rvamyanmar

rvamyanmar

“အချိန်၏တန်ဖိုး”

အားလုံးဘဲမင်္ဂလာပါ  အာဗီအေ-မြန်မာဘာသာအစီအစဉ်ကနေကြိုဆိုပါတယ်ရှင်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့ အကြောင်းအရာလေးရဲ့ခေါင်းစဥ်က“အချိန်၏တန်ဖိုး”ဆိုတဲ့ခေါင်းစဥ်နဲ့‌‌တင်ဆက် ‌ပေသွားမှာဖြစ်ပါတယ်ရှင်။t မိတ်ဆွေများရှင်-   ငွေရှိရင်အရာအားလုံးပြည့်စုံတယ်လိုထင်တက်ကြတယ်။အရာအားလုံးဝယ်ယူနိုင်တယ်၊ ဖြည့်ဆည်းပေးနိုင်တယ်လိုယူဆကြပါတယ်။ဒါကတော့ကျွန်မတို့လူသားတွေရဲခံယူချက်ဖြစ်သလို၊အများလက်ခံနိုင်တဲ့အချက်ဖြစ်‌မဲ့အမှန်တရားတစ်ခုတော့မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာဝယ်လိုမရတဲ့အရာတွေထဲမှာအချိန်လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ဒါတင်မကသေးပါဘူးကျန်းမာခြင်းဆိုတာဝယ်ယူလို့မရသလို၊သေခြင်းတရားကိုလည်းဝယ်ယူလိုမရပါဘူး။ဥပမာပြောရမယ်ဆိုရင် လူတစ်ယောက်ဟာငွေကြေးအလွန်ချမ်းသာတဲ့သူဖြစ်ပင့်မဲ့လည်းမကျန်းမမာဖြစ်လာရင်တော့ငွေကုန်ကြေးကျခံပြီးဆေးကုလိုတော့ရပါတယ်။ဒါပေမဲ့ ကျန်းမာခြင်းဆိုတဲ့အရာကိုတော့ဝယ်ယူလိုတော့မရပါဘူး။ထို့နည်းတူ-သေခြင်းတရားကိုလည်းငွေနဲ့ဝယ်ပြီးနောက်ကျမှာသေပါရစေဆိုပြီးဝယ်ယူထားလိုမရပါဘူး။ကျွန်မတို့ရဲ့အတိတ်ကာလကုန်ဆုံးသွားတဲ့အချိန်တွေကိုလည်းငွေနဲ့ဝယ်ယူလိုမရ တော့ပါဘူး။အချိန်ဆိုတာကုန်သွားရင်ပြန်မရတော့တဲ့အရာ၊၊တောင်းလိုလည်းမရ၊ဝယ်လိုလည်းမရတဲ့၊ဘယ်လိုမှာပြန်မရတော့တဲ့အရာဖြစ်လို့မိတ်ဆွေတို့လည်း အချိန်ကိုအကျိုးရှိစွာအသုံးပြုပါ။ပေါ့ပေါ့ဆဆမနေဘဲအကျိုးရှိရှိအသုံးပြုလိုက်မယ်ဆို ရင်အချိန်ဖြုန်းရမရောက်တော့ဘူးပေါ့။ကျွန်မတို့တတွေတခါတခါသိရက်နဲ့မိုက်ရူးရဲဆန်ကြတယ်။တချို့တွေအချိန်ကိုဖြုန်းတီးနေတာတောင်ဖြုန်းတီးနေမှန်မသိသူတွေလည်းရှိကြပါတယ်။ဘာကြောင်းလဲဆိုရင်သူတို့ဟာအချိန်၏တန်ဖိုးကိုမသိသေးလိုဖြစ်ပါတယ်။ ဥပမာအားဖြင့်-လူတစ်ဦးဟာသူပိုင်ဆိုင်တဲ့ကားကိုရောင်းပြီးအချိန်တွေကိုဝယ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အချိန်တွေကိုငွေနဲ့ဝယ်လိုမရခဲ့ပါဘူး။နောက်ဆုံးမှာအချိန်ရဲ့တန်ဖိုးကိုသူသိပြီးနောင်တရခဲ့ရတယ်။အချိန်ရဲ့တန်ဖိုးကိုသိတာနောက်ကျခဲ့ပါတယ်လိုပြောသွားခဲ့ပါတယ်။ မိတ်ဆွေများရှင်- မိတ်ဆွေတို့ရဲ့ဘဝမှာလဲအချိန်တွေကိုတန်ဖိုးထားနိုင်အောင်ကြိုးစားကြပါ။လောကမှာ အချိန်ဆိုတာအလကားရတာပါကွာလိုသဘောမထားကြဘဲ၊အကျိုးရှိရှိအသုံးချနိုင်ကြပါစေ။တကယ်တော့အချိန်တွေပိုနေတယ်ဆိုတာ၊အသုံးမချတက်လိုပါ။ဒီလိုအသုံးမချလေ၊ပို၍ပျင်းလာလေလေပါ။နောက်ဆုံးမှာလူပိုတစ်ယောက်ဖြစ်လာမှာဘဲဖြစ်ပါတယ်။ မိတ်ဆွေတို့လည်းအကျိုးရှိသောနေ့ရက်တွေမှာအချိန်ကိုအကောင်းဆုံးအသုံးချနိုင်ကြပါစေလို့၊အနာဂတ်ရဲ့ကြယ်ပွင့်ကလေးများဖြစ်သောလူငယ်များကိုတိုက်တွန်းအားပေးရင်ဆုမွန်တောင်းပေးလိုက်ပါတယ်။ဒီတစ်ပတ်အစီအစဉ်လေးကိုဒီလောက်နဲ့ရပ်နားပါရစေ။နားဆင် ကြည့်ရှုသူအားလုံးကျန်းမာရွှင်လန်းကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မက စစ္စတာရ်မေရီဒိမ်ပါရှင်။

မိမိကိုယ်ကို ယုံကြည်ခြင်း

အားလုံးဘဲမင်္ဂလာပါရှင် အာဗီအေ မြန်မာဘာသာအစီအစဉ်ကနေတဖန်ကြိုဆိုပါတယ်။ဒီနေ့ကျွန်မတင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့”  ဘဝလမ်းကိုစတင်လျှောက်လှမ်းရကြမဲ့လူငယ်တွေဟာတခါတရံမှာအကြောင်းအမျိုးမျိုးကြောင့်ယုံကြည်မှု ပျောက်ဆုံးတဲ့အချိန်တွေကြုံကောင်းကြုံရပါလိမ့်မယ်။အဲဒီအချိန်တွေမှာယုံကြည့်မှုပြန်လည်တည်ဆောက်ဖို့နဲ့ရှိ ပြီးတာယုံကြည်မှုတွေကိုပိုခိုင်မာဖို့လုပ်ဆောင်ရမဲ့အချက်(၈)ချက်ကိုလူငယ်များအတွက်‌တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။ ၁.။တကိုယ်ရေးသန့်ရှင်းရေးကိုဂရုစိုက်ပြီးသပ်သပ်ရပ်ရပ်ပြင်ဆင်နေထိုင်။       လူငယ်များတို့ အဖိုးတန်အကောင်းစားအင်္ကျီတွေ၀ယ်၀တ်စရာမလိုပါဘူး.။သန့်ရှင်းသပ်ရပ်နေဖို့ဘဲလိုတာပါ။သင့်ရဲနေပုံ၊ထိုင်ပုံ ၊စားပုံသောက်ပုံတွေကိုကြည့်ပြီးတော့ပတ်၀န်းကျင်ကသင်ကိုသိလာမှာပါ။နေ့တိုင်းတစ်ကိုယ်ရေးသန့်ရှင်းမှုပြု လုပ်ခြင်းအားဖြင့်မိမိကိုယ်ကိုစိတ်အားလန်းဆန်မှုရှိပြီးယုံကြည်မှုတွေလည်းရှိလာမှာပါ။ ၂။အကောင်းမြင်ပါ။   ကျွန်မတို့ဟာတခါတလေမှာမိမိတို့မရခဲ့တဲ့အရာပေါ်မှာတွေးမိပြီးကိုယ်ကိုကိုယ့်အပြစ်တင်တက်ကြတယ်။ပူဆွေးတက်ကြပါတယ်။မိမိကိုယ်ကိုအားမလိုအားမရဖြစ်ပြီး   မိမိရဲ့လုပ်ဆောင်မှုရည်မှန်းချက်တွေကိုအကောင်အထည်မဖေါ်နိုင်ခဲ့တဲ့အခါတွေမှာ စိတ်ပူပန်သောကတွေရောက်တက်ကြပါတယ်။မိမိကိုယ့်ကိုအပြစ်တင်တက်ကြပါတယ်။င့ါတော်တော်ဥာဏ်တာဘဲ၊င့ါတော်တော်ပျင်းပါလားဆိုပြီးတော့ကိုယ်ကိုကိုယ့်အားမရမှုတွေနဲ့ကြုံခဲ့ဘူးမှာပါ။မရတော့တဲ့အရာတွေပေါ်ပူ ဆွေးနေမဲ့အစားအကောင်းဘက်ကိုတွေးပြီးစိတ်သက်သာရာရစေမဲ့၀ါသနာပါရကိုလုပ်လိုက်ခြင်း ဖြင့်ယုံကြည်မှုတွေတိုးတက်လာနိုင်ပါတယ်။ဒါကြောင်းမိမိကိုယ်ကိုအပြစ်မြင်တာတွေကိုရပ်တန့်ပြီးအကောင်း မြင်ပြီးအသစ်တဖန်ပြန်လည်ကြီုးစားပါလိုအကြုံပြုတိုက်တွန်းချင်ပါတယ်။ ၃။တက်နိုင်သမျှကြိုတင်ပြင်ဆင်ပါ။      