rvamyanmar

rvamyanmar

ဖာသာရ် Peter ကြည်မောင်(မန္တလေးကက်သလစ်ဂိုဏ်ချုပ်သာနာ) (၃၃)ကြိမ်မြောက်သာမန်ကာလ မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့ ၁၉၊ ၁၁၊ ၂၀၂၅

၁၉ ၁၁ ၂၀၂၅ ရှင်လုကာ ၁၉း၁၁-၂၈ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ ရှင်လုကာ ဧဝံ‌ဂေလိကျမ်း ၁၉:၁၁-၂၈ မှာ သခင်ခရစ်တော်သည်၊ အခွန်ခံဇာခေဦး၏ နေအိမ်မှအစားအစာသုံးဆောင်ပြီး ဂျေရုစလင်မြို့သို့ခရီးဆက်စင်း လမ်းခရီး၌ ဤပုံဥမာကိုဝေမျှခဲ့ခြင်းဖြစ်ပါသည်။ ဤပုံဥပမာကိုမွက်ကြားရခြင်းအကြောင်းက သခင်ခရစ်တော်သည် ဂျေရုဆလင်မြို့သို့ရောက်တော့မည်၊ သူနောက်မှလိုက်လာသောလူအုပ်ကြီးသည် သခင်ခရစ်တော်အား အီဇရာအဲရလူမျိုးတို့အတွက် နိုင်ငံအသစ်ကို နိုင်ငံရေးအရစစ်ရေးအရအနိုင်ယူအုပ်စိုးမည်သူဟုမျှော်လင့်နေကြသောကြောင့် ဤပုံဥပမာကိုမွက်ကြားခဲ့ခြင်းဖြစ်တယ်။သခင်ခရစ်တော်ပြောကြားတဲ့ပုံဥပမာလေးက ဘုရင်အရိုက်ရာကိုခံယူ၍ ပြန်လာရန်ဝေးလံသောတိုင်းပြည်တစ်ပြည်သို့ထွက်သွားသောမင်းသားတစ်ပါးကြောင့်းသူထွက်မသွားခင်မှာသူ့ရဲ့အစေခံကျွန်တို့ကိုခေါ်ပြီးတော့ဒင်္ဂါးဆယ်ပြားကိုပေးပြီးငါပြန်လာသည့်တိုင်အောင်ကုန်သွယ်ကြလောဟုသူတို့အားဆို၏။ရှင်ဘုရင်အရိုက်အရာကိုခံယူပြီးပြန်လာသောရှင်ဘုရင်က သူ၏အစေခံ ကျွန်များ မိမိပေးအပ်ခဲ့သည့်ငွေများကိုမည်သို့အသုံးပြုသည်ကိုသိလို၍မိမိထံသို့စဉ့်ခိုခဲ့လေ၏။ ပထမအစေခံသည်ကားဆယ်ပြားအားနောက်ထပ်ဆယ်ပြားရအောင်ကြိုးစားခဲ့တယ်၊ ဒါကြောင့်ရှင်ဘုရင်ကချီးကျူးပြီးတော့ဂုဏ်ပြုခဲ့တယ်။ ဒုတိယအစေခံကဒင်္ဂါငါးပြားကို နောက်ထပ်ငါးပြားတိုးအောင်၊ လုပ်နိုင်ခဲ့တဲ့အတွက်ဂုဏ်ပြုခြင်းခံရတယ်။ တတိယအစေခံကတော့ သူ့ရဲ့ဒင်းငါးကိုအသုံးမပြုဘဲသိမ်းဆည်းထားခဲ့တဲ့အတွက်ဆိုးယုတ်သောကျွန်အဖြစ်သတ်မှတ်ခြင်းခံရတယ်။ ဒီပုံဥပမာလေးက သခင်ခရစ်တော်သူ့ကိုသူ ရည်ညွှန်းပြောဆိုခြင်းလည်းဖြစ်နိုင်တယ်သခင်ခရစ်တော်…

လူငယ်များသမ္မာကျမ်းစာကိုလွယ်ကူစွာရင်းနှီးနိုင်ရန်လိုဟု ရဟန်းမင်းကြီးမိန့်ကြား။

ရဟန်းမင်းကြီးလေအို (၁၄) သည်ယခုတစ်ပတ်တနလ်ာနေ့ကကက်သလစ်သာသနာတော် ကြီး၏သမ္မာ ကျမ်းစာပညာရှင်များ၏အဖွဲ့၀င်များအားလက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် ဘုရားသခင် ၏နှုတ် တော်ထွက်စကားနှင့်စပ်လျဉ်း၍၄င်းတို့ဆက်ကပ်လုပ်ဆောင်နေသောအမှုတော်မြတ်အတွက်ကျေးဇူးအထူးတင်ကြောင်းမိန့်ကြားခဲ့သည်။  ယခုနှစ်သည်ဗာတီကန်အစည်းအ‌ဝေးကြီးမှထုတ်‌ပြန်ကြေညာခဲ့သော Dei Verbum (ဘု ရားသခင် ၏ နှုတ်တော်ထွက်စကား) စာချွန်တော်ဖြစ်ပြီး ယခုနှစ်သည်နှစ်ပေါင်း (၆၀) ပြည့်သည့်နှစ်ပတ် လည်နှစ် လည်းဖြစ်သည်။  ဗာတီကန်အစည်းအ‌ေ၀းကြီးအနေဖြင့်သမ္မာကျမ်းစာသည်နေရာတိုင်း၌အလွယ် တကူဖတ်ရူနိုင်၊ ချီး မွမ်းနိုင်စေရန်ပြင်းပြသောဆန္ဒ၊ ခံယူချက်နှင့်ဘာသာတူများထံလွယ်ကူမှန်ကန်စွာ ကျမ်းစာရောက် ရှိ သွားနိုင်ရန်ရည်ရွယ်သည့်အကြောင်း၊ စာချွန်တော်၏သွန်သင်ချက် မှာပြတ်သား ကြောင်း၊ ဘုရား သခင်၏နှုတ်တော်ထွက်စကားကိုကျွန်ုပ်တို့သည်ရိုကျိုးခြင်းဖြင့်နာခံရန်၊ ယုံကြည်ခြင်း ၌ကြေညာ ဟော ပြော ရန်၊ ဘာသာတူများအတွက်သမ္မာကျမ်းစာနှင့်ထိတွေ့နိုင်ရန် အလွယ်ကူဆုံးနည်း…

ရဟန်းမင်းကြီးလီယို (၁၄) ဆင်းရဲနွမ်းပါးသူများနှင့်အတူနေ့လည်စာအတူသုံးဆောင်။

ရဟန်းမင်းကြီးပေါလ် (၆) ၏ခမ်းမထဲ၌ဖြစ်ပါသည်။ အီတလီတောင်ပိုင်း၊ နေပယ်နယ်သား တို့၏မြူး ကြွရွှင်ပြနေသောတီးလုံးများကြားနေရပါသည်။ ခမ်းမကြီးအတွင်း၌လည်းဧည့်သည်တော် (၁၃၀၀) တို့ ၏ရယ်မောသံ၊ စကားပြောသံတသောသောနှင့်ပြည့်လျှံကာအသက်၀င်နေပါသည်။ ထိုဧည့်သည်တော် ကြီးများမှာဧ၀ံဂေလိကျမ်းစာထဲမှယေဇူးသခင်၏သွန်သင်ချက်အတိုင်းဆင်းရဲနွမ်းပါးသူ၊ ချို့တဲ့သူ၊ အခြေအ နေမဲ့သူ၊ စွန့်ပစ်ခံရသူ၊ မေ့လျော့ခံထားရသူ၊ ဖယ်ကြင်ခံထားရသူများဖြင့်ကြသည်။ ဤသူတို့ သည်ရဟန်းမင်း ကြီးလေအို (၁၄) နှင့်အတူနေ့လယ်စာသုံးဆောင်ရန် ဖိတ်ကြားခံထားရသူ များဖြစ်ကြ သည်။  နေ့လယ်စာအတွက်တည်ခင်းသောအစားအစာများမှာလွန်စွာရိုးရှင်းပါသည်။ အသားဖြင့်မ ဟုတ်ဘဲ ဟင်းသီးဟင်းရွက်ဖြင့်ပြုလုပ်ထားသောအီတလီအစားအစာလာဆားညှာ (lasagna)၊ ပါးပါးလျှလျှ လှီးထားသောအသားချပ်များ၊နေပယ်ဒေသထွက်သောအသီးအနှံများနှင့်အချိုတည်းရန်ကိက်မုန့်တို့ဖြင့်အ ကုန်အကျနည်းပြီး၊ အရသာလည်းရှိ၊ အာဟာရလည်းဖြစ်သောပုံစံမျိုးကိုပြင်ဆင်ထားသည်။ ထိုခမ်းမထဲ၌ပြင်ဆင်ထားသောစားပွဲတစ်ခု၌ ချစ်ခြင်း၏သာသနာပြုအသင်းမှလူငယ်တစ်ဦး သည်ရင်…

ဘုရားသခင်သည် ကိုယ်တော်၏ သားသမီးအားလုံးအတွက် ငြိမ်းချမ်းရေးကို အလိုရှိသည်။

ပုပ်ရဟန်းမင်းကြီး လီယို (XIV) သည် ခရစ်ယာန်များအပေါ် ခွဲခြားဆက်ဆံမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများ အဆုံးသတ်ရေးအတွက် မေတ္တာရပ်ခံပြီး အကြမ်းဖက်မှုအားလုံး ရပ်စဲရန်နှင့် ယုံကြည်သူများသည် အများအကျိုးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆုတောင်းခဲ့သည်။ တနင်္ဂနွေနေ့ မွန်းတည့်အချိန်တွင် အန်ဂျလုစ် (Angelus) ဆုတောင်းခြင်းကို ဦးဆောင်စဉ် ပုပ်ရဟန်း မင်း ကြီး လီယို (XIV) သည် အကြမ်းဖက်မှုနှင့် စစ်ပွဲ၏ ကြောက်မက်ဖွယ်ရာများကို ခံစားနေရသော လူများ အတွက် စိတ်ရင်းမှန်ဖြင့် မေတ္တာရပ်ခံခဲ့သည်။ ဘုရားဝတ်ပြုရာနေရာများအား တိုက်ခိုက်မှုများကို ရှုတ်ချရင်း ခရစ်ယာန်များအပေါ် ခွဲခြားဆက်ဆံမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို စိတ်မကောင်းဖြစ်မိကြောင်း…

