rvamyanmar

rvamyanmar

ဖာသာရ် Aloysius နေမျိုးဆွေ (မန္တလေး) သာမန်ကာလ (၁၆) ကြိမ်မြောက် တနင်္ဂနွေနေ့ သြဝါဒ ၁၇၊ ၇၊ ၂၀၂၂

ဖာသာရ် Aloysius နေမျိုးဆွေ (မန္တလေး) သာမန်ကာလ (၁၆) ကြိမ်မြောက် တနင်္ဂနွေနေ့ သြဝါဒ ၁၇၊ ၇၊ ၂၀၂၂

ထောပတ်သီးပင်ကို စနစ်တကျ စိုက်ပျိုးနည်း

ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ ကဏ္ဍမှာ ” “ထောပတ်သီးပင်ကို စနစ်တကျ စိုက်ပျိုးနည်း တင်ဆက်ပေးလိုက်ပါတယ်။ တင်ဆက် – စိုက်ပျိုးရေးပညာရှင် ဆရာခွန်ဖုန်းဝေ ရိုက်ကူး/တည်းဖြတ် – ဖာသာရ် ဂျွန်လရော်

ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၁၅) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၁၅၊ ၇၊ ၂၀၂၂

 ၁၅ ဂျူလိုင် ၂၀၂၂      လူဖြစ်တည်ရှိခြင်းက ဘုရားရှေ့မျက်မှောက်တော်မှာ ဘယ်လိုတည်ရှိနေတာလဲ။ အဖြေကို ထဲ့တိုးဖြေရမယ်ဆိုရင် လူဖြစ်တည်ရှိခြင်းက အပြစ်ရှိတဲ့အခြေအနေဖြစ်တယ်။ Human existence is sinful. ဘယ်လူသားတစ်ဦးတစ်ယောက်ကမျှ မိမိလက်ရှိထက်သာလွန်မြင့်မြတ်တဲ့ စံနှုန်းနဲ့မိမိကို်ယ်ကိုတိုင်းတာပြီးရင် ငါသည် ငါဖြစ်သင့်သည့်အတိုင်းဖြစ်နေသည်လို့မဆိုနိုင်ပါဘူး။ ခရစ်ယာန်တစ်ယောက်ကလဲ ဘုရား၏ရှေ့မျက် မှောက်တော်မှာ ရပ်ပြီး ဘုရားတပည့်တော်သည် သန့်ရှင်းစင်ကြယ်ပါ၏ ဟုမလျောက်ထားနိုင်ပါဘူး။ ဘယ်လူ့အသိုင်းအဝိုင်း၊ အစုအဝေးကဖြစ်စေ၊ ဘယ်အသင်းအဖွဲ့ အုပ်စုကကဖြစ်စေ သူ့တို့သည် ဖြစ်သင့်သည့်၊ ဖြစ်နိုင်သည့် အတိုုင်းဖြစ်နေကြသည်လို့ မပြောနိုင်ကြပါဘူး။ လူဖြစ်တည်ရှိခြင်းက လွတ်လပ်ခြင်းဖြစ်နေသည့်အလျောက် လူဖြစ်တည်ရှိခြင်းသည်…

ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၁၅) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၁၄၊ ၇၊ ၂၀၂၂

၁၄ ဂျူလိုင် ၂၀၂၂            ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်သင်တို့ကိုအားဖြည့်ပေးမည်။ သမ္မာကျမ်းစာက ဘုရား၏နှုတ်ကပါဌ်တော်ဖြစ်ပြီး၊ သမ္မာကျမ်းစာထဲမှာ ကျွန်တော်တို့တွေ့ရတာတွေက ထိုအထဲမှာ ရှိနေဖို့ ဘုရားကအလိုရှိတာကြောင့် ဖြစ်တဲ့ သမ္မာကျမ်းစာထဲမှာ ငိုကြွေးခြင်း၊ ဆန့်ကျင်ခြင်း၊ ဒေါသ၊ ရှုပ်ထွေးတဲ့မေးခွန်းတွေ အများအပြား ပါဝင်နေတာဖြစ်တယ်။ ဒီအရာတွေအားလုံးက ဘုရားဆီကိုဦးတည်တဲ့ အရာတွေဖြစ်တယ်။ ရန်သူတွေက ပြုလုပ်ကြတာမဟုတ်ပါဘူး၊ ဘုရားကိုချစ်မြတ်နိုးကြတဲ့၊ ဘုရားကိုအယုံကြည် ဆုံးဖြစ်ကြတဲ့ သူတွေကပြုလုပ်ကြတာဖြစ်ပါတယ်။ .ဘုရားနဲ့အနီးကပ်ဆုံး၊ အရင်းနှီးဆုံးဆက်ဆံရေးရှိတဲ့သူတွေက အပြစ်တင်ခံရမှာ စိုးရိမ်စရာမလိုပဲ ဒုက္ခတွေအတွက်…