ပွဲမ၀င်ခင်အပြင်ကကျင်းပဆိုသလိုကြိုတင်ပြင်ဆင်ခြင်းအားဖြင့်မိမိကိုယ်ကိုယုံကြည့်မှုတိုးတက်စေပါတယ်။ ဥမမာလူများရှေ့မှာရပ်ပြီးစကားပြောဖို့ရန်ကြောက်ရွံ့တယ်၊ရှက်တယ်ဆိုရင်မိမိအိမ်မှာမိသားစု၊မောင်နှမတွေရှေ့မှာပြောကြည့်ပြီးကြိုတင်ပြင်ဆင်ပါ။အဲဒါမှာလူများရှေ့မှာဒူးတုန်၊ခြေတုန်ခြင်းတွေမဖြစ်ဘဲမကြောက်မရွံ့ယုံယုံကြည်ကြည်နဲ့ပြောဆိုနိုင်မှာဖြစ်ပါတယ်ရှင်။ဟောပြောနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်တခုခုလုပ်မယ့်ဆိုရင်ကြိုတင်ပြင်ဆင်ထားပါလိုအကြုံပြုချင်ပါတယ်။ ၄။စကားဖြေးဖြေးပြောပါ၊၊    မပြည့်တဲ့အိုးဘောင်ဘင်ခေတ်ဆိုသလိုဘဲမိမိကိုယ်ကိုယုံကြည်မှုမရှိတဲ့သူဟာစကားပြောတဲ့အခါမှာအမှားပါမှာ စိုးရိမ်းတဲ့အတွက်မြန်မြန်ပြောတက်ကြပါတယ်။လူအများရှေ့စကားပြောရင်ဖြေးဖြေး၊မှန်မှန်၊ရှင်းရှင်းလင်းလင်းနဲ့ ပြောဖို့လိုပါတယ်။ဒါကြောင့်စကားဖြေးဖြေးပြောချင်အားဖြင့်မိမိပြောလိုတဲ့အကြောင်းအရာများကိုပိုမိုချဲ့ တွင်ပြောခြင်းအားဖြင့်သူများကပါအထင်ကြီးလာမှာဖြစ်ပါတယ်။ ၅။ပန်းတိုင်အသေးစားလေးတွေတည်ဆောက်ကာရယူပါ။       ကျွန်မတို့တတွေဟာတခါတရံမှာရည်မှန်ချက်ကြီးကြီးမားမားထားပြီးမအောင်မြင်ပါကမိမိကိုယ့်ကိုယုံကြည်မှု တွေပျောက်ဆုံးသွားတက်ကြပါတယ်။တခါတလေကိုယ်လျှောက်နေရင်နဲ့လမ်းပျောက်ဆုံးတက်ပါတယ်။ငါလုပ် နေတာအကျိုးရှိရဲလားဖြစ်ရောဖြစ်ရဲ့လားဆိုပြီတော့ကိုယ်ကိုကိုယ်ပြန်မေးတက်ပါတယ်။ဒါကြောင့်ပန်းတိုင်သေး သေးတစ်ခုကိုပြုလုပ်ပြီးအဆင့်တစ်ခုပြီးတိုင်းမိမိကိုယ်ကိုဂုဏ်ပြုသင့်ပါတယ်။ဒါမှာ ကိုယ်ရဲ့ရည်မှန်ချက်နဲ့နီးကပ် လာတာကိုမြင်သာစေတာဖြစ်ပါတယ်။ဥပမာအိပ်ယာစောစောထတာ၊ရာထူးတိုးဖို့ဆိုပြီးအဆင့်လေးတွေထားပြီးအလုပ်ကြိုစားကြည့်တာစာဖတ်ခြင်းအားဖြင့်အသိအမြင်လေးတွေကြွယ်၀လာတာစသည့်ဖြင့်တစ်ခုပြီးသွားတိုင်းကိုယ်ကိုကိုယ့်ယုံကြည်မှုတွေတိုးလာမှာဖြစ်ပါတယ်။ ၆။ပြုံပါ။လေ့ကျင့်ခန်းလုပ်ပါ။…

