
ဇွန်လ(၂၄)#အထင်အရှားနေတော်မူသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ(၂၄)#အထင်အရှားနေတော်မူသောယေဇူး_ရွှေနှလုံးတော်။ ငါ့သား၊ ဤလောက၌ငါသည် အထင်အရှားနေထိုင်တော်မူသည့် အကြောင်းရင်းကား၊ ဝန်လေး၍ပင်ပန်း သောသူတို့ငါ့ထံသို့လာကြလေကုန်။ ငါသည်သင်တို့ကိုအားဖြည့်တင်းပေးမည်ဟူသော စကားတို့၌အတိအလင်း ဖော်ပြထားလျက်ရှိ၏။ ထို့ကြောင့်လူတို့သည် ငါ၏ရွှေနှလုံးတော်အကြောင်းကိုသိနားလည်ကြသဖြင့် ငါ၏ကျေးဇူး တော်နှင့်ကောင်းကြီးမင်္ဂလာကို ၎င်းတို့အပေါ်သို့ချပေးရန် ငါသည်တောင့်တစောင့်မျှော်လျက်ရှိ၏။ ငါသည် ငါ၏နိုင်ငံတော်ကို တည်ဆောက်လိုသဖြင့် ဤလောကသို့ဆင်းကြွမလာမှီက လူတို့၏စိတ်ထဲ၌ရှိနှင့် ပြီးသောကြောက်ရွံ့ခြင်းတရားကို ချစ်ခြင်းတရားဖြင့်အစားသွင်းပေးရန် ငါအလိုရှိ၏။ အကူအညီလိုသောသူတို့အား နှစ်သိမ့်ခြင်းပေးရန် ငါသည်အခွင့်အရေးရတိုင်းအဘယ်အခါမျှ ပျက်ကွက်ခဲ့သည်ဟူ၍မရှိခဲ့ချေ။ ငါ့သား၊ သင်သည်လည်း သူတပါးတို့အား ဝမ်းမြောက်ခြင်းနှင့်နှစ်သိမ့်ခြင်းပေးရန် အမြဲအသင့်ရှိပါသလား။ ကြင်နာတတ်သောစကားတစ်ခွန်း၊ အမျှော်အမြင်ရှိသော အပြုအမူကလေးတစ်ခု၊ အလုပ်များနေသောသူတို့အား အကူအညီပေးခြင်း စသည့်ဤသေးငယ်သော ကရုပြုခြင်းကလေးများသည် လူတို့၏စိတ်ကိုနှစ်သိမ့်စေ၍ ဖျားနာနေ…









