rvamyanmar

rvamyanmar

ကျွန်တော်တို့ဘုံနေအိမ်ကို အခြေခံကျကျ ပြောင်းလဲခြင်း

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှ ပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ပတ် ကျွန်တော် ပြောပြသွားမယ့် အကြောင်းအရာကတော့ “Laudato Si” စိမ်းလန်းစိုပြေခြင်းဆိုင်ရာ ပညတ်တော်ဆယ်ပါး စာအုပ်ထဲမှ “ကျွန်တော်တို့ဘုံနေအိမ်ကို အခြေခံကျကျ ပြောင်းလဲခြင်း” ဆိုတဲ့ ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ ရဟန်းမင်းကြီး Francis က ကမ္ဘာမြေကြီးကို ကျွန်ုပ်တို့ရဲ့ “ဘုံနေအိမ်” အဖြစ် တင်စားပြီး အသုံးပြုထားပါတယ်။ ကျွန်ုပ်တို့ သက်ရှိလူသားများ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ ကပ်ဘေးမှန်သမျှသည် ကျွန်ုပ်တို့ ဘုံနေအိမ်ရဲ့ ကပ်ဘေးပင်ဖြစ်သည်ဟု ဆိုထားပါတယ်။ ကျွန်ုပ်တို့က…

စပိန်ပြည်တွင်းစစ်အတွင်း ဘာသာရေးကြောင့် အသတ်ခံခဲ့ရသည့် ဂိုဏ်းအုပ်သာသနာပြု ဘုန်းတော် ကြီး ၂၀ ပါးကို သူတော်စင်တင်မြောက်ရန်ပုပ်ရဟန်းမင်းကြီး လီယို(၁၄) အတည်ပြုပေး။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် စပိန်ပြည်တွင်းစစ်အတွင်း ဘာသာရေးကြောင့် အသတ်ခံခဲ့ရသည့် ဂိုဏ်းအုပ်သာသနာပြု ဘုန်းတော်ကြီး ၂၀ ပါးကို သူတော်စင်တင်မြောက်ရန်(Beatification)  အတည်ပြု ပေးခဲ့ပြီး သာသနာပြုလုပ်ငန်း၊ ပရဟိတနှင့် ဘုရားသခင်အပေါ် သစ္စာရှိမှုတို့ကြောင့် ထင်ရှားသည့် ဘုရားသခင်၏ အစေခံ ၅ ဦး၏ သူရဲကောင်းဆန်သော သီလဂုဏ်များကိုလည်း အသိအမှတ်ပြုခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည် စပိန်ကျွန်းစုများဖြစ်သော အိုင်ဘီဇာ (Ibiza) နှင့် ဖော်မန်တဲရာ (Formentera) တို့မှ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ၂၀ ပါး၏ ဘာသာရေးအတွက် အသက်စွန့်ခဲ့မှုကို အသိအမှတ်ပြုသည့်…

ကာဒီနယ် ကာမီလို ရူအီနီ (Cardinal Camillo Ruini) ၏ ဈာပနမစ္ဆားတရားတော်ကို ပုပ် ရဟန်းမင်းကြီး လီယို (၁၄) ဦးဆောင်ပူဇော်။

ပြီးခဲ့သည့်အင်္ဂါနေ့ (ဇွန်လ ၁၆ ရက်) က အသက် ၉၅ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည့် အီတလီနိုင်ငံ သာသနာ အဖွဲ့အစည်း၏ ဆယ်စုနှစ်ပေါင်းများစွာ အဓိကမဏ္ဍိုင်ဖြစ်ခဲ့သူ ကာဒီနယ် ကာမီလို ရူအီနီ (Cardinal Camillo Ruini) ၏ ဈာပနမစ္ဆားတရားတော်ကို ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကြာသပတေး နေ့မွန်းလွဲပိုင်းတွင် စိန့်ပီတာဘုရားကျောင်းတော်ကြီး၌ ဦးဆောင်ကျင်းပခဲ့ပြီး ၎င်းအား “ပညာသတိရှိပြီး လုံ့လဝီရိယရှိသော သိုးထိန်းကြီး” အဖြစ် အောက်မေ့ဂုဏ်ပြုစကား မိန့်ကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီး လီယို (၁၄)…

ရဟန်းမင်းကြီး၏ အပတ်စဥ် ဗုဒ္ဓဟူးနေ့ တိုင်းလူထုပရိသတ်နှင့် တွေ့ဆုံခြင်း မိန့်ခွန်းကောက်နုတ်ချက်။

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့ – ယနေ့ ဘာသာရေးသွန်သင်ချက် (catechesis) တွင် ပြီးခဲ့သည့်အပတ်က စပိန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ကျွန်ုပ်၏ တမာန်တော်ခရီးစဉ် (Apostolic Journey) နှင့်ပတ်သက်၍ သင်တို့နှင့်အတူ အချို့သောအမြင် များကို မျှဝေလိုပါသည်။ ခရီးစဉ်တစ်ခုလုံးတွင် ဘုရားသခင်၏ လူစုတော်က ပြသခဲ့ကြသော ဝမ်း မြောက်ဖွယ်ရာ ယုံကြည်ခြင်း သက်သေခံချက်များနှင့် မေတ္တာတရားများ၊ ထို့ပြင် ကျွန်ုပ်ကို နွေးထွေး လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည့် လူထုပရိသတ်ကြီးကို မြင်တွေ့ရခြင်းဖြင့် ကျွန်ုပ် စိတ်သက်သာ ရာရခဲ့ ပါသည်။…

ကြိုးကိုင်ချယ်လှယ်သူများ၏အထာ

သင့်ကို ကြိုးကိုင်ခြယ်လှယ်ဖို့ မသမာသူတွေ သုံးလေ့ရှိတဲ့ စကားစု (၅) ခု ၁။ “မင်း အရင်ပြောလေ” ဒီစကားက အရမ်း ယဉ်ကျေးပုံရပါတယ်။ ဆွေးနွေးပွဲတွေ၊ စီးပွားရေး စကားပြောတဲ့ အခါတွေနဲ့ သမီးရည်းစား ဆက်ဆံရေးတွေမှာ မကြာခဏ ကြားရတတ်တယ်။ ဒါပေမယ့် ကြိုးကိုင်ခြယ်လှယ်တတ်သူတွေက သင့်ကို အရင်စကားပြောခွင့်ပေးတာဟာ သင့်ရဲ့ အားနည်းချက်တွေကို အရင်ရှာဖွေချင်လို့ပါ။ တကယ်တော့ သူတို့က သင်ပြောတဲ့ အကြောင်းအရာတွေကို နားထောင်ပြီး သင့်ကို ပြန်အသုံးချဖို့ အကွက်ချနေတာ ဖြစ်တယ်။ ကာကွယ်ရန် – ကိုယ့်ရဲ့…