တပါးတည်းသောသားတော်မှ သားဦးဖြစ်လာခြင်း (ပထမပိုင်း) Bible Table Talk- 8

တပါးတည်းသောသားတော်မှ သားဦးဖြစ်လာခြင်း (ပထမပိုင်း)Bible Table Talk- 8

အမေငိုပြီ “သားတို့သမီးတို့ရေ . . .

အမေငိုပြီ “သားတို့သမီးတို့ရေ . . . အမေ့ရင်ထဲမွန်းကျပ်ဖိစီးနေတဲ့ ပရိဒေဝ သောကမီးတွေကို ရင်စည်းမခံနိုင်တော့လို့ အမေ ရင်ဖွင့်လိုက် ပါတယ်။သားသမီးတို့သိတဲ့အတိုင်းပဲ ဖန်ဆင်းခြင်းရဲ့အစမှာတော့ ပုံသဏ္ဍာန်တော်အတိုင်း သူ့လက်ရာဆိုသလိုသိပ်ကို အံ့သြဆန်းကြယ် လောက်အောင် လှပခဲ့တာလေ။ အမေ့အသိုက်အမြုံမှာ ကျေးငှက်တွေပျော်ခဲ့တယ်။ မြစ်ချောင်းတွေစီးဆင်းခဲ့ကြတယ်။ တောင်မြိုင်အထပ်ထပ်၊ တောင်ဆွယ်ပင်လယ်အသွယ်သွယ်နဲ့ သာယာခဲ့ဖူးတာပေါ့။ ရာသီဥတုတွေ သဟဇာတဖြစ်အောင်လည်း အမေကိုယ်တိုင် အလီလီပြောင်းပေးနေခဲ့တာ။ ရှုရှိုက်ဖို့လေ၊ သောက်သုံးဖို့ ရေ၊ စားသုံးဖို့ သီးပင်စားပင်တွေကအစ လိုလေးသေးမရှိခဲ့ပါဘူး။ ဒါတွေအားလုံးဟာ အမေချစ်တဲ့သားသမီးတွေအတွက်ပဲပေါ့။ ရာသီဥတုဖောက်ပြန်ရင် ရောဂါကပ်ဘေး ဆိုက်မှာစိုးလို့ ပူတစ်ခါအေးတစ်လှည့်နဲ့…

