rvamyanmar

rvamyanmar

ဘာသာရေးအမေးအဖြေ ကဏ္ဍအပိုင်း (၁၅)

ဘာသာရေးအမေးအဖြေ ကဏ္ဍအပိုင်း (၁၅) ဒီတစ်ပတ်အမေးအဖြေကဏ္ဍ မှာတော့ “ကိုယ်ဝန်ဖျက်ချထားတဲ့ သန္ဓေသားရဲ့ တစ်ရှုးကနေရတဲ့ ဆဲလ်လိုင်းတွေနဲ့ ဖော်စပ်ထားတဲ့ ကိုှဗစ်ကာကွယ်ဆေး ကိုထိုးနှံခြင်းက ကိုယ်ဝန်ဖျက်ချခြင်းအမှုမှာ ပါဝင်နေစေသလား ” ဆိုတဲ့အကြောင်းကို Rev. Fr. Richard Hla Min Oo ကနေဖြေကြားပေးသွားမှာဖြစ်ပါသည်။ ဒီအစီစဉ်ကိုအပတ်စဉ် စနေနေ့ည (၇းဝ၀) အချိန်တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါသည်။ ရိုက်ကူး/တည်းဖြတ် – ပေါလ်

ကာဗွန်ထုတ်လွှတ်မှု လျော့ချပေးကြပါ

 ထိန်းသိမ်းကြစေ သဘာဝအမွေ ” ဒီတစ်ပါတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ ” ကာဗွန်ထုတ်လွှတ်မှု လျော့ချပေးကြပါ ” ခေါင်းစဉ်နဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ တင်ဆက် / တည်းဖြတ် – Wiliam Zaw Naing Oo #rvapastoralcare #CO2 #WorldWarming

ရဟန်း၀တ်ကော်လံ (သို့) ရိုမန်ကော်လံ

ရဟန်း၀တ်ကော်လံ (သို့) ရိုမန်ကော်လံ မေး။ ကက်သလစ်ဘုန်းတော်ကြီးတွေရဲ့လည်ပင်း မှာ ပတ်ဆင်လေ့ရှိတဲ့ နှစ်လက်မခန့်အဖြူပြားကြီးက ဘာလဲမသိလို့ ရှင်းပြပေးပါ။ ဘယ်အချိန်က စတင်၀တ်ဆင်လေ့ရှိကြတယ်ဆိုတဲ့ သမိုင်းလည်း သိပါရစေ။ ဖြေ။ ဟုတ်ကဲ့။ ကက်သလစ်ဘုန်းတော်ကြီးများရဲ့ လည်ပင်းမှာ ပတ်ဆင်လေ့ရှိတဲ့ နှစ်လက်မခန့်အဖြူပြားကြီးကို ရဟန်း၀တ်ကော်လံ (Clerical Collar) ဒါမှမဟုတ် ရိုမန်ကော်လံ (Roman Collar)လို့ ခေါ်ပါတယ်။ ကက်သလစ်အသင်းတော်ထဲမှာ ရှေးခေတ်ကာလမှစပြီး ယနေ့ခေတ်ထိအောင် ရဟန်းအမျိုးစားများနှင့် ၎င်းတို့၏သင်္ကန်း၀တ်ရုံများလည်း တိုးတက်ပြောင်းလာခဲ့တာတွေ ရှိပါတယ်။ အဲဒီတိုးတက်ပြောင်းလဲမှုတွေနဲ့အတူ အခုလို ၀တ်စားဆင်ယင်မှုလည်း ပြောင်းလဲလာခဲ့တာ ရှိပါတယ်။…

