rvamyanmar

rvamyanmar

ဇွန်လ(၁၄) #ယေဇူးရွှေနှလုံးတော်နှင့်_ရန္တာများ၏နှလုံးများ။

ဇွန်လ(၁၄) #ယေဇူးရွှေနှလုံးတော်နှင့်_ရန္တာများ၏နှလုံးများ။ ငါ့သား၊ အီစရာအဲလ်လူမျိုးတို့သည် ကန္တာရ၌လှည့်လည်သွားလာနေကြသောအခါ ငါသည်မီးရှုးတိုင်များဖြင့် သူတို့အားလမ်းပြခဲ့၏။ ထို့နည်းတူ ငါ၏နှလုံးတော်သည် ရဟန္တာများလျှောက်ရာလမ်းကိုထွန်းလင်းစေသောအထိမ်း အမှတ်ဖြစ်စေသတည်း။ ကောင်းကင်ကြယ်တာရာရာများသို့အရောက်သွားရန် မဖြစ်နိုင်သော်လည်း သန့်ရှင်းစင်ကြယ်ခြင်းအဖြစ်သို့ ရောက်ရန်ကားမဖြစ်နိုင်ဟု မထင်လေနှင့်။ ရဟန္တာများသည်မွေးဖွားစဉ်ကပင် ရဟန္တာများအဖြစ်နှင့်မွေးဖွားလာကြ သည်မဟုတ်ပါ။ သို့သော်ဤသူတို့သည် ငါ၏နှလုံးတော်နှင့် နီးကပ်စွာနေ၍ ငါ၏ပြုမူကျင့်ကြံပုံများကို အတုယူခြင်း အားဖြင့် တဖြည်းဖြည်းစုံလင်ခြင်းအဖြစ်သို့ရောက်ကြလေသည်။ ရဟန္တာတို့တွင် အများတို့သည် ဤလောက၌ အ သက်ရှင်စဉ်ကာလ တန်ခိုးများကိုပြုလုပ်နိုင်ခဲ့ကြသည် မဟုတ်ပါ။ ထိုမျှမက သူတို့နှင့်အတူသွားလာနေထိုင်သော သူတို့ပင် သူတို့၏သန့်ရှင်းစင်ကြယ်ခြင်းကို သတိမမူမိကြပေ။ ရဟန္တာမထရေဇားကလေးသည် အသက်ရှင်စဉ်အ တွင်း ရဟန္တာတစ်ဦးဖြစ်ကြောင်းကိုသူနှင့်အတူနေထိုင်ကြသော စစ္စတာရ်များတွင်တစ်ဦးတစ်ယောက်မျှပင်…

ဇွန်လ(၁၃)#သခင်ယေဇူးရွှေနှလုံးတော်နှင့်_အပြစ်ရှိသူများ၏နှလုံးများ။

ဇွန်လ(၁၃)#သခင်ယေဇူးရွှေနှလုံးတော်နှင့်_အပြစ်ရှိသူများ၏နှလုံးများ။ ငါ့သား၊ စားပွဲသောက်ပွဲကြီးပြင်ဆင်ခင်းကျင်းထားလျက်ရှိသော စီမုန်၏အိမ်သို့ငါနှင့်အတူ လိုက်ခဲ့ပါလော။ ဖိတ်ကြားခြင်းးခံရသော ဧည့်သည်များသည် မိမိတို့နေရာများ၌ထိုင်ကြသောအခါ၊ ဖိတ်ကြားခြင်းခံရသောဧည့်သည် များသည် မိမိတို့နေရာများ၌ထိုင်ကြသောအခါ ဖိတ်ကြားခြင်းမခံရသောမေရီမာဒလင်းသည် ဝင်လာလေ၏။ သူ သည် တပါးသူ၏ကဲ့ရဲ့သရော်ပြုခြင်းများကိုအမှုမထားပဲ ငါ၏ခြေတော်ရင်း၌ ဒူးထောက်၍ငါ၏ခြေကို မိမိ၏မျက်ရည် နှင့် ဆေးကြောပြီးလျှင် မိမိ၏လှပသောဆံပင်နှင့်သုတ်လေ၏။ သူ၏နှလုံးသည် လွန်ခဲ့သည့်အပြစ်များအတွက် ရှက် ကြောက်ဝမ်းနည်ခြင်းနှင့်ပြည့်နေ၏။ လူ၏အတွင်းစိတ်ကိုထိုးထွင်းသိမြင်တော်မူသောငါကား၊ သူ့ဘက်မှကာကွယ် ၍ သူ့အား သင်သည်များစွာချစ်၍များစွာသောအပြစ်လွှတ်လေပြီဟုပြောလေ၏။ ထိုစကားကြောင့် အပြစ်ရှိသူ၏ နှလုံးသည် ရဟန္တာအဖြစ်သို့ပြောင်းလဲသွားတော့၏။ အကြောင်းမူကားမေရီမာဒလင်းသည် အပြစ်အားဖြင့်ငါ၏ ရွှေနှ လုံးတော်ကိုနာကျင်အောင်နောက်ထပ်မပြုတော့ချေ။ ငါ့ကိုချစ်သော အခြားတစ်ဦးရှိသေး၏။…