ဖာသာရ်  Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၁၅) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၁၃၊ ၇၊ ၂၀၂၂

၁၃ ဂျူလိုင် ၂၀၂၂            ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အစိုးရတော်မူသောအဖ ကိုယ်တော်သည် ပညာရှိသူတို့အား ဤအရာများကိုထိမ် ဝှက်ထားတော်မူလျက် ငယ်ရွယ်သူတို့အား ဖေါ်ပြတော်မူသည်ဖြစ်၍ ကျေးဇူးတော်ကိုကျွန်ုပ်ချီးမွမ်းပါ၏။ လူတွေနဲ့ပက်သက် ပြီး အကြောင်းအရာတစ်ခုကို သမ္မာကျမ်းစာက ဆိုထားတာရှိတယ်။ အဲဒီအကြောင်းအရာကို နတ်ဆိုးတွေကိုလဲ မပြောထားဘူး၊ ကောင်းကင်တမန်တွေကိုတောင်မပြောထားဘူး။ လူကိုဘုရား၏ပုံသဏ္ဍာန်တော်အတိုင်းဖန်ဆင်းထားခြင်းအကြောင်းဖြစ်တယ်။ ဒီအချက်က ကျွန်တော်တို့ရဲ့လူဖြစ်ခြင်းကို ဖြစ်စေတဲ့အရာဖြစ်တယ်။ လူသားတွေက လူမဟုတ်တဲ့ တိရစ္ဆာန်လောကနဲ့ ခြားနားပြီး တစ်ထူးတစ်ခြား လူပုဂ္ဂိုလ်ဖြစ်စေခြင်းက လူက နာမ်ဝိညာဉ်ပိုင်ဆိုင်လို့မဟုတ်ပါဘူး။ လူက…

ယဉ်ကျေးမှုဘယ်လိုစခဲ့သလဲ ?

ယဥ်ကျေးမှုဘယ်လိုစခဲ့သလဲ ?လူ့စိတ်ထားဟာမူလဗီဇမှာကတည်းကယဥ်ကျေးလိုစိတ်တွေရှိနေခဲ့ကြတယ် ဆိုတာသိစေ့ချင်တယ်“လူ့အဖွဲ့အစည်းမှာ ယဥ်ကျေးမှုကို စတင်တွေ့ရှိခဲ့တဲ့ကနဦးသင်္ကေတ၊ လက္ခဏာဟာ ဘာများပါလိမ့်” လို့နာမည်ကျော်မနုဿဗေဒပညာရှင် မာဂရက် မိ(ဒ်)ကိုကျောင်းသားတဦးက မေးမြန်းခဲ့ဖူးပါတယ်။ရွှံနဲ့ ပြုလုပ်ထားတဲ့ မြေအိုးတွေ၊ အမဲလိုက်ရာမှာအသုံးပြုတဲ့ လက်နက်ကိရိယာတွေ၊ ကျောက်တုံးကိုထွင်းထုထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အမှတ်သင်္ကေတတွေအကြောင်းမိ(ဒ်)က ရှင်းပြလိမ့်မယ်လို့ အဲဒီကျောင်းသားကထင်မှတ်ထားခဲ့ပါတယ်။ဒါပေမယ့် မိ(ဒ်)ရဲ့ အဖြေက အဲဒါတွေ မဟုတ်ခဲ့ပါဘူးသူမ,ပြန်ဖြေခဲ့တာက ”လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀၀ လူ့အဖွဲ့အစည်းရဲ့ ယဥ်ကျေးမှုဆိုင်ရာ ကနဦးသဲလွန်စကတော့ ရှေးဟောင်းသုတေသနတူးဖော်ရေးမှာတွေ့ရှိခဲ့ရတဲ့ ကျိုးအက်ရာထင်နေတဲ့ လူပေါင်ရိုးဖြစ်တယ်” လို့ ပါပဲ။ လူရဲ့ ပေါင်ရိုးဟာ ကိုယ်ခန္ဓာမှာအရှည်ဆုံးဖြစ်ပြီး တင်ပါးဆုံကနေ…

ဖာသာရ်  Alphonse အောင်ကိုလတ်(မန္တလေး) သာမန်ကာလ (၁၅) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၁၂၊ ၇၊ ၂၀၂၂

