rvamyanmar

rvamyanmar

အိမ်ထောင်ပြုခြင်းကိုမြှော်မှန်ခြင်း

အားလုံးဘဲမင်္ဂလာပါအာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။ဒီတစ်ပတ်ကျွန်မတင်ဆက်ပေးမဲ့အကြာင်းအရာလေးကတော့” အိမ်ထောင်ပြုခြင်းကိုမြှော်မှန်ခြင်း “ ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဤအကြောင်းအရာလေးဟာလူငယ်မောင်မယ်များအတွက်အထောက်အကူတစ်စုံတစ်ရာများရရှိလိမ့်မယ်၊အကျိုးဖြစ်လိမ့်မယ်လိုမျှော်လင့်ပါတယ်။သော်တရှင်များရှင်- လူတွေဟာအကြောင်းအမျိုးမျိုးကြောင့်လက်ထပ်ထိမ်းမြားခဲ့ကြတယ်။ဖြစ်တက်တဲ့အကြောင်းအရာတွေကတော့တချို့တွေကျတော့ကြိုက်နှစ်သက်လို၊ဒါမှမဟုတ်လဲမိဘပေးစားလို၊တကိုယ်တည်းနေရမှာမနှစ်မြို့လို၊အသက်ကြီးလာရင်အထီးကျန်နေမှာစို့လို၊ပြုစုစောင့်ရှောက်မဲ့သူမရှိမှာစို့လို့၊တချို့တွေကျတော့မိထွေးပထွေးတို့ကနှိပ်စက်လို၊တွက်ပေါက်တခုခုအနေနဲ့ယူဖြစ်သွားတာပါ။ဒါအပြင်စိတ်ဆင်းရဲမှုတခုခုကြောင်း၊ဒါမှမဟုတ်ရင်လဲပတ်၀န်းကျင်ကပြောလာတဲ့ကဲ့ရဲ့ခနဲတဲ့စကားတွေကြောင့်သည်းမခံနိုင်လိုတော့လိုစသည့်အကြောင်းအမျိုးမျိုးကြောင့်အိမ်ထောင်ပြုတဲ့သူတွေလည်းရှိပါတယ်။အထက်ကဖော်ပြထားတဲ့အကြောင်းအရာတခုခုကြောင့်အိမ်ထောင်ပြုခဲ့ကြတယ်၊မင်္ဂလာဆောင်ခဲ့ကြတယ်ဆိုရင်တော့အဲဒီဖြစ်လာမဲ့အိမ်ထောင်ရေးဟာသာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးဖြစ်ဖို့သိပ်ပြီးအာမမခံနိုင်ပါဘူး။ဘာကြောင်းလဲဆိုရင်ဒီအချက်တွေဟာတစ်ဖက်သတ်တစ်ကိုယ်ကောင်းဆန်တဲ့ကိုယ်ဘက်ပဲကြည့်ပြီးတွက်တဲ့အတွက်ကြောင်းဖြစ်ပါတယ်။သာယာပျှော်ရွှင်တဲ့အိမ်ထောင်ရေးဖြစ်ဖို့ရန်အတွက်ကတော့ဇနီးမောင်နှံနှစ်ဦးတို့ဟာတစ်ဦးပေါ်တစ်ဦးဖြူစင်တဲ့ချစ်ခြင်းမေတ္တာတရားထားရှိရမှာဖြစ်ပါတယ်။တစ်ဦးနှင့်တစ်ဦးတစ်ကိုယ်ကောင်းမဆန်ဖို့၊သစ္စာရှိဖို့၊ကြင်နာခြင်းတွေ၊ညှာတာခြင်းတွေမွန်မြတ်တဲ့စိတ်သဘောထားရှိရမှာဖြစ်တဲ့အပြင်လူမှုရေး၊ပညာရေး၊စီပွားရေးနှင့်ဘာသာတရားတွေမှာလင်နဲ့မယားတူညီတဲ့စိတ်၀င်စားမှုတွေရှိရမှာဖြစ်ပါတယ်။အိမ်ထောင်ရေးမှာအအဓိကကျလှတဲ့စိတ်၀မ်းကွဲပြားမှုမရှိဖို့လဲလိုပါတယ်။ဒါကြောင့်စိတ်၀မ်းကွဲပြားမှုမရှိတဲ့အိမ်ထောင်ရေးမှာသာယာပျှော်ရွှင်ဖွယ်ကောင်းပါတယ်။တစ်ဦးနဲ့တစ်ဦးသံသရာစိတ်တွေနဲ့၊ယုံကြည်မှုကင်းမဲ့နေမယ်ဆိုရင်အဲဒီအိမ်ထောင်ရေးဟာရေရှည်တည်တံမြဲနိုင်မှာမဟုတ်ပါဘူး။အိမ်ထောင်ရေးမှာစစ်မှန်တဲ့မေတ္တာတရားစိတ်ရှိမယ်ဆိုရင်၊ကျင့်သုံးလိုက်နာမယ်ဆိုရင်မွန်မြတ်ပျှော်ရွှင်ဖွယ်ကောင်းတဲ့အသက်တာအဖြစ်သို့ပြောင်းလဲနိုင်ပါတယ်။ဒါကြောင့်မို့မိမိဟာအိမ်ထောင်ပြုတော့မယ်ဆိုရင်မိမိရဲ့ဘ၀အသက်တာတလျှောက်လုံးမှာပေါင်းသင်းရမဲ့ဘ၀ကြင်ဖေါ်ကို သတိ၀ိရိရဖြင့်ရွေးချယ်ဖို့အလွန်ကိုအရေးကြီးပါတယ်။ဘာကြောင်းလဲဆိုအချစ်မှာမျက်စိမရှိလိုဆိုရိုးစကားရှိတဲ့အတွက်ကြောင့်လူတစ်ယောက်ကိုချစ်မိသွားပြီးဆိုတာနဲ့ဘာတွေဘယ်လိုဖြစ်နေပါစေအရာတိုင်းကိုအကောင်းဘဲမြင်တက်ပြီးတော့အဆိုးကိုမမြင်တက်တော့ပါဘူး။ဘာကြောင်းလဲဆိုရင်ချစ်မိသွားလိုပေါ့။ချစ်တဲ့စိတ်လွန်းကဲ့နေတဲ့အချိန်အကောင်းကိုဘဲမြင်ပြီးအဆိုးကိုမမြင်တတ်တောလိုပါ။မိမိချစ်တဲ့သူတွေအပါ်မှာပတ်၀န်းကျင်ကအဆိုးမြင်၊မကောင်းပြောနေပါစေမိမိကိုယ်၌ကဘာပဲဖြစ်နေပါစေအကောင်းပဲမြင်တက်သူပါ။ဒီအချိန်မှာအလောတကြီးလက်ထပ်မယ့်၊အိမ်ထောင်ပြုမယ့်ဆိုရင်နောင်အခါမှာနောင်တတွေရပြီးတော့စိတ်ဆင်းရဲရခြင်းတွေနဲ့ကြုံရပါလိမ့်မယ်နော်။ဒါကြောင့်မို့လက်မထပ်ခင်အိမ်ထောင်မပြုခင်မှာတဦးနှင့်တဦးအဆိုးအကောင်း၊အားနည်းချက်၊အားသားချက်တွေကိုလက်ခံတက်ရန်နှင့်သိထားရန်လိုအပ်ပါတယ်။အချိန်ယူပြီးတော့မိမိလက်ထပ်မဲ့သူရဲ့မျိုးရိုး၊မိဘတွေ၊ပညာအရည်အချင်း၊အကျင့်စာရိတ္တနဲ့၀ါသနာတွေကိုလေ့လာသင်ယူဖို့လိုပါတယ်။အဲလိုသိထားမှာသာလျှင်ပေါင်းသင်းဆက်ဆံရေးမှာနောင်တွင်စိတ်ဆင်းရဲခြင်း၊နောင်တရခြင်းတွေဖြစ်လာတော့မှာမဟုတ်ပါဘူး။အိမ်ထောင်မပြုမီသတို့သားနဲ့သတိုးသမီးတို့ဟာနှစ်ဦးသဘောတူညီနှိုင်းထားရမဲ့အရာတွေကတော့ဘယ်လိုဘယ်ပုံနေထိုင်ကြမလဲ။(ဥမမာ)အိမ်ကိုဘယ်ပုံဆောက်ကြမလဲ၀ယ်ကြမလဲဆိုတာကအစပေါ့။ရရှိတဲ့၀င်ငွေများအပေါ်မှာလည်းဘယ်လိုအသုံပြုကြမလဲ၊ဘယ်လိုအကျိုးရှိအောင်သုံးကြမလဲဆိုတာတွေ၊ဘယ်လိုစုဆောင်းကြမလဲ၊တနေနေ့နေမကောင်းဖြစ်လာရင်သုံးဖို့အတွက်ဘယ်လိုစုဆောင်းကြမလဲဆိုတာတွေ၊ဒါအပြင်အိမ်ထောင်၀တ်စည်းေ၀ခြင်းစသည့်နှင့်အလှုဒါနပြုခြင်းတွေစသည့်တို့ကိုကြိုတင်စဥ်စားတိုင်ပင်ထားမယ်ဆိုရင်မိမိတို့ရဲ့အိမ်ထောင်ရေးဘ၀ခရီတစ်လျှောက်လုံးမှာဒုက္ခအခက်အခဲနှင့်ရင်ဆိုင်ရပင်မဲ့လည်းကြုတင်ပြင်ဆင်မှုတွေထားရှိပြီးဖြစ်တဲ့အတွက်ကြောင့်ပင်ပန်းဆင်းရဲခြင်းကိုခံနိုင်မှာဖြစ်ပါတယ်။တချို့ကြတော့ငယ်ရွယ်စဥ်ကတည်းကအိမ်ထောင်ပြုကြပါတယ်။သတိပြုရမှာကတော့ မိမိဟာငယ်ရွယ်သူဖြစ်တဲ့အတွက်၊အတွေ့အကြုံနည်းတဲ့အတွက်ကြောင့် ဆင်းရဲခြင်းတွေကို မခံနိုင်ဖြစ်ပြီတော့တဦးပေါ်တစ်ဦးအပြစ်တွေမြင်လာမယ်၊နောက်ပိုင်းမှာအချစ်ပြေလာမယ်၊နောက်အိမ်ထောင်ပျက်ရတဲ့ဘ၀သို့ရောက်တက်ကြပါတယ်။မိမိဟာပေါင်းသင်းဆက်ဆံရေးမှာအတွေ့အကြုံ၊အတွေးအခေါ်ရင့်ကျက်မယ်ဆိုရင်စီးပွားရေး၊ပညာရေးစသည့်ဘ၀ရဲ့လှိုင်းဒဏ်၊လေဒဏ်တွေကိုခံနိုင်ရည်စွမ်းအားရှိမှာအမှန်ပါ။ဒါကြောင့်မို့မိမိရဲ့အိမ်ထောင်ရေးဟာလဲသာယာပျော်ရွှင်ဖွယ်အိမ်ထောင်ရေးဖြစ်လာမှာပါ။အဓိကကျတဲ့အချက်တစ်ခုကတော့ သာယာပျော်ရွှင်ဖွယ်အိမ်ထောင်ရေးဖြစ်ဖို့ရန် အတွက်ဘ၀ကြင်ဖေါ်ရွေးချယ်တဲ့အခါမှာလဲမိမိရဲ့အပြင်ပိုင်းအလှထက်အတွင်းစိတ်သဘော၏အလှအပကိုပိုပြီးအရေးကြီးတဲ့အကြောင်းသိထားစေချင်ပါတယ်။တချို့သူတွေကရုပ်အလှအပကိုသာကြည့်လိုကြပါတယ်။ရုပ်ရဲ့အလှအပဟာတခဏပါပဲ၊စိတ်သဘောရဲ့အလှအပနဲ့တသက်လုံးပေါင်းသင်းရမှာဖြစ်ပါတယ်နော်။လက်ထပ်ကြမဲ့လူငယ်လူရွယ်သားသမီးတို့လည်းဤအချက်အလက်လေးတွေကိုလက်မထပ်ခင်၊အိမ်ထောင်မပြုခင်အလေးအနက်ထားအချိန်ယူစဥ်စားစေချင်ပါတယ်။ဒါမှာသာလျှင်မိမိတို့မြှော်မှန်းထားတဲ့သာယာပျော်ရွှင်ဖွယ်အိမ်ထောင်ရးကိုရရှိပိုင်ဆိုင်နိုင်မှာပါ။မိမိတို့မျှော်မှန်းထားတဲ့ဘ၀ရည်မှန်းချက်များအသီးသီးသောအောင်မြင်မှုများရရှိနိုင်ကြပါစေကြောင်းဆုမွန်ချွေလျှက်–နားဆင်းကြည့်ရှုကြတဲ့သော်တရှင်များအားလုံးဘုရားရှင်ကောင်းကြီးခံစားရပါစေ။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ စစ္စတာရ်မေရီဒိမ် ပါရှင်။

