ဇွန်လ(၂၇)#ကရူးစူးတံကျင်နှင့်ဆူးဘောင်တော်။ ငါ့သား၊ သင့်အတွက်ငါခံထမ်းရသမျှကို သင်သည် အမြဲသတိရမှတ်မိစေရန် ငါ၏ရွှေနှလုံးတော်အထက်၌ ခရူးစူးတံကျင်ကိုစိုက်ထူထား၏။ အပြစ်ကြီးထဲသို့ကျရောက်သည့်အခါတိုင်း သင်သည်ခရူးစူး၏ဝန် တိုး၍လေးစေ၏။ ကလ်ဝါရီတောင်ပေါ်သို့ စိတ်အားဖြင့်သွားရောက်ပြီးလျှင် သင်သည် ထာဝရအသက်ရှင်ခြင်းချမ်းသာကိုရစိမ်းသော ငှါနောက်ဆုံးသွေးစက်တိုင်အောင် သင့်အတွက်သွန်းလောင်းလျက်ရှိသောငါ၏ရွှေနှလုံးတော်ကိုစိုက်ကြည့်ပါလော။ ငါ၏ခေါင်းတော်သည် ဆူးဗေါင်းဆောင်းခဲ့ပြီ။ ယနေ့မှာမူကား ငါ၏နှလုံးတော်သည် ဆူးနှင့်တူသောအပြစ် ကလေးများနှင့် ဝန်းရံလျက်ရှိ၏။ ထိုအပြစ်ကိလေးများကို သင်သည်ငယ်သည်ပေါ့သည်ဟူ၍ ယူဆကောင်းယူဆ လိမ့်မည်။ သို့ရာတွင်ထိုအပြစ်ကလေးများတို့သည် ငါ၏ရွှေနှလုံးတော်ကို စူးဝင်ထိုးဖေါက်ကြသတည်း။ သင်၏ပေါ့ လျော့မှုများကြောင့် အပြစ်ကလေး များကိုရှောင်ကြဉ်ရန် သင်သည်ကရုမစိုက်ခဲ့ပါလျှင် ၎င်းတို့သည် တဖြည်းဖြည်း သင့်ကိုငါ့ထံမှ ကွဲလွင့်စေပြီးလျှင် နှောင့်ယှက်ခြင်းကြီးစွာခံရသောအချိန်၌…