rvamyanmar

rvamyanmar

စစ်မှန်သော ဖြောင့်မတ်ခြင်းအတွက် ကြီးမားသော ချစ်ခြင်းမေတ္တာလိုအပ်သည်။

အပတ်စဥ်တနင်္ဂနွေ နေ့တိုင်း အန်ဂျေလူး (Angelus) ရွတ်ဆိုခြင်းနှင့် ဘာသာတရား သွန်သင် ခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယိုက စစ်မှန်သော ဖြောင့်မတ်ခြင်းအတွက် ကျွန်ုပ်တို့သည် မည်ကဲ့သို့ ကြီးမားစွာ ချစ်ရမည်ကို တနင်္ဂနွေနေ့ တွင် ဖတ်ရှု့ရသည့် ဧဝံဂေလိကျမ်းစာအပေါ် အခြေခံပြီး  ရှင်းလင်း မိန့် ကြားခဲ့ ပါသည်။ “ယေဇူးခရစ်တော်သည် ကျွန်ုပ်တို့အား ဘုရားသခင့် နိုင်ငံတော်၏ သစ်လွင်မှုထဲသို့ဝင်ရောက်ရန် ဖိတ် ခေါ်နေခြင်းဖြစ်သည်” ဓမ္မမင်္ဂလာတရားတော် (Beatitudes) ကို ဟောကြားပြီးနောက် ယေဇူးခရစ်တော်သည် ဘုရားသခင် နှင့်လည်းကောင်း၊ ကျွန်ုပ်တို့၏…

‘သေခြင်းတရားကို အရှိအတိုင်း လက်ခံရှုမြင်ကြပါ’

ပြာခံပွဲ ဗုဒ္ဓဟူးနေ့တွင် ပုပ်ရဟန်းမင်းကြီး၏ မိန့်ကြားချက် – ဝါတွင်းကာလ စတင်ချိန်တွင် ပုပ်ရဟန်းမင်းကြီး လီယို (Pope Leo) က ပြာများသည် “မီးလောင် တောက်လောင်နေသော ကမ္ဘာကြီး၏ အလေးချိန်နှင့် စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော မြို့ကြီးများ” ကို သတိရစေသည်ဟု မိန့်ကြားခဲ့သည်။ ရောမမြို့ရှိ စိန့်ဆာဘီးနား (Saint Sabina) ဘုရားကျောင်းတော်ကြီးတွင် ကျင်းပသော ပြာခံပွဲဗုဒ္ဓဟူးနေ့ မစ္ဆားတရားတော်ကို ဦးဆောင်ပူဇော်ရင်း ပုပ်ရဟန်းမင်းကြီး လီယိုသည် နောင်တရခြင်း၊ အဖွဲ့အစည်းနှင့် သေခြင်းတရားတို့အပေါ် ဆင်ခြင်သုံးသပ် ဟောကြားခဲ့ပါသည်။ ဘုရားကျောင်းသို့…

သာသနာ့အကျိုးဆောင်အဖွဲ့နှင့် ဘဏ္ဍာရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးခြင်းအစည်းအဝေးကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ မန္တလေးမြို့ပေါ်ရှိ သာသနာစီရင်စု (၆)ခုမှ သာသနာ့အကျိုး ဆောင်အဖွဲ့ များနှင့် ဘဏ္ဍာရေးကော်မတီအဖွဲ့တို့၏ပထမဆုံးအကြိမ် တွေဆုံဆွေးနွေးခြင်း အစည်း အဝေးကို ဂိုဏ်းချုပ်ဆရာတော်ကြီး မာကု ဦးတင်ဝင်း၏ လမ်းညွန်မှုဖြင့် (ဖေဖော်ဝါရီလ ၁၆ မှ ၁၇၊ ၂၀၂၆) ရက်နေ့ထိ နှစ်ရက်တာ ကာသီ ဒြယ် ရွှေနှလုံးတော်ဘုရားကျောင်း၌ ဘုန်းတော်ကြီး Fr. John Soe Tin မှဦးဆောင်ပြီး ကျင်းပခဲ့ပါ သည်။ ခုလိုတွေဆုံဆွေးနွေးခြင်းသည် သာသနာတော်အတွက် အလွန်အရေးကြီးကြောင့် ဒီလိုဆွေးနွေးခြင်း အားဖြင့် နည်းလမ်းကောင်း၊ ပုံစံကောင်း…

