rvamyanmar

rvamyanmar

“”လူမှုသဟဇာတဖြစ်ခြင်းက ဆင်းရဲသားများအတွက် ကြိုဆိုမှုကိုဖြစ်စေပြီး၊ အစိုးရဝန်ဆောင်မှုများကို လည်း လူတိုင်းလက်လှမ်းမီစေသည်”။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အီတလီသမ္မတနိုင်ငံ၏ ပြည်နယ်အဆင့် အုပ်ချုပ်ရေး အာဏာပိုင် များကို ကိုယ်စားပြုသည့် ပြည်နယ်အုပ်ချုပ်ရေးမှူးများ (Prefects) နှင့် တနင်္လာနေ့တွင် တွေ့ဆုံခဲ့ ပါသည်။ ပုပ်ရဟန်းမင်းကြီး၏ မိန့်ကြားချက်များ “ပဋိပက္ခတွေ၊ နိုင်ငံတကာ တင်းမာမှုတွေ ပြည့်နှက်နေတဲ့ ကျွန်ုပ်တို့ရဲ့ လက်ရှိကာလဟာ ‘ဘုံအကျိုး စီးပွား’ (Common Good) ကို ကာကွယ်စောင့်ရှောက်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာကို သိသာ ထင်ရှားစေပါတယ်။ ဒါဟာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ သက်သက်တင် မဟုတ်ပါဘူး။”

မဒါဂတ်စကာကျွန်းတွင် ဆိုးရွားစွာတိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းသင့်ပြည်သူများအတွက် ပုပ်ရ ဟန်းမင်းကြီး ဆုတောင်းပေး။

အန်ဂျလပ်စ် (Angelus) မေတ္တာဆိုပြီးနောက်၊ ပုပ်ရဟန်းမင်းကြီး လီယိုသည် လူပေါင်း ၁၆,၀၀၀ ခန့် အိုး မဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် မဒါဂတ်စကာနိုင်ငံရှိ ဆက်တိုက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံစား နေရသူများအတွက် ၎င်း၏ ကိုယ်ချင်းစာတရားကို ဖော်ပြခဲ့သည်။ အချိန်တိုအတွင်း ဆိုင်ကလုန်းမုန်တိုင်း နှစ်ကြိမ်တိုင်တိုက်ခတ်မှုကြောင့် ဒုက္ခရောက်နေကြသော မဒါ ဂတ်စကာပြည်သူများအတွက် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့သည်။ “သေဆုံးခဲ့ရသူတွေ၊ သူတို့ရဲ့ မိသား စုဝင်တွေနဲ့ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ရသူ အားလုံးအတွက် ကျွန်ုပ်ဆုတောင်း ပေး နေပါတယ်” ဟု ကိုယ်တော်က မိန့်ကြားခဲ့သည်။…

(၂၇) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်(စ်) မယ်တော်သခင်မဘုရားကျောင်းပွဲကျင်းပ။

(၂၇) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်(စ်) မယ်တော်သခင်မဘုရားကျောင်းပွဲကျင်းပ။ အာဗီအေမြန်မာ၊၁၄၊၂၊၂၀၂၆ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ မိတ္ထီလာဇုံ၊ရမည်းသင်းမြို့၌တည်ရှိသော ဆုတောင်းပြည့် လုဒ်(စ်) မယ်တော်သခင်မ ဘုရားကျောင်းပွဲမစ္ဆားတရားတော်ကို (၁၄.၂.၂၀၂၆) စနေနေ့ နံနက် ၈းဝဝ အချိန်တွင် ဘုန်းတော်ကြီး Fr. Philip Tin Htun မှ ဦးဆောင်ပူဇော်ပေးခဲ့ပြီး ဩဝါဒတရားကို Fr. Saw Justine (SJ) မှမြွက်ကြား ခဲ့ပါသည်။ “ဒီနေ့ဒီမှာဘာသာတူတွေအများကြီးနဲ့တွေ့ရတာဝမ်းသာပါတယ် ကျွန်ုပ်သိသလောက် ဒီမှာက ဘာသာတူ တွေနည်းတယ်လို့ကြားထားတယ်။ ဒါမဲ့အခုလို အချင်းချင်း ကူညီပြီးစည်းစည်းလုံးလုံးနဲ့ ဒီနေ့ပွဲကို…

ကမ္ဘာကြီးက မြန်မာ့အရေးကို မေ့လျော့နေသော်လည်း ဘုရားသခင်ကမူ မေ့လျော့တော်မမူ

မြန်မာနိုင်ငံရှိ ကာဒီနယ် ချားလ်စ်မောင်ဘိုသည် အဆုံးသတ်ရန် အရိပ်အယောင်မရှိသေးသည့် ပြည်တွင်း စစ်ဒဏ်ကို ခံစားနေရပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး အကျပ်အတည်းများ ဆိုက် ရောက်နေကာ လူပေါင်း ၃.၅ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့်အပြင် လူငယ်များစွာ ပြည်ပသို့ တိမ်းရှောင်နေကြရသည့် နိုင်ငံ၏ အခြေအနေကို မီးမောင်းထိုးပြလိုက်ပါသည်။ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက “မြန်မာနိုင်ငံသည် ကုန်ဈေးနှုန်း ကြီး မြင့်မှုနှင့်အတူ စီးပွားရေးအကျပ်အတည်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးမှုကြောင့် ဖြစ် ပေါ်လာသော အကျပ်အတည်း၊…