
သံတမန်အရာရှိ ဘုန်းတော်ကြီးများ၏ အခန်းကဏ္ဍသည် နိုင်ငံရေးအကျိုးအမြတ်ထက် ကျော်လွန်၍ တစ်လောကလုံးဆိုင်ရာ လူသားမိသားစုကို ဝန်ဆောင်မှုပေးသူများဖြစ်ရမည်

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့တွင် ပုဒ်ရဟန်းမင်းကြီး လီယို (၁၄) သည် ပုပ်ရဟန်းမင်းကြီးဆိုင်ရာ သံတ မန်ရေးရာ အကယ်ဒမီ (Pontifical Ecclesiastical Academy) ၏ ၃၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့သို့ သွားရောက်ခဲ့ပါသည်။ ရဟန်းမင်းကြီးသည် ထိုခရီးစဉ်တွင် သံတမန်အရာရှိ ဘုန်းတော်ကြီးများ၏ အခန်းကဏ္ဍကို နိုင်ငံရေးအကျိုးအမြတ်ထက် ကျော်လွန်၍ တစ်လောကလုံးဆိုင်ရာ လူသားမိသားစုကို ဝန်ဆောင်မှုပေးသူများအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီး ၎င်းတို့၏ မစ်ရှင်သည် ဝိညာဉ်ရေးရာနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများသို့ ရောက်ရှိရန်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
ခရစ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်ခြင်း (Unity in Christ)
အကယ်ဒမီ၏ နှစ်ရှည်လများ အမှုတော်ဆောင်ခဲ့မှု သမိုင်းကြောင်းအပေါ် ရဟန်းမင်းကြီးက ကျေးဇူး တင်စကား ပြောကြားခဲ့သည်။ ကမ္ဘာ့နေရာအသီးသီးမှ လာကြသည့် ဘုန်းတော်ကြီးများ၏ နိုင်ငံတကာ မတူကွဲပြားမှုများ ကြားမှ “ခရစ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်ခြင်း” သည် အကယ်ဒမီ၏ အင်အား ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ဤကဲ့သို့ စည်းလုံးညီညွတ်မှုသည် သံတမန်အဖွဲ့အစည်းကို ပုဂ္ဂိုလ်တစ်ဦးချင်းစီထက် ကျော်လွန်၍ ယုံကြည်ခြင်း၏ သက်သေအဖြစ် ပုံဖော်ပေးခြင်းဖြစ်သည်။
စိတ်နှလုံးပြောင်းလဲခြင်း ကျင့်စဉ် (An exercise in conversion)
အကယ်ဒမီ၏ ဥပဒေ၊ စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံ သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှုများကို အသိ အမှတ်ပြုသော်လည်း “ဝိညာဉ်ရေးရာ ပြောင်းလဲခြင်း” သည် အရေးကြီးဆုံးသော ပြုပြင် ပြောင်းလဲမှု ဖြစ်ကြောင်း Pope Leo က အလေးပေးခဲ့သည်။ ၎င်းက ကျောင်းသားများအား အောက်ပါအချက်များကို ဦးစားပေးရန် တိုက်တွန်းခဲ့သည် - အလေးအနက် နားထောင်ခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်း။ သာသနာ ပြုလုပ်ငန်းတွင် နှိမ့်ချခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်း။ ပရော်ဖက်ရှင်နယ် ဆက်ဆံရေးများတွင် “ညီအစ်ကို ရင်းချာစိတ်ဓာတ်” ဖြင့် ချဉ်းကပ်ခြင်း။
သမိုင်းကို ပုံဖော်ပေးသည့် တံတားများ (Bridges that shape history)