ဖာသာရ် ရစ်ချက်လှမင်းဦ အလွန်သန့်ရှင်းစဉ်ကြယ်သော ယေဇူး၏ရွှေနှလုံးတော် ပွဲနေ့ကြီး တနင်္ဂနွေနေ့ ဩဝါဒ ဇွန်လ ၁၃၊၂၀၂၁

ဇွန်လ (၁၂)#တစ်ကိုယ်တည်းဆိတ်ငြိမ်ညိုးငယ်စွာနေရသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ (၁၂)#တစ်ကိုယ်တည်းဆိတ်ငြိမ်ညိုးငယ်စွာနေရသောယေဇူး_ရွှေနှလုံးတော်။ ငါ့သား၊ မည်သည်မျှငါ၏နှလုံးတော်လောက်ဆိတ်ငြိမ်ညှိုးငယ်သည်ဟူ၍မရှိ။ အကြောင်းမူကား သခင်ဘုရား ၏ ညှိုးငယ်ခြင်းနက်နဲရာကို လူတို့တွင် မည်သူတစ်စုံတစ်ယောက်မျှ တိုင်းထွာ၍မပြနိုင်သောကြောင့်တည်း။ လူသတ္တဝါများ၏ ကြင်နာသနားခြင်းဖြင့် နှစ်သိမ့်ခြင်းမရနိုင်သော ဝမ်းနည်းညှိုးငယ်ခြင်းသည် ဤတသက် တာအတွင်းဖြစ်စမြဲတည်း။ ဤသို့သောဒုက္ခစုံစမ်းခြင်းအချိန်နာရီတို့၌ အင်အားနှင့်နှစ်သိမ့်ခြင်းကိုရရန်၊ ငါ၏ရွှေနှလုံး တော်ထံ အလျှင်အမြန်ပြေးဝင်းခိုလှုံပါလော။ အကြောင်းမူကား သင်ခံထမ်းရသည့် ပြင်းထန်လှစွာသော စိတ္တဒုက္ခ၊ ကာယဒုက္ခများကို ငါကိုယ်တိုင်ခံစားရလေပြီ။ သင်သည် သင်၏အိမ်သူအိမ်သားများ၊ ချစ်မိတ်ဆွေများနှင့် ချစ်မိတ် ဆွေများနှင့် ကွေကွင်းခွဲခွာနေရသည်ဖြစ်အံ့။ ဝမ်းနည်းခြင်းရှိကောင်းရှိပေလိမ့်မည်။ ငါသည် ဤလောက၌ နေထိုင် ရန် ငါ၏အိမ်ဖြစ်သောကောင်းကင်နိုင်ငံတော်ကို ငါစွန့်ပစ်ခဲ့လေပြီ။…

