rvamyanmar

rvamyanmar

မုန်တိုင်းကြောင့် ဂရိ၊ တူရကီနှင့်ဘူရ်ဂေးရီးယား၌ရေကြီးရေလျှံ၍မြေပြိုမှုများဖြစ်

မုန်တိုင်းကြောင့် ဂရိ၊ တူရကီနှင့်ဘူရ်ဂေးရီးယား၌ရေကြီးရေလျှံ၍မြေပြိုမှုများဖြစ် ဂရိနိုင်ငံသည် အလွန်အင်အားပြင်းထန်သောမုန်တိုင်းကြောင့်ဆက်လက်၍နောက်ဆက်တွက်ဒဏ်ကိုခံစားကြုံတွေ့နေရဆဲဖြစ်ပါသည်။ မြေထဲပင်လယ်ဒေသတစ်လျှောက်လုံး၌ ပြီးခဲ့သောပတ်ကမိုးသည်း ထန်စွာရွာသွန်းခဲ့သည်။ ဂရိမိုးဇလဌာနမှ Daniel ဟုအမည်ပေးထားသောမုန်တိုင်းကြီးသည် တစ်ပတ်လုံးမိုး သည်းထန်ခဲ့ရာ အထူးသဖြင့် Magnesia နှင့်အေသင်မြောက်ပိုင်းရှိ Volos ဒေသ၌ပိုမိုဆိုးရွားခဲ့သည်။ ဂရိသည် ယခုကဲ့သို့မုန်တိုင်းဘေးနှင့်မကြုံရမည် တောမီးလောင်ကျွမ်းသည့်ဘေးနှင့်ကိုလည်းဆိုးရွားစွာခံစားခဲ့ရ သည်။ ဂရိ၊ တူရကီ၊ ဘူရ်ဂေရီးယားနိုင်ငံများသို့မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုစဖြစ်သည့်နေ့မှစ၍ သေဆုံးသူစုစုပေါင်း (၁၃) ဦးရှိကြောင်း၊ ပင်လယ်နက်ကမ်းခြေတစ်လျှောက်မှရေလျှံထွက်လာခြင်းကြောင့်ရေလွှမ်းသွား၍ လမ်းများပျက်စီးသွားကြောင်း၊ ထို့အတူပင် တူရကီနိုင်ငံတစ်၀ှမ်း၌လည်း မိုးကြိုး၊ ရေကြီးရေလျှံမှုကြောင့်လည်းအခက်အခဲနှင့်ကြုံနေရသည်။ ဂရိနိုင်ငံ၌ရေဘေးကယ်ဆယ်ရေးပစ္စည်းများကိုဖြန့်‌ေ၀ပေးခဲ့သည်။ ရေလွှမ်းမှုကြီးမားသောရွာများမှရွာသားများသည် မိမိတို့၏အိမ်ခေါင်မိုးပေါ်အထိတက်ရှောင်နေခဲ့ရသည်။ ရေ၏အမြင့်သည် (၂)…