” ပျော်ရွှင်တဲ့ မိသားစု ”

အားလုံးဘဲမင်္ဂလာပါ အာဗီအေ မြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။ဗုဒဟူးနေ့တိုင်းတင်ဆက်နေကျဖြစ်တဲ့“မိသားစုအခန်းကဏလေးရောက်ရှိလိုလာပါပြီး။ဒီနေတင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့“ပျော်ရွင်တဲ့မိသားစုဆိုတဲ့”အကြောင်းအရာလေးကိုကျွန်မစစ္စတာရ်မေရီ မှာတင်ဆက်ပေးသွားမှာဘဲဖြစ်ပါတယ်ရှင်။ ချစ်သောမိတ်ဆွေများရှင်- လောကမှာ မိသားစုတိုင်း၊ လူတိုင်းတောင့်တမျှော်လင့်တဲ့အရာတစ်ခုက“ပျှော်ရွှင်ငြိမ်းချမ်းတဲ့မိသားစုဘ၀လေး”ဘဲဖြစ်ပါတယ်။ခေတ်ရေစီးကြောင်းရဲ့ရိုက်ခတ်မှုကြောင်းတစ်နေ့တစ်ခြားအိမ်ထောင်ပြိုကွဲမှုများပိုများလာတာကိုလည်းတွေ့ရှိရပါတယ်။ဒါအပြင်မိဘနှင့်သားသမီးတွေကြား၊ညီအစ်ကိုမောင်နှမတွေကြား၊စိတ်၀မ်းကွဲမှုတွေလည်းတိုးလာခဲ့ပါတယ်။အမွေပြတ်စွန့်လွှတ်ခြင်းတွေ၊အမွေခွဲကြခြင်းတွေကြောင့်မိသားစုတွေထဲမှာသူစိမ်းဆန်လာကြတယ်၊ပြဿနာတက်လာကြပါတယ်။တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုတွေ‌ေ၀◌းသွားရတယ်။ဒါအပြင်တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းမဆိုင်ချင်းလောက်အောင်ဖြစ်သွားရတဲ့အခြေအနေတွေလဲရှိခဲ့မှာပါ။ဒါတွေမကသေးဘူး မိသားစုတိုင်းလိုလိုမှာကိုယ်၀န်ဖျက်ချခြင်းတွေလည်းရေပန်းစားလာပါတယ်.။အပြစ်မဲ့တဲ့ကလေးသူငယ်တွေကိုတာ၀န်ယူကြည့်ရှုမှုမရှိတဲ့မိဘတွေကြောင်းမသေသင့်တဲ့ကလေးတွေအသက်စတေးခံကြရတယ်။ဤအကြောင်းအရာလေးတွေရှိနေသ‌‌ေရွ့တော့မိမိတို့မျှော်လင့်တဲ့ပျှော်ရွှင်တဲ့မိသားစုဘ၀လေးဖြစ်လာဖို့ရန်အလှမ်းတော် တော်ကို‌ေ၀◌းနေအုံးမှာဖြစ်ပါတယ်။ ချစ်သောမိသားစု၀င်အပေါင်းတို့ရှင် ပျှော်ရွှင်တဲ့မိသားစုဖြစ်ဖို့ရန်ချစ်ခြင်းမေတ္တာလိုအပ်ပါတယ်။မိသားစုဟာလူဘ၀၏အကြီးမားဆုံးသောဘုရားရှင်၏လက်ဆောင်တစ်ခုဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်နားလည်းမှုတွေ၊ချစ်ခြင်းမေတ္တာတွေမျှ‌‌ေ၀ပြီး