်တော်၀တ္ထုကျမ်း၌ ဓမ္မအာဇာနည်စတီး ဖင်းသည် ဘာသာရေးလွှတ်တော်ရှေ့၌အာဏာပိုင်များနှင့်သူ့အားမတရားစွပ်စွဲသောသူများအုံနှင့်ကျင်းနှင့်စောင့်ကြည့်နေသူများရှေ့မှောက်၌ပင်ရဲ၀ံ့စွာထုချေပြောဆိုခဲ့သည့်အပြင် ထိုသို့ပြောဆိုနေစဉ်၌သူ၏မျက်နှာ သည်ကောင်းကင်တမန်တော်ကဲ့သို့ပြောင်းလဲသွားသည်ကိုမြင်တွေ့လိုက်ရသည်။ (တမန်တော်၀တ္ထု ၆း၁၅) သူ၏မျက်နှာ၌ဖော်ပြချက်သည် သူ၏အမှန်တရားအပေါ်မည်မျှ အလေးအနက်ထားသည် ကို လည်းကောင်း၊ ခေတ်ကြေးမုံသည်သူနှင့်မဆိုင်သကဲ့သို့မနေကြောင်းကို ပြသရန်နှင့်ထိုအခြေအနေကို ချစ်ခြင်းဖြင့်မားမားမတ်မတ်တုန့်ပြန်ခြင်းဖြစ်သည်။ စတီးဖင်း၏အသက်တာနှင့် သေခံခြင်းသည်ကြည့် မှန်ကဲ့သို့ဖြစ်သည်။ ဘုရားသခင် ၏ချစ်ခြင်းသည်ယေဇူးသခင်အားဖြင့်…


၂၀၂၅ ခုနှစ်၊ ခရစ္စမတ်ပွဲတော် စိန့်ပီတာ ဘာသာရေးဝတ်ပြုကျောင်းတော်ကြီး၏ ဗဟိုလေသာဆောင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်၊ ကြာသပတေးနေ့ “ဘုရားသခင်၏သားတော်၊ ယေဇူးခရစ်တော်၏ဖွားမြင်ခြင်းမှသည် လက်ဝါးကားတိုင်ထက်တွင် အသေ ခံတော်မူသည်အထိ လမ်းညွှန်ပေးမည့် အခြေခံကျသော ဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့ မြင်တွေ့ရပါသည်။ ထိုဆုံးဖြတ်ချက်မှာ ကျွန်ုပ်တို့အား အပြစ်ဝန်ထုပ်ဝန်ပိုးအောက်၌ ပစ်မထားဘဲ ထိုအပြစ်များကို ကျွန်ုပ် တို့အတွက် ကိုယ်တော်တိုင် ခံယူထမ်းရွက်ပေးရန် ဖြစ်ပါသည်။ ဤအမှုကို ကိုယ်တော်တစ်ပါးတည်းသာလျှင် ပြုနိုင်စွမ်းရှိပါသည်။ သို့သော် တစ်ချိန်တည်းမှာပင်၊ ကျွန်ုပ် တို့ကိုယ်တိုင်သာလျှင် ပြုလုပ်နိုင်သည့်အရာဖြစ်သော…

ရဟန်းမင်းကြီးလီယို (၁၄) သည် ခရစ္စမတ်အချိန်ကာလ၌ရောမမြို့သူမြို့သားများနှင့်ကမ္ဘာ ကြီးသို့ဩ ၀ါဒထုတ်လွှင့်မိန့်ကြားခဲ့သည်။ ထိုသို့ထုတ်လွှင့်ရာ၌ သူရဟန်းမင်းကြီးအမှုတော်ကိုစတင်ထမ်း ဆောင် မှစ၍စဉ်ဆက်မပြတ်မိန့်ကြားလာခဲ့သောငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး၊ တာ၀န်ယူမှု၊ တာ၀န်ခံ မှုနှင့် အကြမ်းဖက်မှုနှင့်တည်ငြိမ်မှုကင်းမဲ့ဒေသအတွင်းရှိအပြစ်မဲ့ပြည်သူများအတွက်လည်းထည့်သွင်း၍မိန့်ကြားတောင်းဆိုထားပြန်သည်။ ငြိမ်းချမ်းရေးအတွက်ဆုတောင်း … ရဟန်းမင်းကြီးသည် ‘လက်ဘနွန်၊ ပါလက်စတိုင်း၊ အီစ္စရေး နှင့်ဆီးရီးယားနိုင်ငံတို့၏တရား မျှတခြင်း၊ ငြိမ်းချမ်းရေး’ အတွက်ဆုတောင်းပေးခဲ့သည်။ ငြိမ်းချမ်းရေးကတိသည်ဖြောင့်မတ်ခြင်း၌အမြစ် တွယ် ပြီး ပြန်လည်ဆန်းသစ်ရန်လိုသည်။ ယူကရိန်းအတွက်ကိုမူလက်နက်များစွန့်ကြရန်ထုတ်ဖော်၍ထူး ခြားစွာတောင်းဆိုခဲ့ပြီး၊ ဤဖြစ်စဉ်၌ပါ၀င်ပတ်သက်ကြသောနိုင်ငံ တကာအဖွဲ့အစည်းများ အားလုံး သတ္တိ ရှိရှိ ဖြင့်ရိုးသားစွာ၊ တည့်မတ်စွာ၊ လေးစားမှုရှိစွာဖြင့်တွေ့ဆုံဆွေးနွေးကြရန်တောင်းဆိုခဲ့သည်။ ထို့အတူဆူဒန်၊…

