rvamyanmar

rvamyanmar

တိုင်းပြည်အခြေ‌အနေနှင့် မှုးယစ်ဆေးဝါး အန္တရာယ်

တိုင်းပြည်အခြေ‌အနေနှင့် မှုးယစ်ဆေးဝါး အန္တရာယ် ပူတာအိုဒေသဆိုတာ အဖြူရောင်နယ်မြေမဟုတ်ပါ။ မူးယစ်ဆေးဝါးဇုန် အနက်ရောင်နယ်မြေပါ။ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖားကန့်ပြီးရင် ပူတာအိုလို့ခေါ်ထိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ကချင်ပြည် တစ်ကျော့ပြန်စစ်ပွဲနောက်ပိုင်း မူးယစ်ဆေးဝါးမျိုးစုံ တဟုန်ထိုးပြန့်နံ့နေတာ သတိထားမိပါတယ်။ အဆိုးဝါးဆုံးအခြေအနေဖြင့် ၂၀၂၁ ခု၊ နိုင်ငံရေးမတည်ငြိမ်မှုနောက်ပိုင်း ပူတာအိုနယ်တွေမှာ ယာမတွေစျေးပေါပေါနဲ့ဖြန့်ဝေတဲ့အထိဖြစ်နေတာ အလွန်ထင်ရှားလွန်းပါတယ်။ ဘာကြောင့် ယခုလိုဖြစ်နေတယ်ဆိုတာပြောရရင် အားလုံး နားကြားဝပြီးသားလည်းဖြစ်ပါတယ်။ တချို့ကိုယ်ကျိုးရှာစီးပွါးရေးသမားများ၊ တစ်ချို့အာဏာရများ၊ လက်မည်းများနဲ့ တစ်ချို့ဒေသခံပြည်သူများရဲ့ တိုင်းပြည်နဲ့ ပြည်သူအပေါ်ထားတဲ့ စေတနာဟာ ဘာလဲဆိုတာ သက်သေပေါ့။ ဒီထဲမှာ ကိုယ့်ဒေသခံ…

ဇွန်လ(၃၀)#သေမင်းကိုအောင်မြင်တော်မူသောယေဇူး_ရွှေနှလုံးတော်

ဇွန်လ(၃၀)#သေမင်းကိုအောင်မြင်တော်မူသောယေဇူး_ရွှေနှလုံးတော် ငါ့သား၊ ကာလ်ဝါရီတောင်ပေါ်မှာ ငါ၏နှလုံးလှုပ်ရှားခြင်းရပ်စဲသွားသောအခါ ငါ၏ရန်သူများသည် အလွန်ဝမ်းမြောက်ဝမ်းသာရှိကြကုန်၏။ အဘယ့်ကြောင့်ဆိုသောါ ငါ့ကိုကွက်မျက်ကြပြီးလျှင် နောက်အမှတ်မရနိုင် အောင် ဖျောက်ဖျက်လိုက်ကြပြီဟု ထင်မှတ်ကြသောကြောင့်တည်း။ ငါ၏မိတ်ဆွေများပင် ငါ၏နိုင်ငံတော်သည်ပျက် စီး၍ အဆုံးသို့ရောက်ပြီဟု ထင်မှတ်ကြသဖြင့် ဝမ်းနည်းခြင်းနှင့်ကရူးစူးတံကျင်မှ ထွက်ခွာသွားကြကုန်၏။ ယနေ့မှာ မူကား ငါ၏နှလုံးတော်သည် တဖန်လှုပ်ရှားလျက်ပင်ရှိသည်။ အကြောင်းမူကား ငါသညသေမင်းကိုနိုင်နင်းအောင် မြင်တော်မူ၍ ရှင်မြန်ထမြောက်တော်မူပြီ။ ငါ့သား၊ သင်သည်လည်းငါ့နောက်သို့လိုက်လိုလျှင် ဝမ်းနည်းခြင်းများ၊ အခက်အခဲများ၊ ဆင်းရဲဒုက္ခများနှင့် စုံ စမ်းခြင်းများကိုတွေ့ရပေလိမ့်မည်။ ထိုအခါသင်၏ကြံရွယ်ခြင်းအတိုင်း အထမမြောက်သည်ကိုသိလာ၍ သင်အသက်ကိုပင်ဆုံးရှုံးရသကဲ့သို့ စိတ်ပျက်ခြင်းဖြစ်လာလိမ့်မည်။ ဤကဲ့သို့စိတ်ပျက်အားလျော့ခြင်းအချိန်နာရီ၌ ငါသည်…