#St.Antonius (Bishop), စိန့်အန်တိုနီအူးစ် (ဆရာတော်) #10 May 2021

#St.Antonius (Bishop), စိန့်အန်တိုနီအူးစ် (ဆရာတော်) #10 May 2021 #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) သူသည် စာချုပ်စာတမ်း မှန်ကန်ကြောင်း တံဆိပ်ရိုက်သော သူ၏သားဖြစ်သည်။ ဖလော်ရင်တိန် ပြည်ထောင်စု နိုင်ငံသားဖြစ်သည်။ စိန့်အန်တိုနီအူးစ်သည် အသက်(၁၅)နှစ်အရွယ်၌ တရားဟောပြော သူများဂိုဏ်းသို့ လက်ခံဝင်ရောက်ခဲ့သည်။ သူ့အား ခေါ်တော်မူခြင်း စစ်မှန်ကြောင်း သက်သေပြနိုင်ရန် ကာနွန်ဥပဒေအား အလွတ်ကျက်မှတ်ခိုင်းသည်။ ဤကဲ့သို့ ခက်ခဲလှသောစာအား အလွတ်ရွတ်ပြနိုင်သည့်အတွက် သူ့အား ရသေ့ကျောင်း ဝင်ခွင့်ပေးကြ၍ ရသေ့ဖြစ်လာသည်။ စိန့်အန်တိုနီအူးစ်သည် ထူးခြားသည့် ကျေးဇူးတော်ကြောင့် ဝိညာဉ်ရေး လမ်းညွှန်သင်ရာတွင် သက်သေပြနိုင်သည်။…

#မိုလိုခိုင်အီမြို့မှစိန့်ဒါမီယံ (Saint Damien de Veuster of Molokai) #မေလ (၁၀) ရက်

#မိုလိုခိုင်အီမြို့မှစိန့်ဒါမီယံ (Saint Damien de Veuster of Molokai) #မေလ (၁၀) ရက် (မွေး – ဇန်နဝါရီလ၊ ၃၊ ၁၈၄၀၊ ပျံလွန် – ဧပြီလ၊ ၁၅၊ ၁၈၈၉) #Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်) ယနေ့ပွဲနေ့ရှင်၏ ဆေးကြောခြင်း အမည်မှာ ဂျိုးဇက် ဖြစ်သည်။ သူ့အား ဘဲလ်ဂျီယံနိုင်ငံ၊ Tremelo မြို့၊ (၁၈၄၀) တွင် မွေးဖွားခဲ့သည်။ အနာကြီးရောဂါနှင့် ပတ်သက်၍ ဥရောပတိုက်သား အတော်များများ မသိကြပေ။ ဤရောဂါကို Hansen…