တော့ပျှော်ရွှင်တဲ့မိသားစုဘ၀လေးကိုရရှိပိုင်ဆိုင်လာဖို့ကြိုးစားကြပါ။မိသားစုကိုအချိန်မပေးနိုင်လောက်အောင်အလုပ်ရှုပ်နေတာလား၊အတူတကွညစာစားဖို့နှင့်အတူတကွစုပေါင်းနေထိုင်ဖို့၊ရင်ဖွင့်ဖို့စသည့်တို့ကိုပြုလုပ်ပေးဖို့မ ကြာမကြာပျက်ကွက်တာကြာလာတာနဲ့အမျှနောက်ဆက်တွဲဖြစ်တဲ့မိသားစုမှာပျှော်ရွှင်မှုများခမ်းခြောက်လာ တက်ပါတယ်။ဒါကြောင့်မို့မိသားစုမှာပျှော်ရွှင်မှုတွေရှိဖို့ရန်ဘာလုပ်ကြမလဲ?ဘယ်လိုကြိုးစားရမလဲဆိုတာကို‌ေ၀မျှပါရစေ။ ၁။ မိသားစု၀င်များနဲ့အတူတွနေဖို့ရန်ပို၍အချိန်ယူပါ။ဥပမာပြောရရင်ဖုန်းသုံးသည့်အချိန်ကိုလျှော့ပြီးတော့ မိသားစု၀င်များနဲ့အချိန်ပေးပါ။ ၂။တစ်ဦးနဲ့တစ်ဦး၊အားပေးနှစ်သိမ့်ပေးခြင်းတွေ၊ကြင်နာမှုတွေ‌‌ေ၀ဌါပါ။ ၃။အတူတကွညစာစားခြင်း၊စကားစမြည်းပြောဆိုခြင်းဖြင့်ရင်နှီးမှုတွေကိုပြန်လည်ရယူပါ။ ၄။တစ်ယောက်နဲ့တစ်ယောက်ချစ်ခြင်းမေတ္တာနဲ့ပြုံပြကြပါ၊ဘာကြောင်းလဲဆိုတော့-အပြုံဟာနွေးထွေးမှုနှင့်ခွင့်လွှတ်မူကိုသရုပ်ဆောင်ပေးလိုဖြစ်ပါတယ်။ ၅။တစ်ဦးပေါ်တစ်ဦးခွင့်လွှတ်၊စာနာ၊နားလည်ပေးကြပါ။ ၆။ရယ်မောခြင်းဖြင့်ပျှော်ရွှင်မူကိုဖန်းတီးပါ လိုအကြံပေးခြင်းပါတယ်။ မိသားစုဆိုတာ-သုံးနားညီတြိဂံ လိုပါဘဲတစ်ဦးတစ်ယောက်ထဲကိုမိသားစုလိုမဆိုလိုပါဘူး။ပျှော်ရွှင်တဲ့မိသားစုဖြစ်ဖို့ရန်ဘာသာတရား ကိုင်ရှိုင်းဖို့လည်းလိုပါသေးတယ်နော်မိတ်ဆွေများတို့။ပျှော်ရွှင်တဲ့မိသားစုဘ၀ကိုပျက်စီးစေမဲ့အတ္တ၊မာနတရား တွေမှလွှတ်မြောက်ကြပါစေကြောင့်ဆုမွန်ချွေလျှက်ပါ။ နားဆင်ကြည့်ရှုသူမိဘညီအစ်ကိုမောင်နှမများအားလုံးကျေးဇူးတင်ပါတယ်ရှင်။ နှစ်သစ်ကောင်းကြီးမင်္ဂလာကျေးဇူးများရရှိပိုင်ဆိုင်နိုင်ပါစေ။