တန်ဆေးလွန်ဘေး

အာလုံးဘဲမင်္ဂလာပါ အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်ရှင်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့”တန်ဆေးလွန်ဘေး”  ဆိုတဲ့ခေါင်းစဥ်လေးဘဲဖြစ်ပါတယ်ရှင်။ သော်တရှင်များရှင် -တန်ဆေးလွန်ဘေး ဆိုတဲ့စကားပုံမှာ ရှေးလူကြီးပညာရှိများ၏အမြော်အမြင်ကြီးစွာနဲ့ထားရှိခဲ့တဲ့ဆိုရိုးစကားတစ်ရပ်ဖြစ်ပါတယ်။လူလောကကြီးမှာလူတိုင်းသူတိုင်းဘေးအန္တရာယ်တို့နဲ့၀ိုင်ရံလျှက်ရှိကြပါတယ်။ဒါကြောင့်မို့အရာရာတိုင်းကိုနှိုင်းနှိုင်းချိန်ချိန်သုခမိန်ဆိုတဲ့သောစကားအရဘေးအန္တရာယ်မကျရောက်မီနှင့်မတွေ့ရှိရအောင်လုံလ၀ိရိယဖြင့်ရှောင်ရှားနိုင်စွမ်းရှိရမှာဖြစ် ပါတယ်။ဒါပေမဲ့တချို့လူတွေကတော့နှိုင်းဆတွေဆတဲ့ဥာဏ်ကိုမသုံးဘဲအရာရာမှာတဖက်စွန်းရောက်ပြုလုပ် တက်လိုဆင်းရဲဒုက္ခရောက်တက်သူတွေရှိသလို၊အရာရာကို‌‌‌‌ေ၀ဖန်ပိုင်းခြားသုံးသပ်ပြီးတော့နေထိုင်တဲ့သူတွေ လည်းရှိကြပါတယ်။ သော်တရှင်များရှင် -ဥပမာပြောရမယ်ဆိုရင် ပစ္စည်းဥစ္စာရှာဖွေခြင်း၊ အလှအပကိုရှေ့တန်းတင်ခြင်း၊အရက်သေစာသောက်သုံးခြင်း၊ စီကရက်သောက်သုံးခြင်း၊ကွမ်း၊ဆေးလိပ်၊ခိုင်နီတွေစသည့် မူးယစ်စေတဲ့အရာတွေဟာလူတွေရဲ့စိတ်မကောင်းရာဘက်သို့ယိမ်းယိုင် စေတဲ့အရာတွေပေါ့။ဒါအပြင် မိသားစုတိုင်းမှာလည်းစာ၀တ်နေရေးအဆင်ပြေစေရန်အတွက်ဥစ္စာရှာဖွေရတယ်၊နေစရာအိမ်မြေရာရှိဖို့၊ရန်နှင့် သန့်ရှင်းသပ်ရပ်စွာအခွင့်အခါကိုလိုက်ပြီး၀တ်ဖို့အ၀တ်အထည့်၊လက်၀တ်ရတနာရရှိဖို့၊အာဟာရပြည့်ပြည့်၀၀မှန်မှန်ကန်ကန်စားသောက်နိုင်ဖို့စသည့်တို့ရရှိဖို့ရန်အတွက်စုဆောင်းရ၊ရှာဖွေရပါတယ်။အထက်ဖေါ်ပြခဲ့တဲ့အရာ တွေရရှိဖို့ရန်အတွက်မိမိတို့ဟာရိုသားဖြောင့်မတ်ခြင်းစိတ်နဲ့ပစ္စည်းဥစ္စာများကိုရှာဖွေဖို့လိုပါတယ်။မိမိစုဆောင်း ထားတာ‌တွေပြည့်စုံလုံလောက်ပြီးဆိုရင် မိမိတို့ပြုလုပ်မဲ့စီးပွားရှာဖွေရေးကို မှန်ကန်စွာနဲ့တိုးတက်အောင် လုပ်တက်ဖို့ကအရေးကြီးလှပါတယ်။ တချို့ကျတော့လည်းပိုရလေ၊လိုလေ၊ပို၍လောဘက်တက်ပြီးတော့ ရိုသားတာ၊မရိုသားတာ၊တရားဥပဒေနဲ့ငြိစွန်တာ၊မငြိစွန်တာတွေမရွေးချယ်နိုင်၊မနှိုင်းချိန်တော့ပဲ နောက်ဆုံးမှာဥစ္စာကြေးငွေနောက်တကောက်ကောက်ပြေးလိုက်ရင်နဲ့သိက္ခာကျဆုံးခြင်းတွေ၊အသက်ဆုံးရခြင်း တွေနဲ့ ရင်ဆိုင်နေရတဲ့သူတွေလည်းရှိနေကြတာအမှန်ပါ။အသောမတက်နိုင်တဲ့လောဘကြောင့် ပျက်စီးကြရတာဖြစ်ပါတယ်။ သော်တရှင်များတို့   -ဒါတွေမကသေးပါဘူး အရက်သေစာသောက်သုံးခြင်း ၊စသည့်လူကိုမူးယစ်ဆေးတဲ့မူးယစ်ဆေး၀ါသုံးစွဲခြးင်း ကလည်းလူကိုဘာအကျိုးမှာမပေးတဲ့အပြင် ကျန်းမာရေးတွေပါထိခိုက်စေပါတယ်။၊နောက်ဆက်တွဲဖြစ်တဲ့၊စီးပွားရေးပါထိခိုက်လာရုံမက ဘဲ၊နောက်ဆုံးရောဂါရအသက်ပါဆုံးရှုံးကြရတာဖြစ်ပါတယ်။ဒါတွေဟာလူကိုဒုက္ခပေးမှန်သိရက်နဲ့လူတွေဟာမဆင်မခြေမပြုပြင်ဘဲဆက်ပြီးမိုက်ရူးရဲဆန့်စွာဖြင့်ဆက်လုပ်နေကြတယ်။မကောင်းဒုစရိုက်နွံထဲမှာဘဲပျော်နေကြတယ်။ရုန်းမထွက်ကြဘူး။သူတို့အတွက်တော့သနားစရာပေါ့။တန်ဆေးလွန်ဘေးဆိုတာမသိ၊သတိမရှိကြသူတွေ ပေါ့။ခု‌ခတ်လူငယ်အမျိုးသမီးတွေလည်း-အလှအပကိုဦးစားပေးတက်ကြတာတွေ့ရတယ်။မိမိနဲ့လိုက်ဖက်မှန်မသိ ဆင်မြန်းကြတယ်။လိုတာထက်ပိုတာတွေတွေ့ရတယ်။တခါတလေမှာပြင်လွန်တော့နဂိုမူလရှိတဲ့အလှတွေတောင်ပျောက်ကွယ်သွားတက်ပါတယ်။ပြင်ဆင်ရာမှာလည်းဘောင်မလွန်ဖို့အရေးကြီးပြန်ပါတယ်။နဂိုရှိမှနကိုင်းထွက်ဆိုတဲ့စကားပုံအတိုင်းနဂိုရှိတဲ့အလှကိုပြင်ဆင်တက်မှာသာလျှင်ပိုမို၍လှပတင့်တယ်တဲ့လူငယ်လေးတွေဖြစ်လာမှာ ဖြစ်ပါတယ်။လူတွေရဲ့အလှအပဟာ…

