
ပင်လည်ထည်းရှိပလတ်စတစ်များအကြောင်း။

“ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်” မှ ပြန်လည်ကြိုဆိုပါတယ်။ ဒီကနေ့ ကျွန်တော် ပြောပြသွားမယ့် အကြောင်းအရာကတော့ ကျွန်ုပ်တို့ပင်လယ်ထဲမှာ ပလတ်စတစ်တွေဘာကြောင့်များနေရတာလဲ ပြီးတော့ အဲဒီပလတ်စတစ်တွေကဘယ်ကနေ ဘယ်လိုလုပ်ပီးတော့ ရောက်လာရတာလဲ။ ကျွန်တော်တို့ယနေ့ခေတ်မှာ ပင်လယ်ထဲက ပလတ်စတစ်ပြဿနာတွေက ကမ္ဘာကြီးအတွက် စိုးရိမ်စရာပေါင်းစုံ သဘာဝပတ်ဝန်းကျင်ပြဿနာတစ်ခုဖြစ်လာနေပါပြီ။ ပင်လယ်ထဲမှာ ပလတ်စတစ်အမှိုက်တွေကို ဘာကြောင့်ဒီလောက်များနေရတာလဲ၊ ဒီပလတ်စတစ်တွေကကော ဘယ်ကနေလာသလဲဆိုတာကို စဉ်းစားဖူးကြပါသလား။ ပလတ်စတစ်တွေဟာ လူသားတွေရဲ့ လူနေ့စဉ်ဘဝမှာ အသုံးများတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်။ ရေသန့်ဗူးတွေ၊ စားသောက်ကုန်ထုပ်ပိုးမှုတွေ၊ ပလတ်စတစ်အိတ်တွေ၊ ပစ္စည်းတွေဝယ်တဲ့အခါ ကျွန်တော်တို့သုံးတဲ့ပစ္စည်းတွေက ပလတ်စတစ်နဲ့လုပ်ထားတာများပါတယ်။ ဒါပေမဲ့ အဲဒီပလပ်စတစ် တွေကို မှန်ကန်အောင်စွန့်ပစ်ဖို့လိုအပ်ပါတယ်။…







