rvamyanmar

rvamyanmar

ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) ဝါတွင်းကာလစတုတ္ထသီတင်းပတ် ဗုဒ္ဓဟူးနေ့ သြဝါဒ ၂၂၊ ၃၊ ၂၀၂၃

ဝါတွင်းကာလစတုတ္ထသီတင်းပတ် ဗုဒ္ဓဟူးနေ့ (ရှင်ယောဟန် ၅း ၁၇- ၃၀)  ရစ်တော်၌ချစ်လုစွာသောညီကိုမောင်နှမအပေါင်းတို့ ဒီနေ့ကြားနာရတဲ့ဧဝံဂေလိကျမ်းစာမှာ သခင်ခရစ်တော်ဟာ ထာဝရခမည်းတော်ဘုရားနဲ့ တန်းတူတန်ခိုးအာဏာရှိကြောင်း မိမိအားစွပ်စွဲပြောဆိုသူများကိုချေပပြောဆိုတဲ့အ ကြောင်းကြာရတယ်။ သခင်ခရစ်တော်ဟာ ဥပုသ်နေ့၌ကုသခြက်းတွေပြုလုပ်တဲ့အတွက် အပြစ်ရှိသူ၊ ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့နေ့ကိုချိုးဖေါက်သူအဖြစ်စွပ်စွဲခံခဲ့ရတယ်။   ယနေ့အချိန်မှာလည်း သခင်ခရစ်တော်ဟာ ဘုရားမဟုတ် ဘုရားသခင်စေလွှတ်လိုက်တဲ့ပရောဖတ်တပါးသာဖြစ်တယ် လို့ပြောဆိုနေကြတယ်။ ယေဘူယျအားဖြင့်သခင်ခရစ်တော်ရဲ့ ခုခံပြောဆိုမှုက သဟာဘုရားသခင်နဲ့ လူအကြားက ကြား ဝင်ဖြန်ဖြေသူအဖြစ်၎င်း၊ သူနဲ့ခမည်းတော်ဘုရားရဲ့ကြားမှာနားလည်မှုအပြည့်အဝရှိကြောင်းဖြစ်တယ်။ ဒါပေမယ့်သူဟာ ခမည်းတော်ဘုရားကိုအပြည့်အဝနာခံသူဖြစ်ကြောင်း၊ ခမည်းတော်ဘုရားရဲ့အလိုဆန္ဒနဲ့ဆန့်ကျင်ပြီးမည်သည့်အရာကိုမှ မလုပ်ဆောင်နိုင်ကြောင်းကိုလည်းပြောဆိုခဲ့တယ်။   ခရစ်တော်ဟာ ခမည်းတော်ဘုရားနဲ့တူညီစွာဘုရားဖြစ်တယ်ဆိုတာကို တနည်းအားဖြင့် သူရဲ့ဘုရားဇာတိအဖြစ်တော်ကို သက်သေပြခဲ့တယ်။  ဥပမာအားဖြင့် အပြစ်ခွင့်လွတ်ခြင်း၊…

သားငယ်၊ သမီးငယ်လေးတွေကို ယဉ်ကျေးအောင် မေတ္တာတွေ အပြည့်နဲ့ သင်ပေးရအောင်

Kids to be Polite             ဒီနေ့မှာ နေ့မှာ သားငယ်၊ သမီးငယ်လေးတွေကို ယဉ်ကျေးအောင် မေတ္တာတွေ အပြည့်နဲ့ သင်ပေးရအောင်ပါ။             ယဉ်ကျေးအောင် သင်ပေးရတာက အမြဲမပြတ်ခဏခဏ လုပ်နည်းကိုင်နည်းလေးတွေနဲ့ ကောင်းတဲ့ အမူအကျင့် တိုးတက်အောင် ပြုမူဆောင်ရွက်ရတာပါ။             အဲ့ဒီလိုဆောင်ရွက်ရင်း လောကဝတ်ဆိုတာက သီးခြားကန္တလို့ထင်ရပေမယ့် တပါတည်း ယှဉ်တွဲပါလာတဲ့ အကောင်းဆုံးသော အပြုအမူဆိုရင် မမှားပါဘူး။ ဒီနှစ်မျိုးပေါင်းပြီး လူလူချင်း ပေါင်းသင်းဆက်ဆံဖို့ အခြေအနေကောင်းတစ်ခုကို ရရှိသွားနိုင်တာပါ။ ပြီးတော့ တစ်နေ့မှာ ကောင်းမွန်တဲ့ ကြီးကျယ်တဲ့…