စိန်မာဂရက် Bourgeoys

ဇန္နာဝါရီလ (၁၂) ရက်နေ့ ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် စိန်မာဂရက် Bourgeoys စိန်မာဂရက်အား (၁၆၂၀) ဧပြီ (၁၇) ရက်နေ့တွင်၊ ပြင် သစ်နိုင်ငံ၊ Troyes ၌မွေးဖွားသန့်စင်ခဲ့သည်။ သူ၏မိဘနှစ်ပါးသည် ဥရောပနိုင်ငံသားများဖြစ်သော်လည်းသူသည်အမေရိကန်နိုင်ငံတွင်မွေးဖွားကြီးပြင်းခဲ့သူဖြစ် သည်။ ဘုရားသခင်၏ကောင်းမြတ်ခြင်း ကိုလုံးဝ သက်ဝင်ယုံကြည်သူဖြစ်သောကြောင့်သူဖော်ဆောင်လိုသော၊ လုပ် သင့်သော၊ ခေတ်ကာလ၏လိုအပ်ချက်လည်းဖြစ်သောလုပ်ရပ်များကို မဆုတ်မနစ်သောလုံ့လဖြင့်လုပ်ဆောင်ခဲ့ခြင်းကြောင့်ကနေဒါနိုင် ငံအနေဖြင့်အကျိုးအမြတ်များစွာကိုခံစားခဲ့ရသည်။ သူသည်လည်းမိသားစုဝင်များသောမိသားစုမှဖြစ်သည်။ ညီ အစ်ကိုမောင်နှမ (၁၂) ဦးအနက် (၆) ဦးမြောက်ဖြစ်ပြီး၊ အသက် (၂၀) တွင်သူတော်စင်တစ်ပါးအနေဖြင့်ဘုရားကိုအစေခံရန်ခေါ်ဆောင်ခံရသည်ဟုစေ့ ဆော်ခံရသောကြောင့်ကာလ်မယ်လိုက်နှင့်နွမ်း ပါးစွာကျင့်ကြံ အားထုတ်သောစိန်ကလဲရသေ့သီလရှင်အသင်းနှစ်သင်းသို့ဝင်လို သူလျှောက်လွှာကိုပေးပို့တောင်းဆိုခဲ့သည်။…

2021အတွက်ရည်မှန်းချက်တွေချမှတ်ခြင်းနှင့်စိတ်ကောင်းရှိသူတွေမှာတွေ့ရတတ်တဲ့အချက်များ