အမိမြန်မာနိုင်ငံအတွက်ဆုတောင်းမေတ္တာ

အမိမြန်မာနိုင်ငံအတွက်ဆုတောင်းမေတ္တာ စကြာ၀ဠာတစ်ခုလုံးကို အံ့ဩဖွယ် ဖန်ဆင်းအုပ်ချုပ်တော်မူသော အိုအဖမြတ်စွာဘုရားသခင်၊ တပည့်တော်တို့၏ အမိမြန်မာနိုင်ငံတော် ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်စေရန် တောင်းလျှောက်ကြပါသည်။ အုပ်ချုပ်သူတို့၏အကြင်နာတရားအားဖြင့်လည်းကောင်း၊ တိုင်းသူပြည်သားအားလုံးတို့၏ ရိုးသားဖြောင့်မတ်ခြင်း အားဖြင့်လည်းကောင်း တပည့်တော်တို့၏ပြည်ထောင်စုကြီးကို စည်းလုံးခြင်းနှင့် တရားမျှတခြင်းတို့၌ တိုးတက်စေတော်မူပါ။ စိတ်ကောင်းနှလုံးကောင်းရှိခြင်းနှင့် မိမိလူမျိုးကို ချစ်မြတ်နိုးသော စိတ်ထားသည် မတူညီသော အယူအဆများ၊ အထင်အမြင် လွဲမှားမှုများနှင့် မုန်းတီးမှုများကို ကျော်လွှားအောင်မြင်နိုင်ကြောင်း တိုင်းသူပြည်သား အားလုံးတို့ကို သိမြင်နားလည်စေတော်မူပါ။ အတူတကွ လက်တွဲနေထိုင်ကြခြင်းဖြင့် ငြိမ်းချမ်းသာယာခြင်းရရှိကြပြီး အစဉ်ဖွံ့ဖြိုးတိုးတက်စေတော်မူပါ။ ကိုယ်တော်ရှင်မှတပါး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ခိုလှုံအားကိုးစရာ မရှိပါသောကြောင့် ငြိမ်းချမ်းသာယာခြင်းကို…

ဇွန်လ (၁၁)#ရက်ရောတော်မူသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ (၁၁)#ရက်ရောတော်မူသောယေဇူး_ရွှေနှလုံးတော်။ ငါ့သား၊ ရက်ရောခြင်းသည် ပေးကမ်းစွန့်ကြဲခြင်း၌သာတည်ရှိသည်မဟုတ်။ သူတပါးအတွက် မိမိကိုယ် ကိုယ်ခြိုးခြံပူဇော်ရခြင်း၌လည်း တည်ရှိသတည်း။ ငါ့ရွှေနှလုံးတော်၏ရက်ရောခြင်းစေတနာသည် ကြးလွန်းလှသဖြင့် လူအပေါင်းတို့၏ကယ်တင်ခြင်းအတွက် ငါ့အသက်ကိုမပူဇော်ရမချင်း ရောင့်ရဲတင်းတိမ်ခြင်းမရှိနိုင်ချေ။ ငါသည်လူအပေါင်းတို့အား ပုံစံတော်ကိုချပြပေးခဲ့၏။ ငါသည်ဤလောက၌ အသက်ရှင်ထင်ရှားရှိနေစဉ်အခါ လူနာများအား ပျောက်ကင်းချမ်းသပေးခဲ့၏။ သေသောသူတို့ကို ရှင်ပြန်စေခဲ့၏။ ထိုသူတို့အားငါ၏ အသင်းတော်ကို လည်းကောင်း၊ ငါ၏စက္ကရမင်တူးများကိုလည်းကောင်း၊ ငါ၏မယ်တော်ကိုလည်းကောင်းပေးခဲ့၏။ လူများကို ကယ် တင်အံ့ငှါ ကာလ်ဝါရီတောင်ပေါ်တွင် နေက်ဆုံးသွေးစက်ထိအေင် ငါ၏ဒဏ်ရာတော်များမှ အဖိုးထိုက်လှသော အ သွေးတော်ကို စီးယိုစေခဲ့၏။ ငါ၏မြင့်မြတ်လှသောနှလုံးတော်သည် ဤမျှနှင့် တင်းတိမ်ရောင့်ရဲခြင်းမရှိသေးသဖြင့် လူခပ်သိမ်းတို့အင်အားနှင့်…