ရဟန်းမင်းကြီးက သံတမန်ဘုန်းတော်ကြီးများကို “ရှင်ပြန်ထမြောက်ခြင်း ငြိမ်းချမ်းရေး သတင်းစကား” သယ်ဆောင်သူများအဖြစ် ဖော်ပြခဲ့သည်။ ဆွေးနွေးညှိနှိုင်းမှုနှင့် ပြန်လည်သင့်မြတ်ရေး မျှော်လင့်ချက် များ မှိန်ဖျော့နေချိန်တွင်ပင် ငြိမ်းချမ်းရေးသတင်းစကားကို ဆက်လက်သယ်ဆောင်ရန် အရေးကြီး ကြောင်း ပြောကြားခဲ့သည်။ ဘုရားသခင်၏ ကျေးဇူးတော်သည် လူသားတို့၏ သမိုင်းကြောင်းနှင့် ပဋိပက္ခများကြားသို့ စိမ့်ဝင်ပျံ့နှံ့နိုင်စေရန် “တံတားများ” နှင့် “လမ်းကြောင်းများ” သဖွယ် ဆောင်ရွက်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
ခရစ်တော်၏ ချစ်ခြင်းမေတ္တာ နိမိတ်လက္ခဏာ (A sign of Christ’s love)
နိုင်ငံတကာ ဇာတ်ခုံပေါ်တွင် သံတမန်များသည် ခရစ်တော်တည်းဟူသော “အမှန်တရား” ကို သယ်ဆောင် လာသူများ ဖြစ်ရမည်။ သံတမန်တစ်ဦးသည် သံတမန်မဖြစ်မီ “သိုးထိန်း” (Pastor) တစ်ဦး ဖြစ်ရန်လို အပ်ကြောင်း Pope Leo က ထပ်လောင်းပြောကြားခဲ့သည်။ ထို့ပြင် စစ်မှန်သော ဆွေးနွေးပွဲများ ဖြစ်ပေါ် လာစေရန်နှင့် နားလည်မှုမလွဲစေရန် စကားလုံးများကို တိကျရှင်းလင်းစွာ အသုံးပြုရန်လည်း တောင်း ဆိုခဲ့သည်။
တရားမျှတမှုကို မြှင့်တင်သူများ (Promoters of justice)
သံတမန်များ၏ သာသနာပြုလုပ်ငန်းသည် ကက်သလစ်အသိုင်းအဝိုင်းတစ်ခုတည်းအတွက် မဟုတ်ဘဲ လူသားမိသားစုတစ်ခုလုံး အတွက် ဖြစ်သည်။ လူသားတိုင်း၏ အတွင်း၌ ကိန်းဝပ်နေသော ဘုရားသခင် ၏ ပုံသဏ္ဌာန်တော်ကို အသိအမှတ်ပြုရန်၊ ပြန်လည်ထိန်းသိမ်းရန်နှင့် ကာကွယ်ရန်အတွက် တရားမျှတမှု အမျိုးမျိုးကို မြှင့်တင်သူများဖြစ်ရန် ရဟန်းမင်းကြီးက တာဝန်ပေးခဲ့သည်။
လူသားဂုဏ်သိက္ခာကို စောင့်ရှောက်သူများ (Guardians of human dignity)
တင်းမာမှုနှင့် ပဋိပက္ခများ ပြည့်နှက်နေသော ကမ္ဘာကြီးတွင် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများသည် တစ်ခါတစ်ရံ အချည်းနှီးဖြစ်သည်ဟု ထင်ရနိုင်သော်လည်း၊ ရဟန်းမင်းကြီးက ဂုဏ်သိက္ခာကို စောင့် ရှောက်သူများ အဖြစ် ဆက်လက်တည်ရှိနေရန် တိုက်တွန်းခဲ့သည်။ ကမ္ဘာ့အခြေအနေက ရန်လိုမှုများ ဘက်သို့ ဦးတည်နေသော်လည်း ဆွေးနွေးညှိနှိုင်းခြင်းနှင့် နားထောင်ခြင်းလမ်းစဉ်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားရန် အားပေးခဲ့သည်။
အားပေးမှုဆိုင်ရာ ခရီးစဉ် (A visit of encouragement)
အကယ်ဒမီ၏ ဥက္ကဋ္ဌ ဂိုဏ်းချုပ်ဆရာတော် Salvatore Pennacchio က ရဟန်းမင်းကြီး၏ ကြွရောက် မှုသည် သံတမန်ရေးရာ အမှုတော်ဆောင်ရန် ပြင်ဆင်နေသူများအတွက် ခွန်အားဖြစ်စေကြောင်း ပြောကြားခဲ့ပါသည်။
Fr. Peter Kyi Maung
photo Credit : Vatican News
Original link: https://www.vaticannews.va/en/pope/news/2026-04/pope-pontifical-diplomacy-at-service-of-peace-truth-justic.html