ဒီကနေ့မှာတော့၂၀၂၁အတွက်ရည်မှန်းချက်တွေချမှတ်ခြင်းနှင့်စိတ်ကောင်းရှိတဲ့သူတွေမှာတွေ့ရတတ်တဲ့အချက်လေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်။အခုဆိုရင်၂၀၂၁နှစ်ဆန်းပြီးဖြစ်ပါတယ် ဒီအချိန်မှာကျမတို့အတွက်ရည်းမှန်းချက်တွေချမှတ်ဖို့ရန်အခါအခွင့်သင့်ပါတယ်။လူအများစုကတော့ရည်မှန်းချက်တွေချမှတ်ဖို့ယုံကြည်မှုမရှိကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့သံဓိဌာန်တွေရည်မှန်းချက်တွေချမှတ်တာဟာဖျောက်ဖျက်ဖို့ဖြစ်လာမှာလို့ပြောကြတာကြောင့်ပါ။

St. Theodosius (စိန့်သီအိုဒိုစစ်) (423-529) (11 January)

St. Theodosius (စိန့်သီအိုဒိုစစ်) (423-529) (11 January) စိန့်သီအိုဒိုစစ်သည် ကာပါဒိုရှားကဖြစ်သည်။ နှစ်ပေါင်း (၃၀) ရသေ့ဘဝ၌ မင်းသုံးပါးလိုဏ်ဂူဟုခေါ်သော ဂျေရုဇလင်နှင့် ဗက်သလင်ဟင်ကြားမှာရှိသည့် ရသေ့ကျောင်းတွင် နေရသည်။ ပင်လယ်သေနားတွင်ရှိသော စိန့်ဘာဆဲလ်တည်ထောင်ခဲ့သည့် ရသေ့ကျောင်းသို့သူသည် ပြောင်းရွေ့ရသည်။ နောက်လိုက်တပည့်များသည် သူ၏စင်ကြယ်ခြင်းကို အထူးလေးစားလျှက် အတုယူကြသည်။ နှစ်အတန်ကြာသော် မြို့ငယ်တစ်မြို့လောက်ဖြစ်လာသည်။ လူနာများအတွက် ဆေးရုံ(၅)ခု၊ မသန်မစွမ်းသူများ ခိုကိုးရာနေရာ၊ စိတ်ရောဂါဝေဒနာရှင်များအား ကြည့်ရှုရာနေရာများကို ရသေ့များကပြုစုခဲ့ကြသည်။ ယုဒပြည်ဖြစ်သည့်အတွက် ဘာသာစကားအလိုက် ကျောင်း(၄)ကျောင်းဖြင့် တည်ထောင်ဖွဲ့စည်းသည်။ ဂရိတ်ကျောင်း၊ အာမေးနီးယားကျောင်း၊ အာရပ်စကားပြောသောကျောင်းနှင့်…

တန်ဖိုးတစ်ခုထားစေချင်

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာတော့ ” တန်ဖိုးတစ်ခုထားစေချင် ” ဆိုတဲ့ခေါင်းစဉ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ Camera – Pinky တင်ဆက်/တည်းဖြတ် – William Zaw Naing Oo Photo Credit : Google Images #rvapastoralcare #Bird #Nature

အရောင်စုံလှပနေတဲ့ခရစ်တော်ရဲ့အစေခံများ

Friday, January 08, 2021 အရောင်စုံလှပနေတဲ့ခရစ်တော်ရဲ့အစေခံများ                ♻️ချစ်ခြင်းမေတ္တာကြီးမားတဲ့ မိသားစုကြီးမှာ နေထိုင်ပြီးအဓိပ္ပာယ်ပြည့်ဝတဲ့ ဘဝနဲ့ နေထိုင်အမှုတော်ဆောင်ကြတဲ့ ကျွန်ုပ်တို့ သူတော်စင်ဘောင် ဝင်သူတွေ ၀မ်းမြောက် ပျော်ရွှင်နေကြတာ တွေ့ရပါတယ်။               ♻️အမြဲတမ်းပဲ ပျော်ရွှင်သလားဆိုတော့ ကျွန်ုပ်တို့ အဖွဲ့အစည်းနဲ့ နေတဲ့အခါ မတူညီတဲ့ ရိုးရာဓလေ့၊ ဘာသာစကား အမျိုးမျိုးပြောဆိုကြတဲ့သူတွေ ဆိုတော့ တစ်ခါတစ်လေ နားလည်မှုလွဲ- အမြင်မှားတတ်တာလည်း သိပ်မဆန်းပါဘူး။ ကျွန်ုပ်တို့လည်း လူသားပေမို့ အမှားနဲ့ မကင်းကြပေမယ့် ဘုရားရှင်ရဲ့တရားရိပ်အောက်မှာ နှိမ့်ချတတ်တဲ့ စိတ်နှလုံးနဲ့ လဲကျ-…