
မင်္ဂလာတရားတော်များသည်ပျော်ရွှင်ခြင်း၏အတိုင်းအတာတစ်ခုဖြစ်လာခြင်း။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် တနင်္ဂနွေနေ့ အန်းဂျေးလု့စ် (Angelus) မေတ္တာဆိုခြင်းတွင် “မင်္ဂလာ တရားတော်” (Beatitudes) များသည် ရှေးဟောင်းကျမ်းချက်များသာမဟုတ်ဘဲ သမိုင်း၏အမှောင်ထုကို လင်းလက်စေပြီး လောကီအောင်မြင်မှုများအတွက် အစွန်းရောက်လှသော အခြားရွေးချယ် စရာတစ်ခု ဖြစ်သည့် “ပျော်ရွှင်ခြင်း၏ အတိုင်းအတာ” တစ်ခုဖြစ်ကြောင်း တင်ပြခဲ့ပါသည်။ ဘုရားသခင်၏ မျှော်လင့်ချက်။ “လောကကြီးက မျှော်လင့်ချက်မရှိသူများအဖြစ် စွန့်ပစ်ထားသူများကို ဘုရားသခင်သည် အထူးသဖြင့် မျှော်လင့်ချက် ပေးတော်မူ၏။” မင်္ဂလာတရားတော်၏ သဘာဝ။ “ဤအရာတို့သည် အမှန်စင်စစ်အားဖြင့် သမိုင်း၏ အမှောင်ထုထဲတွင် သခင်ဘုရား…