လူငယ်များအတွက်ဓမ္မဟောင်းမှဆယ်လီများ

လူငယ်များအတွက်ဓမ္မဟောင်းမှဆယ်လီများ Sunday, March 29, 2020 လူငယ်များအတွက်ဓမ္မဟောင်းမှဆယ်လီများ============Fr. Raymond Than SDB “ကျွန်တော့်ရဲ့ ဖေ့စ်ဘွတ် အကောင့် (FB account) မှာဆိုရင် ဆယ်လီအားလုံးကို ကျွန်တော် follow လုပ်ထားတယ်။ ဒါမှပဲသူတို့နဲ့ပတ်သက်တဲ့အကြောင်းတွေ၊ သူတို့ရဲ့ ဝတ်ပုံ၊ စားပုံ၊ သွားပုံ၊ လာပုံ၊ ပြောဆိုဆက်ဆံပုံတွေကိုတွေ့ပြီး ကိုယ်လည်း ဂေါ်ထွက်လို့ ရတာပေါ့ – ဒါကျွန်တော်တို့ရဲ့ အခုလက်ရှိ trend (ခေတ်ရေစီး) ပဲလေ” လို့လူငယ်တစ်ယောက်ကပြောပြဖူးတယ်။ ဘဝမှာ မိမိရဲ့ရည်ရွယ်ချက်တွေကို ရယူဆွတ်ခူးနိုင်ဖို့ အတွက်…

ကိုရိုနာဗိုင်းရပ်စ် (COVID-19 ) ရောဂါအား ကာကွယ်ခြင်းဆိုင်ရာအကြောင်း

ထိန်းသိမ်းကြစေ သဘာဝအမွေ ( ရုပ်/သံ ) အစီအစဉ် ဒီ တစ်ပတ်မှာ တော့ ယခုလက်ရှိ ဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ထားတဲ့ (COVID-19 ) ကိုရိုနာဗိုင်းရပ်စ် ရောဂါအား ကာကွယ်ခြင်းဆိုင်ရာအကြောင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တင်ဆက် – ဇော်နိုင်ဉီး ရိုက်ကူး / တည်းဖြတ် – ပင်ကီ #Covid19 #ကိုရိုနာဗိုင်းရပ်စ်

အကောင်းဆုံး သူငယ်ချင်းအဖြစ် တည်ဆောက်ကြရ အောင်ပါ

Making good friends             ဒီနေ့မှာ မိမိနဲ့ အနီးကပ်ဆုံးရှိနေတဲ့ မိမိချစ်သူ၊ မိမိခင်ပွန်း(သို့) ဇနီးနဲ့ မိမိနဲ့ သွားအတူ၊ လာအတူရှိတဲ့ အနီးကပ်ရှိတဲ့ သူငယ်ချင်းတွေနဲ့ အကောင်းဆုံး သူငယ်ချင်းအဖြစ် တည်ဆောက်ကြရ အောင်ပါ ဆိုတဲ့ အကြောင်းအရာကို မျှဝေပေးချင်ပါတယ်။             သူငယ်ချင်းကောင်းရဖို့ ခင်မင်ရင်းနှီးမှုရဖို့ဆိုရင် မိမိကစပြီး စကားစမြည်ပြောရမယ်၊ အမှုမထားတဲ့ပုံစံမျိုးမပေါ်အောင် နေတတ်ရမယ်။ မိသားစုရဲ့ အပြင်က သူငယ်ချင်းရချင်ရင်လည်း လူအများနဲ့ တွေ့ဆုံရမယ်။ ဒါမှသာ အဆက်အသွယ်တွေရပြီး ကိုယ့်ဘဝမှာ တိုးတက်မှုတွေလည်းရ လာမှဖြစ်ပါတယ်။            …