 ခရစ်တော်ရဲ့နောက်လိုက်တစ်ယောက်အနေနဲ့ပျော်ရွှင်ရဆုံးအချိန်ဟာခရစ်တော်ရဲ့သတင်းကောင်းကိုသူများကိုဝေမျှခြင်း နှင့်မိမိကိုယ်တိုင်ယုံကြည်ခြင်းဖြစ်တယ်၊ အဲဒါနဲ့ဆန့်ကျင်ဘက်ကခရစ်တော်ရဲ့သတင်းကောင်းကိုသူများကိုဝေမျှပြီးမိမိကိုယ်တိုင် ကမယုံကြည်ခြင်းဖြစ်တယ်။ ခရစ်တော်ရဲ့သတင်းကောင်းကိုဝေမျှရာတွင် သူတပါးကလက်ခံပြီးပြောင်းလဲလို့ပျော်ရွှင်ရတဲ့အချိန် ရှိသလို ငြင်းပယ်လို့ဝမ်းနည်းရတဲ့အချိန်တွေရှိမယ်။ ထိုအချိန်မှာသတိရ ရမှာက လက်ခံရင်ခရစ်တော်ကိုလက်ခံခြင်းဖြစ်ပြီး ငြင်း ပယ်ရင်လည်းခရစ်တော်ကိုငြင်းပယ်ခြင်းဖြစ်တယ် ဆိုတာပဲ။ ခရစ်တော်ကိုငြင်းပယ်ခြင်းဟာနောင်တယူဖို့ငြင်းပယ်ခြင်းထာဝရ အသက်ကိုငြင်းပယ်ခြင်းဖြစ်တယ်။ သံယောဟန်နှင့်သခင်ယေဇူးနှစ်ပါးစလုံး နောင်တတရားကိုဟောကြားခဲ့ကြတယ်။ နောင်တရ ခြင်းဆိုတာမိမိဘဝကိုလုံးလုံးလျားလျားဘုရားသခင်ထံသို့ပြောင်းလဲအသက်ရှင်သန်ခြင်းဖြစ်တယ်။       ဒီနေ့ကြားရတဲ့ဧဝံဂေလိကျမ်းစာထဲမှာ နောင်တမရတဲ့သူတွေကိုသခင်ခရစ်တော်ရူတ်ချတာကိုတွေ့ရတယ် ၁/ခရစ်တော်သည်နောင်တမရသောသူများကိုရူတ်ချတော်မူ၏ (ရှင်မာတေဦး ၁၁:၂၀) ၂/ခရစ်တော်သည်ထိုသူတို့အတွက်ငိုကြွေးတော်မူ၏ (ရှင်မာတေဦး ၁၁: ၂၁)၃/ဘုရားသခင်သည်နောင်တရသူများထံမှရိုးသားမူနဲ့ဝမ်းနည်းကြေကွဲမူကို ရှာဖွေတော်မူ၏ (ဆာလံကျမ်း ၃၈:၁၈၊ တမန်တော်ဝတ္ထု ၂၆:၂၀)၄/ရှင်ပေါလူးသည်နောင်တမရသူတို့ခံရမည့်ပြစ်ဒဏ်ကိုကြိုတင်ဟောကြားတော်မူ၏ ((ရှင်မာတေဦး ၁၁:၂၂)  ၅/ခရစ်တော်သည်နောင်မှနောင်တရခြင်းထက်ယခုချက်ခြင်းနောင်တရခြင်းကိုနှစ်သက်တော်မူ၏ (၂ ကော်ရိန့်သု ၆:၂၊ ရှင်လုကာ ၁၂:၂၀)ကျွန်တော်တို့အားလုံးဟာအပြစ်သားများဖြစ်ကြတယ်။ ဒါကြောင့်အားလုံးကိုခရစ်တော်ဖိတ်ခေါ်နေတယ်။ဘုရားသခင်ရဲ့အသံကိုကြားပြီးမ ပြောင်းလဲတဲ့သူဟာ ခရစ်တော်ကိုမသိလို့မပြောင်းလဲတဲ့သူထက်ပိုပြီးပြစ်ဒဏ်ခံရလိမ့်မယ်။ ခရစ်တော်ရဲ့ဖိတ်ခေါ်သံကိုကြားပြီးနောင်တ တရားဖြင့်ဘုရားသခင်ထံပြန်လာနိုင်ရန်လိုအပ်သောကျေးဇူးတော်များတောင်းခံကြပါစို့…

စိုက်ပျိုးရေးပညာရှင် ဆရာခွန်ဖုန်းဝေ နှင့် ထောပတ်သီး စိုက်ပျိုးနည်းအကြောင်းသိကောင်းစရာ

ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ ကဏ္ဍမှာ ” “တန်ဖိုး” ရုပ်ရှင်ဇာတ်ကား ၏ဒါရိုက်တာ၊ ကက်သလစ်ဘုန်းတော်ကြီး ဖာသာရ် ဂျွန်လရော် မှ စိုက်ပျိုးရေးပညာရှင် ဆရာခွန်ဖုန်းဝေ နှင့် ထောပတ်သီး စိုက်ပျိုးနည်းအကြောင်းသိကောင်းစရာ တွေ့ဆုံမေးမြန်းခန်း လေးကို ဒီတပတ် ထိန်းသိန်းကြစေသဘာ၀အမွေ ကဏ္ဍမှာတင်ဆက်ပေးလိုက်ပါတယ်။တင်ဆက် – စိုက်ပျိုးရေးပညာရှင် ဆရာခွန်ဖုန်းဝေရိုက်ကူး/တည်းဖြတ် – ဖာသာရ် ဂျွန်လရော်