ယခင်ရဟန်းမင်းကြီး၏ခရီးစဉ်များစီစဉ်ပေးရသူအား ဂိုဏ်းချုပ်ဆရာတော်အဖြစ်တင်မြောက်

ယခင်ရဟန်းမင်းကြီး၏ခရီးစဉ်များစီစဉ်ပေးရသူအား ဂိုဏ်းချုပ်ဆရာတော်အဖြစ်တင်မြောက် သူ၏အမည်ကား Rueda Beltz ဟုခေါ်သည်။ သူသည် ရဟန်းမင်းကြီး၏ လုပ်ဖော် ဆောင်ဖက်များအနက်တစ်ပါးဖြစ်သည်။ သူသည် ဗာတီကန်သံတမန်ရေးရာဌာန၏အတွင်းရေးမှူးလည်းဖြစ်ပြီး ရဟန်းမင်း ကြီး၏ပြည်ပတမန်တော်ခရီးစဉ်များကိုလည်းစီစဉ်ပေးရသူဖြစ်သည်။ ရဟန်းမင်းကြီး၏ပြည်ပတမန်တော်ခရီးစဉ်များ၌မကြာခဏမြင်တွေ့ရတတ်သည်။ ယခင်ထမ်းဆောင်ခဲ့သောအမှုတော်မှသည် သူ့အားစောင့် ဆိုင်းနေသောအမှုတော်သစ်အတွက် ဂိုဏ်းချုပ်ဆရာတော်သိက္ခာကိုထပ်လိုက်ပြီဖြစ်သည်။ သူ့အား အာဖရိကအနောက်ဖက်ပိုင်းရှိ Ivory Coast သို့ရဟန်းမင်းကြီး၏ကိုယ်စားလှယ်အဖြစ်စေလွှတ်မည်ဖြစ်သည်။ ဤနိုင်ငံသည် အစာငတ်မွတ်ခြင်းဘေး၊ ပြည်တွင်းစစ်ဘေး၊ ရာသီဥတုအပြောင်းအလဲ၏ဒဏ်ကိုအလူးအလဲခံစားနေရသောဒေသဖြစ်သည်။ သူ့အားသိက္ခာထပ်ပေးသူမှာ ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin ဖြစ်သည်။ သိက္ခာထပ်သည့်မစ္ဆားတရားကို စိန့်ပီတာဗာစီးလီကာ၌ကျင်းပခဲ့သည်။ သိက္ခာထပ်သည့်မစ္ဆားပူဇော်ခြင်းအပြီး၌ ရဟန်းမင်းကြီးကိုယ်စာလှယ်အမှုတော်ကိုထမ်းမည့်ဂိုဏ်းချုပ်ဆရာ တော်အသစ်က ရဟန်းမင်းကြီးအားကျေးဇူးတင်ကြောင်း၊…

ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၂၄ ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့ ဩဝါဒ ၁၇၊ ၉၊ ၂၀၂၃

သာမန်ကာလ (၂၄)ကြိမ်မြောက်တနင်္ဂနေ့ရှင်မာတေဦး ၁၈း၂၁ – ၃၅ယနေ့ဖတ်ရတဲ့ကျမ်းစာတွေအားဖြင့် သူတစ်ပါးတွေကို ခွင့်လွှတ်ဖို့ ယေဇူးဘုရားရှင်ကသင်ကြားပေးပါတယ်။ ရှင်ပေတရူးက “သခင်ဘုရား၊ တပည့်တော်၏ညီအစ်ကိုသည်တပည့်တော်ကိုပြစ်မှားလျှင် အကြိမ်မည်မျှခွင့်လွှတ်ရပါမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လော”လို့ ပိုပိုလိုလို ယေဇူးဘုရားရှင်ကို မေးလိုက်ပါတယ်။ သူတို့အချိန်တုံးက ဘာသာရေးတွေသင်ပေးနေတဲ့ ရာဗီ လို့ခေါ်တဲ့ ဘာသာရေးဆရာတွေ သင်ပေးတာက (၃)ကြိမ်အထိ ခွင့်လွှတ်ဖို့သင်ပေးကြပါတယ်။ ကျနော်တို့ ခေတ်မှာလည်း လူတစ်ယောက်ကို သတိပေးရင် (၃) warning  ပေးလေ့ရှိကြပါတယ်။ warning  (၃) ခါပေးလို့မှ မရရင် အရေးယူခံရတာပဲ။ (၃)ခါဆိုတာ များနေပြီဆိုတဲ့သဘောပါပဲ။ အခု ယေဇူးဘုရားရှင်က…

ကလေးငယ်တွေအတွက် မိဘတွေ စဉ်းစားပေးပါ

For Young Children           ဒီနေ့မှာ ကလေးငယ်တွေအတွက် မိဘတွေ စဉ်းစားပေးပါဆိုတဲ့အကြောင်း မျှဝေပေးသွား ချင်ပါတယ်။           ကလေးငယ်လေးတွေဆိုတာက မွေးစကနေ လေးနှစ်အရွယ်လောက်တို့ကို ဆိုလိုတာပါ။ သူတို့ဘဝအတွက် အင်မတန် အရေးကြီးတဲ့အတွက် မိဘတွေ ဒီတစ်ခုကိုပဲ စဉ်းစားပေးပါ။           မိဘနှစ်ဦးကလ်း ကလေးငယ်လေး သူတို့ဘဝထဲကို ရောက်လာပြီဆိုတော့ ဘာလုပ်ဘာကိုင် ရမှန်းမသိ အနီးအနားမှာလည်း အကူအညီရဖို့ တစ်ဦးတစ်ယောက်မှမရှိတော့ အင်မတန်ရှုပ်ထွေးတဲ့ ကာလဆိုရင် မမှားပါဘူး။           ကလေး မမွေးခင်ကတော့ ဝင်ငွေက နှစ်ယောက်စာရှိပြီး အခုတော့…