နှိပ်စက်ညှဉ်းပန်းခံရသောခရစ်ယာန်များသည်အမှန်တရား၊တရားမျှတမှုနှင့်မျှော်လင့်ခြင်းတို့၏သက်သေများဖြစ်ကြသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့မရှိနွမ်းပါးသူများနေ့ကို ကျင်းပစဉ် ပုပ်ရဟန်း မင်း ကြီး လီယိုက “သမိုင်း၏ ဒုက္ခများနှင့် နောက်ဆုံးသောကာလကို ဆင်ခြင်သုံးသပ်ရန် ကျွန်ုပ်တို့ကို ဖိတ် ခေါ်နေသည်” သို့သော်လည်း၊ ကမ္ဘာကြီးချုပ်ငြိမ်းမည့် အချိန်၌ ဖြစ်ပေါ်လာမည့် စစ်ပွဲများနှင့် ပုန်ကန် မှု များကို မကြောက်ရန် သခင်ယေဇူးက ကျွန်ုပ်တို့ကို အားပေးနေသည်။ ယေဇူးသခင်၏ သတင်းစကားသည် ယနေ့ခေတ်နှင့် အလွန်သက်ဆိုင်ကြောင်း ကျွန်ုပ်တို့သည် ကံ မကောင်းစွာဖြင့် “လူသန်းပေါင်းများစွာကို နှိပ်စက်နေသော ပဋိပက္ခများ၊ ဘေးအန္တရာယ်များနှင့် နှိပ်စက် ညှဉ်းပန်းမှုများအကြောင်း…

သေခြင်းတရားသည် လူတိုင်းနှင့်သက်ဆိုင်သော သဘာဝတရားဖြစ်သည်။

သေခြင်းတရားသည် လူတိုင်းနှင့်သက်ဆိုင်သော သဘာဝတရားဖြစ်သည်။ အာဗီအေမြန်မာ၊၁၀၊၁၁၊၂၀၂၅။ တင်ဆက်သူ- Fr. Peter Kyi Maung

ရဟန်းမင်းကြီးလီယို (၁၄) ၏ပထမဦးဆုံးစာအုပ်နှင့်ဗွီဒီယိုမှတ်တမ်းမကြာမီဖြန့်ချီမည်။

ရဟန်းမင်းကြီးလေအို (၁၄) သည် ရဟန်းမင်းကြီးအမှုတော်ကိုထမ်းဆောင်ခဲ့သည်မှာ (၆) လ စွန်းခဲ့ပြီ ဖြစ်သည်။ သူသည်စာချွန်တော်တစ်စောင်ကိုလည်းအောက်တိုဘာလ (၉) ရက်နေ့ကထုတ်‌ဝေခဲ့ပြီး ဖြစ် သည်။ ထို့အတူယခုလ နို၀င်ဘာ (၂၁) ရက်နေ့၌လည်းသူ၏ပထမဦးဆုံးစာအုပ်ကိုလည်းထုတ်‌ဝေဖြန့်ချီ တော့မည်ဖြစ်သည်။ ရဟန်းမင်းကြီး၏အတွေးအမြင်များ၊ လုပ်ဆောင်ချက်များ၊ ရပ်တည်ချက်များကို ရှင်း လင်းပြတ်သားစွာဖတ်ရူနိုင်မည်ဖြစ်၍ဘာသာတူများဖတ်ရူသင့်၊ ဆောင်ထားသင့်၊ လက်ဆောင် ပေးရန်လွန် သင့်သောစာအုပ်တစ်အုပ်ဖြစ်မည်ဟုလည်းယုံကြည်ပါသည်။  ထိုစာအုပ်ထဲ၌ ကျွန်ုပ်တို့သည်အကွက်ချ၍မတရားမှုကျူးလွန်ခြင်းကိုလုံး၀သီးမခံနိုင်။ ချမ်းသာသူ များ သည် ဆက်၍ချမ်းသာနေကြသည်။ ဆင်းရဲသူများသည်ဆင်းရဲမြဲဆင်းရနေကြသည်ဟု ရဟန်းမင်းကြီး ကသူ၏ ပုံနှိပ်ထုတ်‌ဝေခြင်းမပြုရသေးသောစာအုပ်၌နိဒါန်းပျိုးထားသည်။ ဤစာအုပ်ကို အီတလီ ဘာသာစကား ဖြင့်‌ရေးသားထားပြီး…