
ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလ (၂၈) ကြိမ်မြောက် တနင်္ဂနွေနေ့ သြဝါဒ ၉၊ ၁၀၊ ၂၀၂၂

အောက်တိုဘာလ (၉) ရက် ၊ (၂၈)ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့ ဒီတစ်ပါတ် တနင်္ဂနွေနေ့ဟာ ဝတ်ပြုကိုးကွယ်ခြင်းနှစ်ရဲ့ ၂၈ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့ပဲဖြစ်ပါတယ်။ ပထမကျမ်းစာမှာ စစ်သူကြီးနာမန်ဟာ ပရောဖက် ဧလိရှဲရဲ့ စကားကို နားထောင်ပြီး ဂျောဒန်မြစ်ထဲမှာ ၇ ကြိမ်တိုင် ရေထဲနှစ်လိုက်တဲ့အခါ နူနာရောဂါဝေဒနာကနေ ပျောက်ကင်းခဲ့ရတယ်ဆိုတဲ့အကြောင်းကို ကြား နာရပါတယ်။ နာမန်က ဒီလို ရောဂါဆိုးကြီးကနေ ပျောက်ကင်းသွားခဲ့တဲ့အတွက် အံ့ဩဝမ်းသာဖြစ်ခဲ့ရ တယ်။ ဘုရားရှင်တစ်ပါးတည်းသာ စစ်မှန်တဲ့ဘုရားဖြစ်ကြောင်း ထုတ်ဖော်ပြောပြီး ကျေးဇူးတင်ရှိခဲ့ပါတယ်။ ဧဝံဂေလိ ကျမ်းစာတော်မြတ်ထဲမှာလည်း သခင် ယေဇူးက နူနာစွဲနေတဲ့ ရောဂါသည်…








