
ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၁၇) ကြိမ်မြောက် စနေနေ့ သြဝါဒ ၃၀၊ ၇၊ ၂၀၂၂

ချစ်လှစွာသောညီအစ်ကိုမောင်နီမအပေါင်းတို့ဒီကနေ့သာမန်ကာလ(၁၇)ကြိမ်မြောက်စနေနေ့မှာဖတ်ရတဲ့(ရှင်မာတေဦး၁၄း၁-၁၂) အထိ ဘုရင်ခံဟေရုဒ်သူညီရဲ့ဇနီးဟေရုဒ္ဒိယကိုမယူသင်ဘူးလို့သံယောဟန်ဗတ္တိစတားကသတိပေးတာမြစ်ပါတယ်။ အဲတာနဲ့သံယောဟန်ဗတ္တိစတားကို ထောင်ချလိုက်ပါတယ်။ သံယောဟန်ဗတ္တိစတားကထောင်ချကျရအောင် ဘာအပြစ်ကိုကျူလွန်ခဲ့လို့လည်း။ ရှင်ရှင်းပြောရ ရင်ဘုရင်ကမကြိုတ်လို့ဘဲ။ အာဏာရှင်စနစ်ဆိုတာအဲ့ဒီလိုပဲ။ ဘုရင်ကိုအကြည်အညိုပျက်စေလို့ထောင်ချတာတဲ့။ အာဏာရှင်ကိုအကြည်အညိုပျက်တဲ့အမှုလို့ပဲနားလည်အောင် ပြောကြပါစို့။ တကယ်ဆိုရင်ဘုရင်ကိုအကြည်အညိုပျက်စေလို့တဲ့သဘောမျိုးသံယောဟန်ဗတ္တိစတာမှာမရှိပါဘူး။ ဘုရင်ကိုအကြည်အညိုပျကိအောင်လုပ်တာမဟုတ်ဘူး ပြုပြင်ပေးတာပါ။ ဒါဟာဘာထောင်ချစရာလိုသလည်း။ ဘုရားကိုအလေးထားတဲ့ဒါဝိဒ်မင်းကိုကြည့်ပါ။ ဒါဝိဒ်မင်းသူများမယားနဲ့ ပြစ်မှာမိတာကိုပရောဖတ်ယေားာနသန် ကလာဆုံးမတဲ့အခါဒါဝိဒ်မင်းကနောင်တရပြီးပြုပြင်ခဲ့ပါတယ်။ ကြည်ညိုစရာကောင်းအောင်ပြုပြင်ဆုံးမပေးတာကို ဒါဝိဒ်မင်းကလက်ခံတယ်။ ဒါဟာအကြည်အညိုပျက်စေတဲ့ပုဒ်မနဲ့တပ်လိုမရပါဘူး။ ဘုရင်ခံဟေရုဒ်ကသူ့မွေးနေ့မှာ အကတော်တဲ့သူ့မယာပါသမီးကိုဆုချချင်လို့ကြိတ်တာတောင်းပါ။ ငါပေးမယ်လို့မင်းညီမင်းသားတွေရှေ့မှာကတိပေး လိုက်ပါတယ်။ အခွင့်ကောင်းကိုစောင့်နေတာနဲ့သမီးက ယောဟန်ဗတ္တိစတားရဲ့ဦးခေါင်းကိုပေးပါလို့တောင်းလိုက်ပါ တယ်။ ဘုရင်ခံဟေရုဒ်ကလည်းပေးထားတဲ့ ကတိကိုဘုရင်တပါးအနေနဲ့ဖျက်ရင်သိက္ခာကျတယ်ထင်ပြီး ယောဟန်ဗတ္တိစတားကိုခေါင်းဖြတ်သတ်လိုက်တယ်။ အမှန်တရားအတွက်၊ တရားမျှတမှုအတွက်ပေးထားတဲ့ကတွကို ဖျက်ရ ရင်တောင်သိက္ခာမကျပါဘူ။ ဂုဏ်သိက္ခာတောင်ရှိပါသေးတယ်။…