“ယုံကြည်ခြင်းနှင့် ဥာဏ်ပညာ”

“ယုံကြည်ခြင်းနှင့် ဥာဏ်ပညာ” သခင်ယေဇူးက သူ့ရဲ့ အသင်းတော်ကြီးကို တည်ဆောက်ရာမှာ ထာ၀ရတည်မြဲစေဖို့ရာ ယုံကြည်ခြင်း (Faith) နဲ့ ဥာဏ်ပညာ (Wisdom) ဆိုတဲ့ မဏ္ဏိုင်ကြီးနှစ်ခုကို အခြေပြုခဲ့ပါတယ်။ တပည့်တာ်ကြီး သံပေရူးနဲ့ သံပေါလူးတို့ဟာ ယုံကြည်ခြင်းနဲ့ ဥာဏ်ပညာကို ကိုယ်စားပြုတဲ့ အသင်တော်ရဲ့ မဏ္ဏိုင်ကြီးနှစ်ခုဖြစ်ပါတယ်။ သခင်ယေဇူးက သူ့ရဲ့ အသင်းတော်ကြီးကို ယုံကြည်ခြင်းပြင်းပြတဲ့ သံပေရူး၊ ဉာဏ်ပညာကြီးမားတဲ့ သံပေါလူးတို့နဲ့ ဘယ္လို တည်ဆောက်ခဲ့သလဲ ဆိုတာ လေ့လာကြည့်ကြပါစို့။ #သံပေရူး သူဟာ ဂါလီလဲနယ်က စာပေမတတ်တဲ့ တံငါသည် တစ်ဦးပါ။…

ဇွန်လ(၂၉)#ရွှေနှလုံးတော်၏မေးခွန်း။

ဇွန်လ(၂၉)#ရွှေနှလုံးတော်၏မေးခွန်း။ ငါ့သား၊ တနေ့သ၌ ယာကုပ်နှင့်ယောဟန်တို့၏ မိခင်သည်ငါ့ထံသို့ချည်းကပ်၍ ဆရာတော်ဘုရား၊ ကိုယ်တော်၏နိုင်ငံတော်၌ တပည့်တော်၏သားနှစ်ယောက်ကို လက်ျာဘက်မှာ တစ်ယောက်၊ လက်ဝဲဘက်မှာတစ် ယောက် ထိုင်အံ့သောငှါ အမိန့်ရှိတော်မူပါဟု လျှောက်၏။ ဤသည်ကားမိမိသားသမီးများကို ချစ်တတ်သော မိခင် ဖြစ်သူ၏ တောင်းပန်လျှောက်ထားချက်ဖြစ်သတည်း။ သို့သော်လည်း အဘယ်အရာတောင်းသည်ကိုနားမလည်ချေ။ ငါကလည်းစိတ်ဇွဲထက်သန်သော တမန်တော်နှစ်ပါးအား ငါသောက်လတံ့သော ကာလစ်ခွက်ကို သင်တို့သောက် နိုင်ကြပါ၏လောဟု လျှောက်၏။ ထိုနည်းတူငါ့သား၊ ယေဇးကိုယ်တော်က ငါသောက်လတ္တံ့သောခွက်ကို သင်သောက်နိုင်သလားဟု သင့်အား ယခုမေးလေ၏။ အဖြေမပေးမှီ ခေတ္တဆင်ခြင်စဉ်းစားပါလော။ သင်သည် ဤလောက၌ငါ့နည်းတူ မထင်မရှားနေ…