တရုတ်ကက်သလစ်ဘာသာဝင်မိသားစုများ၏ နှစ်သစ်ကူးကျေးဇူးတင်မစ္ဆားတရားပူဇော်ခြင်း။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ တရုတ်ကက်သလစ်ဘာသာဝင် မိသားစုများ၏ နှစ် သစ်ကူး ကျေးဇူးတင်မစ္ဆားတရားတော်မြတ်ကို စိန့်ဂျိုးဇက်ဘုရားရှိခိုးကျောင်း(လဖုန်း) ၌ (၁၇.၂.၂၀၂၆) နေ့ နံနက် ၆း၁၅ အချိန်တွင် ဆရာတော်ကြီး မာကုဦးတင်ဝင်းမှ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ “ဒီနေ့တရုတ်နှစ်သစ်ကူးနေ့မှာ တရုတ်တိုင်းသူပြည်သားတွေနဲ့ တရုတ်မျိုးနွယ်ဆက်တွေ အတွက် မိမိတို့ လုပ်သမျှ၊ မိမိတို့ရည်မှန်းသမျှ၊ မိမိတို့ကြံစည်သမျှတွေကို ဘုရားရဲ့ကျေးဇူးတော် ဘုရားရဲ့လက်တော် နဲ့ဆောင်မပြီး အောင်မြင်ကြပါစေ။ နောင်နှစ်ပေါင်းများစွာ လည်းမိသားစုတွေ စုံစုံလင်လင်နဲ့ နှစ်သစ် ကူးပွဲဆင်နွှဲနိုင်ကြပါစေလို့ ဆရာတော်ဆုတောင်းပေးပါတယ်ဟု” မစ္ဆားတရားအတွင်းတရုတ်ကက်သ လစ်မိသားစုများအတွက် ဆရာတော်ကြီးမာကု ဦးတင်ဝင်းမှ ဆုတောင်းပေးခဲ့ပါသည်။ နှစ်သစ်ကူးကျေးဇူးတင်မစ္ဆားပူဇော်ခြင်းပြန်လည်ကျင်းပခြင်းနဲ့ပတ်သက်ပြီး…

ဝါတွင်းကာလအတွက် ပုပ်ရဟန်းမင်းကြီး၏ သတင်းစကား။

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့ – ဝါတွင်းကာလဆိုသည်မှာ မိခင်သဖွယ် ဂရုစိုက်စောင့်ရှောက်တတ်သော အသင်းတော်၏ လမ်းညွှန် မှုဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို အသစ်တဖန် ပြုပြင်ရန်နှင့် နေ့စဉ်ဘဝ၏ စိုးရိမ်ပူပန်မှုများ၊ စိတ်ပျံ့လွင့် မှုများကြားတွင်ကျွန်ုပ်တို့၏ စိတ်နှလုံးများ နစ်မွန်းမသွားစေရန်အတွက် ဘုရားသခင်၏ နက်နဲရာကို ကျွန်ုပ်တို့ဘဝ၏ ဗဟိုချက်သို့ ပြန်လည်ပို့ဆောင်ရန် ဖိတ်ခေါ်သော အချိန်ကာလဖြစ်ပါသည်။ နောင်တရပြောင်းလဲခြင်းသို့ ဦးတည်သော လမ်းစဉ်တိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မိမိတို့၏ စိတ်နှလုံးအား ထိတွေ့ခွင့်ပြုခြင်းနှင့် ထိုနှုတ်ကပတ်တော်ကို နူးညံ့သိမ်မွေ့သော စိတ်ဝိညာဉ်ဖြင့် ကြိုဆိုလက်ခံခြင်းမှ စတင်ပါသည်။…