rvamyanmar

rvamyanmar

အသက်မပြည့်သေးသူများကို ကာကွယ်စောင့်ရှောက်ခြင်းသည် အသင်းတော်အတွက် ‘မိန့်မှာချက် တစ် ရပ်ဖြစ်သည်။

ရဟန်းမင်းကြီး လီယို ၁၄ အသက်မပြည့်သေးသူများကို ကာကွယ်စောင့်ရှောက်ရေးအပေါ် အဓိကထား လုပ်ဆောင်နေသည့် လက်တင်အမေရိကအဖွဲ့အစည်းတစ်ခုမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။ ထို သို့တွေ့ဆုံရာတွင် ဤကဲ့သို့ ကာကွယ်စောင့်ရှောက်ခြင်းသည် “အသင်းတော်အတွင်းရှိ လူတိုင်းအတွက် မိန့်မှာချက်တစ်ရပ်ဖြစ်ကြောင်း” မိန့်ကြားခဲ့ပါသည်။ ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်များ လိုအပ်ခြင်း�အလွဲသုံးစားပြုမှု၏ သက်ရောက်မှု – ရဟန်းမင်း ကြီး လီယိုက ခရစ်တော်နှင့် တွေ့ဆုံခြင်းသည် မေတ္တာနှင့် လွတ်လပ်မှုကို ဆောင်ကြဉ်းပေးသော်လည်း၊ အလွဲသုံးစားပြုမှုများသည် လူသားတစ်ဦး၏ လူမှုရေးနှင့် ဝိညာဉ်ရေးရာ ဖွံ့ဖြိုးတိုးတက်မှုကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေသည့် ကြီးမားသော စိတ်ဒဏ်ရာများကို…

ရာသီဥတုအကျပ်အတည်းသည် လူမှုစီးပွားအကျပ်အတည်း၏ ပြသမှုတစ်ခုဖြစ်ခြင်း။

၂၀၂၆ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် ဩစတြီးယား ကမ္ဘာ့ထိပ် သီး အ စည်းအဝေး (Tenth Austrian World Summit) သို့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ခုမြောက် ပေးပို့ ခဲ့သော ဗီဒီယိုသဝဏ်လွှာ အကျဉ်းချုပ် ယုံကြည်ခြင်းက သက်ရှိများနှင့် သဘာဝတရားကို ကာကွယ်ရန် ကူညီပေးခြင်း မျှော်လင့်ချက်သည် အားကောင်းသော တွန်းအားတစ်ခုဖြစ်ခြင်း မေတ္တာတရား၏ ယဉ်ကျေးမှုကို တည်ဆောက်ခြင်း Fr. Peter Kyi…

«သက်တမ်းတစ်လျှောက် တန်ဖိုးထားအပ်သောနေ့» အတွက် ပုပ် ရဟန်းမင်းကြီး၏ သဝဏ်လွှာ။

၂၀၂၆ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ကျရောက်သည့် «သက်တမ်းတစ်လျှောက် တန်ဖိုးထားအပ်သောနေ့» (Day for Life)အတွက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) ၏ သဝဏ်လွှာအကျဉ်းချုပ်မှာ • ဝမ်းနည်းပူဆွေးနေရသူများအား နှစ်သိမ့်ခြင်းနှင့် ပံ့ပိုးကူညီခြင်း။ ။ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် သားသမီး (အထူးသဖြင့် ရင်ခွင်ပိုက်အရွယ် ကလေးငယ်များ) ဆုံးရှုံးလိုက်ရသဖြင့် ဝမ်း နည်းပူဆွေးနေကြရသော မိဘများအတွက် ဆုတောင်းပေးလျက်ရှိကြောင်းနှင့် စိတ်ပိုင်းဆိုင် ရာ အရ…

မည်သည့်အသက်အရွယ်တွင်မဆို ဘုရားသခင်၏ ချစ်လှစွာသော သားသမီးများဖြစ်ကြသည်။

အထူးသဖြင့် ဖျားနာမှုများနှင့် ရင်ဆိုင်ရချိန်တွင် သက်ကြီးရွယ်အို အများအပြား ခံစားရလေ့ရှိသည့် အထီးကျန်ဆန်မှုနှင့် အမေ့လျော့ခံရခြင်း၏ နာကျင်ဖွယ်ရာ လက်တွေ့ဘဝကို ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောကြားခဲ့သည်။ ကမ္ဘာ့ဘိုးဘွားများနှင့် သက်ကြီးရွယ်အိုများနေ့သည် အသင်းတော်သည် အားလုံး၏ မိခင်ဖြစ်ကြောင်း ပြန်လည်အမှတ်ရရန် အရေးကြီးသော အခွင့်အရေးတစ်ခုဖြစ်ပြီး၊ မည်မျှ ပင် အသက်ကြီးရင့်လာပါစေ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ချစ်လှစွာသော သားသမီးများအဖြစ် အမြဲ တမ်း တည်ရှိနေကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။ လူငယ်များသို့လည်း ဖိတ်ခေါ်ခြင်း ရဟန်းမင်းကြီးက အားလုံးကို၊ အထူးသဖြင့် လူငယ်များကို ၎င်းတို့၏…

ပုပ်ရဟန်းမင်းကြီးက ကိုရီးယားသမ္မတနိုင်ငံ သမ္မတအား ဗာတီကန်တွင် ကြိုဆိုနှုတ်ဆက်။

တနင်္လာနေ့ နံနက်ပိုင်းက ဗာတီကန်နန်းတော် (Apostolic Palace) တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ လီဂျေမြောင် အား ကြိုဆိုနှုတ်ဆက်ခဲ့သည်။ သမ္မတသည် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံပြီးနောက် ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ် ပီထရို ပါရိုလင် (Pietro Parolin) နှင့် နိုင်ငံတော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ ဆက်ဆံရေးဆိုင်ရာ အတွင်းရေးမှူး ဂိုဏ်းချုပ် ဆရာတော်ကြီး ပေါလ် ရစ်ချတ် ဂါလက်ဂါ (Paul Richard Gallagher) တို့နှင့်လည်း တွေ့ဆုံခဲ့ပါသည်။…

ယေဇူးရွှေနှလုံးတော်ဘုရားကျောင်းပွဲနေ့ကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ မန္တလေးမြို့ပေါ်၈၂လမ်း ၂၅x၂၆ကြား ဆရာတော်ကျောင်းတိုက် တည်ရှိရာ ကာသီ ဒြယ် ရွှေနှလုံးတော်ဘုရားကျောင်းပွဲမစ္ဆားတရားတော်ကို(၁၄.၆.၂၀၂၆)နေ့ နံနက် ၇:ဝဝ နာရီအချိန်၌ Fr. Nicholas Pyone Cho မှဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ ကျောင်းပွဲတော်သို့ မြို့ပေါ်ရှိသာသနာစီရင်စုအသီးသီးမှာ ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် ဘာသာ ဝင်များလာရောက်ပါဝင်ခဲ့ကြပါသည်။ ဤရွှေနှလုံးတော်ကျောင်းပွဲကို ယခင်နှစ်များတွင် သဘာဝဘေး ဒဏ် နှင့်အခြားသေားအချေအနေအမျိုးမျိုးကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိသော်လည်း ယခု နှစ်တွင် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Aloysius Nay Myo Swe မှဦးဆောင်းပြီးပြန်လည်းကျင်းပ နိုင် ခဲ့ခြင်း ဖြစ်ပါသည်။…