ကက်သလစ် အသင်းတော်  Vatican/ Holy See ဟာ ဘာသာရေးလိုလို သံတမန်ရေးလိုလို  နိုင်ငံရေးလိုလို အဖွဲ့အစည်းလား ဘာလား မေးလာရင် ဖြေပေးလိုက်ကြပါလေ။

ကက်သလစ် အသင်းတော်  Vatican/ Holy See ဟာ ဘာသာရေးလိုလို သံတမန်ရေးလိုလို  နိုင်ငံရေးလိုလို အဖွဲ့အစည်းလား ဘာလား မေးလာရင် ဖြေပေးလိုက်ကြပါလေ။ ကက်သလစ် အသင်းတော် ဗဟိုဗာတီကန်ဟာ ကက်သလစ် အသင်းတော်ရဲ့ ရဟန်းမင်းကြီး ဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ Holy See လို့လည်း ခေါ်တယ်။ Vatican ဟာ နိုင်ငံဖြစ်ပါတယ်။ Vatican နိုင်ငံတော် ခေါင်းဆောင်က Pope ဖြစ်ပါတယ်။ Vatican နိုင်ငံအတွင်း အုပ်ချုပ်မှု အသေးစိတ်အတွက် Secretary of the…

ဇွန်လ(၂၈) #ရှင်ပြန်ထမြောက်ပြီးသောယေဇူး၏ရွှေနှလုံးတော်။

ဇွန်လ(၂၈) #ရှင်ပြန်ထမြောက်ပြီးသောယေဇူး၏ရွှေနှလုံးတော်။ ငါ့သား၊ ငါသည်ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်ဘုံသို့မတက်ကြွမှီ အချိန်ကာလအတွင်းမှာ ငါချစ် မြတ်နိုးတော်မူသော သူတို့အားလည်းကောင်း၊ ဆင်းရဲဒုက္ခဟူသမျှကိုငါနှင့်ပေါင်းစပ်၍ ခံထမ်းသောသူတို့အားလည်း ကောင်း နှစ်သိမ့်ခြင်းကိုအမြဲပေးတတ်သော အရှင်ဖြစ်တော်မူသည့်အတိုင်း နှစ်သိမ့်ခြင်းကိုပေးခဲ့၏။ ငါ၏မယ်တော်အားလည်း အင်အားနှင့်လိုအပ်သောအကူအညီများကိုငါဖြည့်တင်းပေးခဲ့၏။ ငါ၏မယ်တော် သည်ငါနှင့်ရှိနေသည်ဖြစ်၍ ဝမ်းမြောက်ရွှင်လန်းခြင်းနှင့် စုံလင်သောငြိမ်သက်ခြင်းကို အမြဲခံစားရ၏။ ပေထရူးသည် လည်းငါ့ထံတော်မှ အပြစ်လွှတ်ခွင့်ချမ်းသာကို တောင်းပန်ပြီးမှ နောက်တော်သို့ရဲရင့်စွာလိုက်၍ ငါ့အပေါ်မှာကိုးစား အားထားပါမည့်အကြောင်းကို ထပ်မံဝန်ခံခဲ့၏။ မာဒလေနားသည်လည်းရာဘော်နီဟူသောစကားတစ်ခွန်းဖြင့် မိမိ ရှာဖွေသောသူဖြစ်ကြောင်း သက်သေပြခဲ့၏။ သူ၏ဝိညာဉ်၌ စုံလင်သော ဝမ်းမြောက်ဝမ်းသာခြင်းဖြစ်ရောက်စေရန် ကား၊ ငါ၏နှုတ်မှထွက်သောစကားတစ်ခွန်းမျှသာလိုခဲ့၏။ ငါရှင်ပြန်တော်မူကြောင်းကို အယုံအကြည်မရှိသော…